NP News

AI ရင်းနှီးမြုပ်နှံမှုတွေမြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယား တင်ပို့မှု နှစ်ဆနီးပါး ခုန်တက်

ရောင်နီ (NP News) - နိုဝင်ဘာ ၃

ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးတွေမှာဉာဏ်ရည်တု (AI) ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာခြင်းကြောင့် ချစ်ပ်ပြား ဝယ်လိုအားမြင့်မားလာမှုနဲ့အတူ တောင်ကိုရီးယားနိုင်ငံရဲ့အောက်တိုဘာလ ပို့ကုန်တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် (၉၃.၇) ရာခိုင်နှုန်းအထိ အလွန်အမင်းမြင့်တက်ခဲ့တယ်လို့ ဒေသဆိုင်ရာကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။
အခုတိုးတက်မှုနှုန်းဟာ ဈေးကွက်ကျွမ်းကျင်သူတွေရဲ့ မျှော်မှန်းချက်ထက် ပိုမိုမြင့်မားခဲ့ပြီး ၁၉၇၄ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း ငါးစုနှစ်ကျော် ကာလအတွင်း အမြင့်မားဆုံး နှစ်အလိုက် တိုးတက်မှုနှုန်းဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးတွေက AI အခြေခံအဆောက်အအုံတွေမှာ အသုံးစရိတ် မြှင့်တင်လာခြင်းကြောင့် တောင်ကိုရီးယားရဲ့အဓိက ပို့ကုန်ဖြစ်တဲ့ ဆီမီးကွန်ဒတ်တာ တင်ပို့မှုဟာ၂၅၉.၄ ရာခိုင်နှုန်းအထိ အံ့မခန်းမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ပြည်တွင်း ချူဆော့ ရုံးပိတ်ရက် ကျင်းပတဲ့ ကာလ ရက်ကွာခြားချက်ကြောင့် အလုပ်လုပ်ရတဲ့ ရက် ပိုမိုများပြား ခဲ့ခြင်းကလည်း တိုးတက်မှုနှုန်းကို အားကောင်းစေခဲ့တယ်လို့ ဆိုပါတယ်။ သွင်းကုန်တင်သွင်းမှု ပမာဏဟာလည်း (၃၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အမေရိကန်ဒေါ်လာ (၇၂.၇၈) ဘီလီယံ ရှိခဲ့တာကြောင့် ကုန်သွယ်ရေး ပိုငွေအနေနဲ့ အမေရိကန် ဒေါ်လာ (၄၂.၅၀) ဘီလီယံ ရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မူရင်းသတင်း — NP News