
Pika (NP News) - နိုဝင်ဘာလ ၅
မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ပတ်သက်ပြီး ၎င်းရဲ့ရပ်တည်ချက်တွေက ခက်ထန်တင်းမာလာချိန်မှာပဲ မြောက်ကိုရီးယားက အခုလိုလက်နက်စမ်းသပ်ပစ်လွှတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြောက်ကိုရီးယားဟာ လက်နက်စမ်းသပ်မှုအများအပြားကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး နယ်စပ်မှာမြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြား တင်းမာမှုတွေမြင့်တက်လာချိန်မှာပဲ အခုလိုစမ်းသပ်မှုတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ ဆွန်ဒေါက်ဒေသကနေ အရှေ့ဖက်ပင်လယ်ထဲကို ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့တာကို တောင်ကိုရီးယားစစ်တပ်က ခြေရာခံတွေ့ရှိခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက”တောင်ကိုရီးယားနဲ့အမေရိကန်တို့က မြောက်ကိုရီးယားကပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့စွမ်းဆောင်ရည်တွေကို ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ဆောင်နေပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ cluster bomb ထိပ်ဖူးတွေနဲ့ မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုလိုစမ်းသပ်ပစ်လွှတ်မှုတွေ ထပ်မံပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားဟာ တိုက်ခိုက်ရေးဒရုန်းတွေ၊ တိကျစွာလမ်းညွှန်နိုင်တဲ့တော်ပီဒီုစနစ်သစ်နဲ့ တာလတ်ပစ်အသံထက်မြန်တဲ့ဒုံးကျည်အပါအဝင် အခြားစစ်လက်နက်ပစ္စည်းများစွာကိုလည်း စမ်းသပ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


zawgyi version
တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ေျမာက္ကိုရီးယားက ဒုံးက်ည္အမ်ားအျပားကို ထပ္မံစမ္းသပ္ပစ္လႊတ္
Pika (NP News) - ႏိုဝင္ဘာလ ၅
ေျမာက္ကိုရီးယားႏိုင္ငံက ၎ရဲ႕ႏိုင္ငံအေရွ႕ဘက္ကမ္း႐ိုးတန္းကေန ဒုံးက်ည္အမ်ားအျပားကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္ကေျပာၾကားခဲ့ပါတယ္။
ေတာင္ကိုရီးယား၊ အေမရိကန္တို႔နဲ႔ပတ္သက္ၿပီး ၎ရဲ႕ရပ္တည္ခ်က္ေတြက ခက္ထန္တင္းမာလာခ်ိန္မွာပဲ ေျမာက္ကိုရီးယားက အခုလိုလက္နက္စမ္းသပ္ပစ္လႊတ္မႈေတြကို ဆက္တိုက္လုပ္ေဆာင္လာခဲ့တာလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေျမာက္ကိုရီးယားဟာ လက္နက္စမ္းသပ္မႈအမ်ားအျပားကို ဆက္တိုက္ျပဳလုပ္ခဲ့ၿပီး နယ္စပ္မွာေျမျမႇဳပ္မိုင္းေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားနဲ႔ေျမာက္ကိုရီးယားၾကား တင္းမာမႈေတြျမင့္တက္လာခ်ိန္မွာပဲ အခုလိုစမ္းသပ္မႈေတြထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံ ဆြန္ေဒါက္ေဒသကေန အေရွ႕ဖက္ပင္လယ္ထဲကို ဒုံးက်ည္အမ်ားအျပား စမ္းသပ္ပစ္လႊတ္ခဲ့တာကို ေတာင္ကိုရီးယားစစ္တပ္က ေျခရာခံေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက ေျပာၾကားခဲ့ပါတယ္။
ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက”ေတာင္ကိုရီးယားနဲ႔အေမရိကန္တို႔က ေျမာက္ကိုရီးယားကပစ္လႊတ္ခဲ့တဲ့ ဒုံးက်ည္ေတြရဲ႕ အေသးစိတ္အခ်က္အလက္ေတြနဲ႔စြမ္းေဆာင္ရည္ေတြကို ခြဲျခမ္းစိတ္ျဖာမႈေတြလုပ္ေဆာင္ေနပါတယ္”လို႔ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ကုန္မွာ cluster bomb ထိပ္ဖူးေတြနဲ႔ မဟာဗ်ဴဟာေျမာက္ခ႐ုဇ္ဒုံးက်ည္ေတြကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားက ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ အခုလိုစမ္းသပ္ပစ္လႊတ္မႈေတြ ထပ္မံေပၚထြက္လာတာလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ေျမာက္ကိုရီးယားဟာ တိုက္ခိုက္ေရးဒ႐ုန္းေတြ၊ တိက်စြာလမ္းၫႊန္ႏိုင္တဲ့ေတာ္ပီဒီုစနစ္သစ္နဲ႔ တာလတ္ပစ္အသံထက္ျမန္တဲ့ဒုံးက်ည္အပါအဝင္ အျခားစစ္လက္နက္ပစၥည္းမ်ားစြာကိုလည္း စမ္းသပ္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။