Myanmar Digital News

အင်းစိန်မြို့နယ်၌ စကားပြော ပညာသင်တန်းဖွင့်လှစ်

ရန်ကုန် နိုဝင်ဘာ ၂

 

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(အင်းစိန်)၌ ဝန်ထမ်းများ လုပ်ငန်းနယ်ပယ်တွင် လွယ်ကူချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် စည်းရုံးရေးစွမ်းရည် မြင့်မားစေရေးအတွက် စကားပြောပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)၊ မြို့နယ် စာပေဥယျာဉ်အသင်းနာယက ဆရာကြီး ဦးရန်နောင်(ရန်နောင်-ပညာရေး)နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသက်တင်(မောင်သာတင့်-မြန်အောင်)တို့က မြန်မာစာပေလောက၊ စကားကြီး(၁၀)မျိုး ပြောနည်းကို ထိရောက်သော စကားပြောနည်း အခြေခံအချက်များ၊ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများမှ စကားပြောကောင်းသည့် နိုင်ငံခေါင်းဆောင်များ၊ စာပေပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြောင်း စိတ်ဝင်စားဖွယ် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။  

မြင့်ဦး

မူရင်းသတင်း — Myanmar Digital News