
စော (NP News) - နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် အမျိုးသားတစ်ဦးဓားထိုးခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လုံခြုံရေးနှင့်နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာလ ၂ ရက်) နံနက် (၆) နာရီ (၃ဝ) မိနစ်ဝန်းကျင်က လမ်းမတော်မြို့နယ်၊ အမှတ် (၂) လမ်းရှိ မြေညီထပ်တိုက်ခန်းတစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အနုကြမ်းဝင်စီးတာ မဟုတ်ဘူး။ လိုင်းပေါ်က ဟာနဲ့လွဲနေတယ်။ သူ့(သေဆုံးသူ)အစ်မအိမ်ကို မနက်အစောကြီး လက်ဖက်ရည်လာပို့တာ။ အဲဒါကို နောက်က လိုက်လာပြီးလုပ်သွားတာ။ အဲဒီလိုလုပ်ပြီး ထွက်ပြေးသွားတာ။ သူတို့ ရန်ညှိုးရန်စရှိတယ်လို့ ထင်တယ်” ဟု ၎င်းက NP News သို့ပြောသည်။
သေဆုံးသူမှာ ကိုထွန်းထွန်းဆိုသူဖြစ်ပြီး အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။