မော်စကို အောက်တိုဘာ ၂၉
ရုရှားနှင့် အာဖရိကနိုင်ငံများအကြား ကုန်သွယ်မှုပမာဏကို မကြာမီကာလအတွင်း အနည်းဆုံး နှစ်ဆတိုးမြှင့်သွားရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့က တိုက်တွန်းပြောကြားသည်။
စွမ်းအင်၊ စားနပ်ရိက္ခာဖူလုံရေး၊ နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည့်အစီအစဉ်များကိုလည်း ပြောကြားသည်။
ရုရှား-အာဖရိက စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးတွင် သမ္မတ ပူတင်က အမှာစကားပြောကြားရာ၌ နှစ်နိုင်ငံနှင့် ဒေသတွင်းကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရှိခဲ့ရာမှ ယမန်နှစ်တွင် ဒေါ်လာ ၂၇ ဘီလီယံကျော်အထိ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပမာဏကို မကြာမီကာလအတွင်း အနည်းဆုံး နှစ်ဆတိုးမြှင့်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းရည်မှန်းချက် အောင်မြင်စေရန် နှစ်ဖက်အကြား ငွေပေးချေမှုများတွင် သက်ဆိုင်ရာနိုင်ငံများ၏ ကိုယ်ပိုင်ငွေကြေးများ အသုံးပြုမှု တိုးမြှင့်ရေးနှင့် အာဖရိကနိုင်ငံ ၁၆ နိုင်ငံတွင် စွမ်းအင်စီမံကိန်း ၃၀ ကျော် အကောင်အထည်ဖော်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သမ္မတ ပူတင်က ပြောကြားသည်။
၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း အာဖရိကနိုင်ငံများသို့ စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၁၃ သန်း တင်ပို့ခဲ့ကြောင်း သမ္မတ ပူတင်က ပြောကြားသည်။ ရုရှားနိုင်ငံထွက် ကောက်ပဲသီးနှံများနှင့် ဓာတ်မြေဩဇာများကိုလည်း အာဖရိကနိုင်ငံ ၄၀ ကျော်သို့ တင်ပို့ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အာဖရိကတိုက်၏ ကူးစက်ရောဂါဆိုင်ရာ ဘေးကင်းလုံခြုံမှုကို ပံ့ပိုးပေးသည့် ရုရှားအစီအစဉ်အား ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း ပူတင်က ကြေညာခဲ့သည်။ အဆိုပါအစီအစဉ်အရ ရွေ့လျားဓာတ်ခွဲခန်း ၁၅ ခုကို အာဖရိကနိုင်ငံ ရှစ်နိုင်ငံသို့ ပေးအပ်ထားပြီး အာဖရိကကျွမ်းကျင်ပညာရှင် ၄၅၀ ခန့်ကို လည်း လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
ရုရှား-အာဖရိက ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် စီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှု ဖိုရမ်တို့တွင် စွမ်းအင်၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ ငြိမ်းချမ်းစွာအသုံးပြုသည့် နျူကလီးယားစွမ်းအင်၊ နည်းပညာ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဉာဏ်ရည်တု၊ ဆိုက်ဘာလုံခြုံရေး၊ အာကာသနှင့်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ