Myanmar Digital News

မကွေးတိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မကွေး အောက်တိုဘာ ၂၉

 

၂၀၂၆ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “Love Your Eyes” “အမြင်အာရုံကောင်းစေဖို့ အသိပညာမျှဝေလို့မျက်စိကျန်းမာရေး အလေးပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီစွာ ရရှိဆောင်ရွက် နိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူအားလုံး ပူးပေါင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ကြည့်ရှု

ထို့နောက် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာအိအိအောင်က မျက်မမြင်ပပျောက်ရေး လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားတက်ရောက် လာကြသည့် တာဝန်ရှိသူများနှင့် ဧည့်သည်တော်များသည် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News