အောက်တိုဘာ ၂၈
ဗာနူအာတူနိုင်ငံ ပို့တ်-အိုလ်ရီမြို့၏ အနောက်မြောက်ဘက် ၂၁၄ ကီလိုမီတာအကွာတွင် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၁ မိနစ်က ပြင်းအား ၆ ဒသမ ၀ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က ပြောကြားခဲ့သည်။
ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှု သတင်းများရရှိခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။
မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သော ငလျင်ဗဟိုချက်သည် တောင်လတ္တီတွဒ် ၁၃ ဒသမ ၉၃၁ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၆၅ ဒသမ ၄၄၆ ဒီဂရီတွင် ရှိကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန၏ ပြောကြားချက်အရသိရသည်။
ပစိဖိတ်ဆူနာမီသတိပေးစင်တာက ငလျင်ကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခြင်း မရှိကြောင်း ဖော်ပြထားသည်။
ဖီဂျီ၊ တွန်ဂါ နှင့် ဗာနူအာတူကဲ့သို့သော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံများသည် ပစိဖိတ်မီးတောင်နှင့် ငလျင်လှုပ်ရှားမှုဇုန်ပေါ်တွင် တည်ရှိပြီး ကမ္ဘာ့မြေထုချပ်များ တစ်ခုနှင့်တစ်ခု တိုက်မိခြင်းကြောင့် ငလျင်နှင့် မီးတောင်လှုပ်ရှားမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို