NP News

အသက် ၉၀ အရွယ် ဂျပန် ကာယဗလမောင် စပိန် IFBB ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်

ရောင်နီ (NP News) - နိုဝင်ဘာ ၃

အသက်အရွယ်ဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် အတားအဆီး မဟုတ်ဘူးဆိုတာသက်သေပြဖို့အတွက် အသက် ၉၀ အရွယ် ဂျပန်နိုင်ငံသား ကိုယ်ခန္ဓာကြံ့ခိုင်ရေး (Bodybuilder) ကစားသမား တိုရှီဆူကေ ကာနာဇာဝါ ဟာ စပိန်နိုင်ငံ၊ စန်တာ ဆူဆာနာမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာကြံ့ခိုင်ရေးနဲ့ကိုယ်ခန္ဓာကြံ့ခိုင်ရေး (IFBB) ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် ခဲ့တယ်လို့ သိရပါတယ်။
အသက် ၅၀ နဲ့ အထက် အလွတ်တန်း မာစတာပြိုင်ပွဲမှာ မိမိထက် အသက် ဆယ်စုနှစပေါင်းများစွာ ငယ်ရွယ်သူ တွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး၊ ၎င်းအနေနဲ့ အသက် (၉၃) နှစ်မှာ နောက်တစ်ကြိမ် ထပ်မံယှဉ်ပြိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ "ဘယ်သူမှ မလုပ်ဖူးသေးတာတွေကို စမ်းလုပ်ရတာကို ကျွန်တော်ကြိုက်ပါ တယ်။ ကျွန်တော့်ဘဝရဲ့ကျန်ရှိတဲ့အချိန်တွေ အထိ ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်သွား ချင်ပါတယ်" လို့ ကာနာဇာဝါက ဆိုပါတယ်။
အသက်ကြီးလာခြင်းနဲ့ပတ်သက်ပြီး လူ့ဘောင် အသိုင်းအဝိုင်းရဲ့အယူအဆတွေကို ကျော်လွှားကာ လူကြီးပိုင်းတွေ အနေနဲ့ တက်ကြွစွာ ဆက်လက်နေထိုင်ဖို့၊ သမားရိုးကျအကန့်အသတ်တွေကိုဖောက်ထွက်ဖို့ စံနမူနာကောင်း တစ်ဦးဖြစ်လိုတယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News