Xinhua Myanmar

ဒါကာ လူငယ်အိုလံပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ကမ်းခြေလှေလှော်အားကစားသမား စူး နှင့် လျို တို့ ဆွတ်ခူး

ဆီနီဂေါနိုင်ငံ ဒါကာမြို့တောင်ဘက် ဆာလီမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ဒါကာ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ စူးကျွင့်ထောင်း ၊ လျိုလိလိ နှင့် သြစတြီးယားနိုင်ငံမှ Lukas Schoenhuber ၊ Alena Lux တို့ နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကျားမ စုံခတ် ခတ်လှေကစားနည်း ရွှေတံဆိပ်ဆုယှဉ်ပြိုင်ပွဲပြီးနောက် ဆုပေးပွဲအတွင်း အမှတ်တရဓာတ်ပုံရိုက်နေကြသည့် တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆုရှင်များဖြစ်သော စွန်းကျွင့်ထောင်း(ဝဲဘက်တတိယ) ၊ လျိုလိလိ (ယာဘက်တတိယ) ၊ သြစတြီးယားနိုင်ငံမှ ငွေတံဆိပ်ဆုရှင်များဖြစ်သော Lukas Schoenhuber (ဝဲဘက်ပထမ) ၊ Alena Lux (ဝဲဘက်ဒုတိယ) နှင့် ပြင်သစ်နိုင်ငံမှ ကြေးဆံဆိပ်ဆုရှင်များဖြစ်သော Rephael de Boussac (ယာဘက်ဒုတိယ) ၊ Elisa Guilloton တို့ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆာလီ၊ ဆီနီဂေါ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ဆီနီဂေါနိုင်ငံ  Saly Beach West ကမ်းခြေတွင် နိုဝင်ဘာ ၂ ရက်က ကျင်းပသည့် ကျားမ စုံခတ် ခတ်လှေပြိုင်ပွဲ ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံမှ ကမ်းခြေလှေလှော်အားကစားသမားများဖြစ်ကြသည့် စူးကျွင့်ထောင်း နှင့် လျိုလိလိ တို့က အနိုင်ရရှိကာ ၂၀၂၆ ခုနှစ် ဒါကာ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ၌ တရုတ်နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ရယူခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် အဆိုပါ တရုတ်အားကစားသမားများသည် ၂ မိနစ် ၂၂.၃၇ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပြီး သြစတြီးယားနိုင်ငံမှ Lukas Schoenhuber နှင့် Alena Lux တို့ထက် ၆.၅၈ စက္ကန့် ပို၍မြန်ဆန်ခဲ့သည်။

ကြေးတံဆိပ်ဆုကိုမူ ပြင်သစ်နိုင်ငံမှ Raphael de Boussac နှင့် Elisa Guilloton တို့က ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

...........................

(English Version)

Coastal rowers Su/Liu claim China's first gold at Dakar Youth Olympics

SALY, Senegal, Nov. 2 (Xinhua) -- Coastal rowers Su Juntao and Liu Lili won China's first gold medal at the Dakar 2026 Youth Olympic Games on Monday, triumphing in the mixed double sculls beach sprint final at Saly Beach West.

The Chinese pair clocked 2:22.37, finishing 6.58 seconds ahead of Austria's Lukas Schoenhuber and Alena Lux in the final.

France's Raphael de Boussac and Elisa Guilloton claimed the bronze medal. ■

Photo caption 1: Gold medalists Su Juntao (3rd L)/Liu Lili (3rd R) of China, silver medalists Lukas Schoenhuber (1st L)/Alena Lux (2nd L) of Austria and bronze medalists Rephael de Boussac (2nd R)/Elisa Guilloton of France pose for photos during the awarding ceremony after the mixed double sculls gold medal race of the rowing coastal beach sprints between Su Juntao/Liu Lili of China and Lukas Schoenhuber/Alena Lux of Austria at the Dakar 2026 Summer Youth Olympic Games in Saly, south of Dakar, Senegal, Nov. 2, 2026. (Xinhua/Chen Wei)

Photo caption 2: Gold medalists Su Juntao/Liu Lili (R) of China react during the awarding ceremony after the mixed double sculls gold medal race of the rowing coastal beach sprints between Su Juntao/Liu Lili of China and Lukas Schoenhuber/Alena Lux of Austria at the Dakar 2026 Summer Youth Olympic Games in Saly, south of Dakar, Senegal, Nov. 2, 2026. (Xinhua/Chen Wei)

ဆီနီဂေါနိုင်ငံ ဒါကာမြို့တောင်ဘက် ဆာလီမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ဒါကာ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ စူးကျွင့်ထောင်း ၊ လျိုလိလိ နှင့် သြစတြီးယားနိုင်ငံမှ Lukas Schoenhuber ၊ Alena Lux တို့ နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကျားမ စုံခတ် ခတ်လှေကစားနည်း ရွှေတံဆိပ်ဆုယှဉ်ပြိုင်ပွဲပြီးနောက် ဆုပေးပွဲအတွင်း တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆုရှင်များဖြစ်သော စူးကျွင့်ထောင်း နှင့် လျိုလိလိ (ယာ) တို့ကို တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar