မြစ်ကြီးနား နိုဝင်ဘာ ၂
(၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်ရုံးများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)၌ ကျင်းပသည်။
ဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့သည် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစီးသော အရာထမ်း၊ အမှုထမ်းများ၊ ဆေးတပ်မှူးနှင့် ဆေးရုံဝန်ထမ်းများ၏ အကူအညီဖြင့် စုပေါင်း သွေးလှူဒါန်းနေမှုကို လှည့်လည်ကြည့်ရှုပြီး သွေးလှူဒါန်းပေးသူများအား အာဟာရဖြစ် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ ဆေးရုံအတွက် ဆေးပဒေသာပင်အဖြစ် အလှူငွေ ကျပ်သိန်း ၅၀ နှင့် ဆေးရုံလူနာများအတွက် အာဟာရကျွေးမွေးစရိတ်အဖြစ် ငွေကျပ် ၂၆ သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် (ပြည်နယ်၊ ခရိုင်၊ မြို့နယ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲအဖြစ် ဌာနခွဲ-၃(က)အသင်းနှင့် ဗန်းမော်ခရိုင် အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။ ဗိုလ်လုပွဲစဉ်တွင် ဗန်းမော် ခရိုင်အသင်းက ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အသင်းများ၊ နှစ်သိမ့်ဆုရရှိသည့် အသင်းများကို ဂုဏ်ပြုဆုဖလားနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)