အောက်တိုဘာ ၂၃
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ရှီဇန် (တိဘက်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာချူးမြို့ ဘာချန်ခရိုင်တွင် ယမန်နေ့ ည ၁၀ နာရီ ၃၃ မိနစ်က ပြင်းအား ၇ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ဒေသဆိုင်ရာသဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေးကော်မတီက ယနေ့တွင် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် အရေးပေါ်တုံ့ပြန်မှုအဆင့်သုံးကို စတင်အသက်သွင်း ခဲ့သည်။ ငလျင်ကယ်ဆယ်ရေးဌာနချုပ်နှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့ကလည်း နိုင်ငံတော်အဆင့် ငလျင်အရေးပေါ်တုံ့ပြန်မှုကို အဆင့်လေး မှ အဆင့်သုံးသို့ မြှင့်တင်ခဲ့သည်။
ဒဏ်ရာရရှိသူ ၅၄ ဦးအနက် ၁၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၄၃ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ယနေ့ နံနက် ၇ နာရီအထိ စာရင်းများအရ သိရသည်။ နေအိမ်အလုံးရေ ၃၃၀ ကျော် ပြိုကျပျက်စီး သို့မဟုတ် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများကိုဆက်လက်စစ်ဆေးအကဲဖြတ်လျက်ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိသည်။ မြို့တော်ငလျင်ကယ်ဆယ်ရေးဌာနချုပ်၏ပြောကြားချက်အရ ဒေသခံပြည်သူ ၁၂၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ဖော်ပြထားသည်။
ငလျင်ဘေးသင့်ဒေသသို့ ယနေ့နံနက်အစောပိုင်းမှစတင်ကာ ရောက်ရှိလာခဲ့သော ကယ်ဆယ်ရေး ပစ္စည်းများတွင် အသင့်တပ်ဆင်နိုင်သော အိမ်အလုံးပေါင်း ၁၀၀၀၊ တဲအလုံး ၃၂၀၀ ကျော်၊ ခေါက်ကုတင် ၂၈၀၀ ကျော်အပြင် စောင်များ၊ မီးဖိုများ၊ အဝတ်အထည်များနှင့် နေ့စဉ်သုံးပစ္စည်းများပါဝင်သည်ဟု သိရသည်။
ငလျင်ဗဟိုချက်အနီးတစ်ဝိုက်ရှိ ဒေသများသည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် မီတာ ၄၈၀၀ ကျော်တွင်တည်ရှိသည်။ ဒေသဆိုင်ရာမိုးလေဝသဌာန၏ခန့်မှန်းချက်အရ လာမည့်သုံးရက်အတွင်း အပူချိန်သည် အနုတ် ၉ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပြီး ငလျင်ဗဟိုချက်အနီးရှိ မြို့နယ်သုံးခုတွင် အောက်တိုဘာ ၂၄ ရက်နေ့၌ နှင်းများ အချိန်အခါမရွေး ကျဆင်းနိုင်သည်ဟု သိရသည်။
အလွန်အေးခဲသောရာသီဥတုနှင့် မြင့်မားသောတောင်ပေါ်ဒေသအခြေအနေများကြောင့် ငလျင် ဘေးသင့်ပြည်သူများကိုကယ်ဆယ်ခြင်း၊ ယာယီနေရာထိုင်ခင်းများ ပံ့ပိုးပေးခြင်းနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းတို့သည် အရေးကြီးသည့် စိန်ခေါ်မှုများ ဖြစ်လာနိုင်သည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို