
Pika (NP News) - နိုဝင်ဘာလ ၅
ဟော်မုဇ်ရေလက်ကြားအနီးက ရေပြင်မှာ သင်္ဘောလမ်းကြောင်းတွေပွင့်နေစေဖို့အတွက် ရည်ရွယ်တဲ့ မစ်ရှင်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရေကြောင်းကင်းလှည့်ရေယာဉ်တွေနဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းရှင်းလင်းရေးအဖွဲ့ကို စေလွှတ်သွားမယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အီရန်စစ်ပွဲမှာ စစ်ဘက်အရဝင်ရောက်စွက်ဖက်ဖို့အတွက် တပ်ဖွဲ့တွေစေလွှတ်သွားမှာမဟုတ်ဘူးလို့ တောင်ကိုရီးယားဘက်က အခိုင်အမာပြောဆိုထားပြီး ကမ္ဘာ့အရေးအကြီးဆုံးရေလမ်းကြောင်းထဲကတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ ကုန်သွယ်ရေးသင်္ဘောတွေနဲ့ စွမ်းအင်ထောက်ပံ့ရေးပစ္စည်းတွေ ဘေးကင်းလုံခြုံစေဖို့ ကြိုးပမ်းမှုတွေရှိနေချိန်မှာပဲ အခုလိုကြေညာချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အမေရိကန်-အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရေနံတင်ပို့မှုအတွက် အရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားက ပိတ်ပစ်ခံလိုက်ရတဲ့အထိ အခြေအနေတွေဆိုးရွားလာခဲ့တာပဲဖြစ်ပါတယ်။
ဆိုမာလီယာနိုင်ငံအနီး အေဒင်ပင်လယ်ကွေ့မှာ ကုန်သွယ်ရေးသင်္ဘောတွေကို အကာအကွယ်ပေးနေတဲ့ ချောင်းဟေးရေတပ်ယူနစ်ရဲ့ လုပ်ငန်းလည်ပတ်မှုနယ်မြေကို ဟော်မုဇ်ရေလက်ကြားအနီးရေပြင်အထိ တိုးချဲ့ဖို့စီစဉ်ထားတယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
ဒါ့ပြင်စေလွှတ်မယ့်အဖွဲ့မှာ ဖျက်သင်္ဘောတစ်စင်း၊ P-8 ရေကြောင်းကင်းလှည့်လေယာဉ်တစ်စင်း၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းရှင်းလင်းရေးအဖွဲ့၊ ရေပေါ်နဲ့ရေအောက်သုံးဒရုန်းတွေ၊ ရေအောက်စူးစမ်းလေ့လာရေးအတွက် အဝေးကနေထိန်းချုပ်နိုင်တဲ့ယာဉ်တွေပါဝင်တယ်လို့ Yonhap သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။

zawgyi version
ေဟာ္မုဇ္ေရလက္ၾကားအနီးက ေရျပင္မွာ သေဘၤာလမ္းေၾကာင္းေတြပြင့္ေနေစဖို႔အတြက္ ရည္႐ြယ္တဲ့ မစ္ရွင္တစ္ခုရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ေရေၾကာင္းကင္းလွည့္ေရယာဥ္ေတြနဲ႔ ေပါက္ကြဲေစတတ္ေသာပစၥည္းရွင္းလင္းေရးအဖြဲ႕ကို ေစလႊတ္သြားမယ္လို႔ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
အီရန္စစ္ပြဲမွာ စစ္ဘက္အရဝင္ေရာက္စြက္ဖက္ဖို႔အတြက္ တပ္ဖြဲ႕ေတြေစလႊတ္သြားမွာမဟုတ္ဘူးလို႔ ေတာင္ကိုရီးယားဘက္က အခိုင္အမာေျပာဆိုထားၿပီး ကမာၻ႔အေရးအႀကီးဆုံးေရလမ္းေၾကာင္းထဲကတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကားမွာ ကုန္သြယ္ေရးသေဘၤာေတြနဲ႔ စြမ္းအင္ေထာက္ပံ့ေရးပစၥည္းေတြ ေဘးကင္းလုံၿခဳံေစဖို႔ ႀကိဳးပမ္းမႈေတြရွိေနခ်ိန္မွာပဲ အခုလိုေၾကညာခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလေႏွာင္းပိုင္းမွာ အေမရိကန္-အီရန္စစ္ပြဲစတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ကမာၻလုံးဆိုင္ေရနံတင္ပို႔မႈအတြက္ အေရးပါတဲ့ေရလမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကားက ပိတ္ပစ္ခံလိုက္ရတဲ့အထိ အေျခအေနေတြဆိုး႐ြားလာခဲ့တာပဲျဖစ္ပါတယ္။
ဆိုမာလီယာႏိုင္ငံအနီး ေအဒင္ပင္လယ္ေကြ႕မွာ ကုန္သြယ္ေရးသေဘၤာေတြကို အကာအကြယ္ေပးေနတဲ့ ေခ်ာင္းေဟးေရတပ္ယူနစ္ရဲ႕ လုပ္ငန္းလည္ပတ္မႈနယ္ေျမကို ေဟာ္မုဇ္ေရလက္ၾကားအနီးေရျပင္အထိ တိုးခ်ဲ႕ဖို႔စီစဥ္ထားတယ္လို႔ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ေစလႊတ္မယ့္အဖြဲ႕မွာ ဖ်က္သေဘၤာတစ္စင္း၊ P-8 ေရေၾကာင္းကင္းလွည့္ေလယာဥ္တစ္စင္း၊ ေပါက္ကြဲေစတတ္တဲ့ပစၥည္းရွင္းလင္းေရးအဖြဲ႕၊ ေရေပၚနဲ႔ေရေအာက္သုံးဒ႐ုန္းေတြ၊ ေရေအာက္စူးစမ္းေလ့လာေရးအတြက္ အေဝးကေနထိန္းခ်ဳပ္ႏိုင္တဲ့ယာဥ္ေတြပါဝင္တယ္လို႔ Yonhap သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။