ရန်ကုန် နိုဝင်ဘာ ၂
လက်ရှိအချိန်တွင် အကျုံးဝင် အာမခံ အလုပ်သမားပေါင်း ၁ ဒသမ ၃ သန်းကျော်၏ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များ ရရှိစေရေး မြို့နယ်ပေါင်း ၁၃၆ မြို့နယ်တွင် အလုပ်သမား ဆေးရုံကြီး သုံးရုံ၊ မြို့နယ်ရုံး ၈၀၊ မြို့နယ်ဆေးခန်းပေါင်း ၅၈ ခန်း၊ ဌာနကြီးဆေးခန်း ၄၆ ခန်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း ၇၁ ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ သားဖွားခန်း ရှစ်ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ် လေးစီးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပသည့် အလုပ်သမား ဝန်ကြီးဌာနမှ “လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ” ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်စေရေး ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုရယူသူအကြား ခွဲခြား လုပ်ကိုင်မှုစနစ် (Provider Purchaser Split - PPS) အရ Fee for Service Payment ဖြင့် လက်ရှိတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံ အလုပ်သမားများပြားသည့် တိုင်းဒေသကြီးများတွင် ကျန်းမာ ရေးစောင့်ရှောက်မှုများ တိုးချဲ့ ဆောင်ရွက်ပေးနိုင်ရန် အတွက် အလုပ်သမားဆေးရုံကြီးများအား ဖွင့်လှစ်နိုင်ရေး လေ့လာဆန်းစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးငွေကြေး အကျိုး ခံစားခွင့်များ၊ လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမားများ၏ ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ဆေးကုသရာတွင် စိုက်ထုတ် ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများကို အမြန်ဆုံးစိစစ်ခွင့်ပြုပြီး ပြန်လည်ပေးအပ်လျက်ရှိ ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
ဆွေးနွေး
ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်း ကိုယ်စားလှယ်များက အလုပ်ရှင်၊ အလုပ်သမားနှင့် လူမှုဖူလုံရေးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင် ဦးကိုကိုလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒါရိုက်တာအဖွဲ့ဝင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (CTUM)တို့မှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်များမှ အလုပ်ရှင်များ၊ မန်နေဂျာများနှင့် အလုပ်သမား အဖွဲ့အစည်းများမှ အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်