ဝါရှင်တန် အောက်တိုဘာ ၂၇
အမေရိကန် နည်းပညာကုမ္ပဏီ ကြီး Microsoft သည် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် အိန္ဒိယနိုင်ငံတို့ရှိ အကျုံးဝင်သည့် ဝန်ထမ်းများအတွက် ဆန္ဒအလျောက် အလုပ်မှထွက်ခွာနိုင်ရန် ငွေကြေးထောက်ပံ့မှုပါဝင်သည့် အစီအစဉ်တစ်ရပ်ကို ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
Microsoft သည် အဆိုပါအစီအစဉ်ကို အောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့သော်လည်း အစီအစဉ်တွင် အကျုံးဝင်မည့် ဝန်ထမ်းအရေအတွက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိပေ။ သို့သော် Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ ဝန်ထမ်း ၆၀၀၀၀ ခန့်သည် အစီအစဉ်တွင် ပါဝင်ခွင့် ရနိုင်ပြီး ယင်းပမာဏသည် ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်းစုစုပေါင်း၏ လေးပုံတစ်ပုံကျော်ခန့် ရှိကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို သတ်မှတ်ထားသည့် လုပ်ငန်းဌာနများမှ အဆင့် ၇၀ နှင့် အောက်ရှိ ဝန်ထမ်း များအတွက် ကမ်းလှမ်းထားခြင်းဖြစ်သည်။ Xbox ဂိမ်းလုပ်ငန်း၊ Windows လည်ပတ်မှုစနစ်နှင့် Copilot အပါအဝင် လုပ်ငန်းကဏ္ဍအချို့မှ ဝန်ထမ်းများ ပါဝင်ခွင့်ရနိုင်ကြောင်း သတင်းများက ဖော်ပြသည်။ သို့သော် ဒေတာစင်တာ၊ အရောင်း၊ ဈေးကွက်မြှင့်တင်ရေးနှင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအချို့မှာ အစီအစဉ်တွင် အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။
Microsoft သည် ယခုနှစ်အတွင်း ဝန်ထမ်းများအတွက် ဆန္ဒအလျောက် အငြိမ်းစားယူရေး အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ခဲ့သည်။
ယခုအစီအစဉ်သည် ကုန်ကျစရိတ်များ လျှော့ချရန်နှင့် ဉာဏ်ရည်တုနည်းပညာ(AI)ခေတ်နှင့်အညီ ဝန်ထမ်းဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရန် ကုမ္ပဏီ ၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။
အင်န်အိတ်ချ်ကေ