NP News

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ မွေးဖွားနှုန်းမြင့်တက်လာစေဖို့အတွက် ကလေးနှစ်ဦး မွေးဖွားသူတွေကို အစိုးရက ငွေကြေး ထောက်ပံ့မည်

ရောင်နီ (NP News) - နိုဝင်ဘာ ၃

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းမှာ လူဦးရေ မွေးဖွားနှုန်း ဆက်လက်ကျဆင်းနေမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အသက် (၃၅) နှစ်မတိုင်မီ ကလေးနှစ်ဦး မွေးဖွားကြတဲ့အမျိုးသမီးတွေကို ငွေကြေးထောက်ပံ့ကြေး ပေးအပ်မယ့် မူဝါဒကို မြို့တော်ပြည်သူ့ကောင်စီက အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ မူဝါဒအရ ၂၀၂၇ ခုနှစ်မှစ ဟနွိုင်းမြို့မှာ အနည်းဆုံး ခြောက်လကြာ နေထိုင်ခွင့် မှတ်ပုံတင်ထားပြီးဖြစ်တဲ့အမျိုးသမီးတွေဟာ အသက် (၃၅) နှစ်မတိုင်မီ ကလေးနှစ်ဦး မွေးဖွားမယ်ဆိုရင် ထောက်ပံ့ကြေး ငွေ စင်ကာပူဒေါ်လာ (၁၉၈) ဒေါ်လာခန့်ကို ရရှိမယ်လို့ ဆိုပါတယ်။ ဟနွိုင်းမြို့ရဲ့ မွေးဖွားနှုန်းဟာ မကြာသေးမီနှစ်တွေအတွင်း သတ်မှတ်ထားတဲ့မွေးဖွားနှုန်းထက် နိမ့်ကျနေပြီး၊ စုစုပေါင်း မွေးဖွားနှုန်းဟာ ၂၀၂၃ ခုနှစ်က အမျိုးသမီး စုစုပေါင်းရဲ့ (၁.၈၈) နှုန်း၊ ၂၀၂၄ ခုနှစ်မှာ (၁.၈၆) ဦးနှုန်း နှင့် ၂၀၂၅ ခုနှစ်တွင် (၁.၈၇) ဦးနှုန်း သာ ရှိခဲ့ပါတယ်။ အိမ်ယာခ၊ ကလေးစောင့်ရှောက်ရေးနဲ့ ပညာရေးစရိတ် မြင့်တက်လာခြင်းအပြင် အလုပ်အကိုင်နဲ့ မိသားစုဘဝ ချိန်ညှိရတဲ့စိန်ခေါ်မှုတွေကြောင့် မွေးဖွားနှုန်း နိမ့်ကျမှု ကြာရှည်လာခဲ့ရင် လူဦးရေ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပြီး ရေရှည် လုပ်အားခေါင်းဆောင်ပိုင်းအပေါ် ဖိအားတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

စုံတွဲတွေအနေနဲ့ ကလေးနှစ်ဦး မွေးဖွားဖို့နဲ့ မြို့တော်ရဲ့မွေးဖွားနှုန်းကို ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိစေဖို့ ရည်ရွယ်ပြီး ဒီမူဝါဒကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ တစ်နှစ်ကို အမျိုးသမီး ၁၅,၀၀၀ ခန့် ထောက်ပံ့ကြေး ရရှိဖို့ အရည်အချင်းမီမှာဖြစ်ကာ နှစ်စဉ် ဘတ်ဂျက်ငွေ ကျပ်ဘီလီယံ (၆၀) ခန့် သုံးစွဲသွားဖို့ခန့်မှန်းထားတယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News