Myanmar Digital News

ပါကစ္စတန်နိုင်ငံဆင်းဒ်ပြည်နယ်၌ လူနာတင်ယာဉ်အတွင်းရှိ အောက်ဆီဂျင်ဆလင်ဒါပေါက်ကွဲမှုကြောင့် ရှစ်ဦးသေဆုံး

အောက်တိုဘာ ၂၉

ပါကစ္စတန်နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ်ရှိ လူနာတင်ယာဉ်အတွင်း အောက်ဆီဂျင်ဆလင်ဒါ ပေါက်ကွဲမှုကြောင့် လူ ရှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါပေါက်ကွဲမှုသည် သာပါကာခရိုင် နာဂါပါကာမြို့ရှိ လူနာတင်ယာဉ်တစ်စီးတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

ဒဏ်ရာရရှိသူများကို ကနဦးဆေးကုသမှုခံယူပြီးနောက် ကရာချီသို့ ပို့ဆောင်ခဲ့ပြီး ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် ဒေသခံဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်က လူနာတင်ယာဉ်ကို ကျန်းမာရေးဌာနတစ်ခုတွင် ရပ်နားထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန်နှင့် သက်သေအထောက်အထားများကို စစ်ဆေးရန် မီရ်ပူရ်ခါစ်နှင့် ကရာချီမြို့တို့မှ အထူးကျွမ်းကျင်အဖွဲ့များကို ခေါ်ယူထားကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News