ရန်ကုန် နိုဝင်ဘာ ၂
မရမ်းကုန်းမြို့နယ်ရှိ ၃၃/၁၁-၆ ဒသမ ၆ ကေဗွီ မရမ်းကုန်း ဓာတ်အားခွဲရုံနှင့် ၆၆/၃၃/၁၁-၆ ဒသမ ၆ ကေဗွီ စိန်ပန်းမြိုင် ဓာတ်အားခွဲရုံတို့၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦး သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် မီးဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေးတို့အတွက် ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်း ကြိုးများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်၊ ဓာတ်အား ပျောက်ဆုံးမှု တွက်ချက်ရာတွင် မှန်ကန်မှုရှိစေရေးနှင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများကို စိစစ်ဖော်ထုတ်နိုင်ရေးအတွက် ဖီဒါအလိုက်၊ ထရန်စဖော်မာအလိုက် မီတာများ ပြည့်စုံစွာတပ်ဆင်ရန်နှင့် မီးသုံးသူစာရင်းများကို စနစ်တကျပြုစုထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်