
သုတကျော် (NP News) - နိုဝင်ဘာလ ၅
(၃)နှစ်ကျော်ကြာအပိတ်ခံထားရပြီး ထိ ခိုက်မှုများရှိလာနေပြီဖြစ်သည့် ပုသိမ်မြို့လယ်၊ အ မှတ်(၄)ရပ်ကွက်က (၈)ထပ်တိုက်ကို ပြန်ဖွင့်ခွင့်ရရှိ ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်ထံလိပ်မူ၍ စာပေးပို့တင်ပြထားကြောင်း ယင်းတိုက်ပိုင်ရှင် ဦးရန်အောင်က NP News သို့ပြောသည်။
တိုက်ဆောက်မည့်နေရာကို ပြီးခဲ့သည့် (၂၀၁၉)ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဟိန္ဒူဘာသာ) နာယက၏ သားသမီး(၃)ဦးဝယ်ယူကာ အမည်ပြောင်း လျှောက်ထားပြီးနောက် (၂၀၂၁)ခုနှစ်တွင် အ ဆောက်အအုံတည်ဆောက်ရန်အတွက် လိုအပ်ချက် များကိုတင်ပြခဲ့ရာ ခွင့်ပြုချက်ရသည့်အတွက် (၁၀၉)ပေအတွင်း အမြင့်ရှိ(၈)ထပ်တိုက်အဆောက်အအုံကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် တားဆီးမှုများကိုခံရသော် လည်း တာဝန်ရှိသူများ၏ခွင့်ပြုချက်ဖြင့် ဆက်လက် ဆောက်လုပ်ခဲ့ရာ တိုင်ကြားမှုများ ဆက်လက်ပြုလုပ် ပြန်သည့်အတွက် အဆောက်အအုံကို (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၁၄)ရက်တွင် မည်သူ့ကိုမျှဝင် ရောက်ခွင့်မပေးတော့ဘဲ ချိပ်ပိတ်ထားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ပိတ်ထားပြီးနောက် အင်ဂျင်နီယာပညာရှင် ဆရာကြီး ဦးဆန်းကြူဦးဆောင်သော Third Party (QC) အဖွဲ့၊ စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာ ပညာရှင်များရှေ့မှောက်တွင် ဝင်ရောက်တိုင်းတာ စစ် ဆေးခဲ့ပြီး ကြံ့ခိုင်မှုရှိသောအဆောက်အအုံအဖြစ် စစ် ဆေးတွေ့ရှိရ၍ လူနေထိုင်ခွင့်ပေးသင့်ကြောင်းကို ထောက်ခံချက်အစီရင်ခံစာနှင့် အင်ဂျင်နီယာပညာရှင် (PE) Dr. နေလင်းဦးကလည်း အဆောက်အအုံတစ်ခု လုံးကို Structure Analysis ပြုလုပ်၍ သဘာဝဘေး အန္တရာယ်အမျိုးမျိုးအတွက် ကြံ့ခိုင်မှုရှိသောအ ဆောက်အအုံဖြစ်ကြောင်း ထောက်ခံချက်အစီရင်ခံစာ တို့ကို စည်ပင်သာယာရေးဌာနသို့ ပေးပို့ပြီးဖြစ်ကြောင်း သိရသည်။
သို့သော် အဆိုပါတိုက်၏ပြတင်းပေါက်မှ တစ်ဆင့် ဘေးအိမ်ခေါင်မိုးပေါ်သို့ တရားမဝင်လက် နက်များ၊ မူးယစ်ဆေးဝါးများ တင်ဆောင်သိမ်းဆည်း ထားမည်ကိုစိုးရိမ်ရသည်အတွက် ထည့်သွင်းတည် ဆောက်ထားသောပြတင်းပေါက်များ ပိတ်သိမ်းပေး ရန် ခရိုင်တရားရုံးမှတရားစွဲဆိုခဲ့ရာ တိုင်ကြားသူများ အမှုနိုင်ခဲ့ပြီး ယင်းကို တိုင်းဒေသကြီးတရားလွှတ် တော်က အတည်ပြုသော်လည်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ခရိုင်တရားရုံးနှင့် တိုင်းတရားလွှတ် တော်၏စီရင်ချက်ကိုပယ်ဖျက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်နှင့်ပတ်သက်၍ ကြိုတင် ပိုမို ထည့်သွင်းတည်ဆောက်မိသော အစိတ်အပိုင်းကို ဖျက်သိမ်းပေးရန် စည်ပင်သာယာရေးပုဒ်မ(၈၂)ဖြင့် ပုသိမ်မြို့နယ်တရားရုံး၌ တရားစွဲဆိုထားသဖြင့် အ ဆောက်အအုံပိတ်သိမ်းခံထားရသည့်တိုင် ဒဏ်ငွေအ ဖြစ် တစ်ရက်(၁၀ဝဝဝ)ကျပ်နှုန်းဖြင့်ပေးဆောင်ခဲ့ပြီး ဖွင့်လှစ်ခွင့်မရသေးဘဲ ထပ်မံတရားစွဲဆိုသောကြောင့် ယင်းအတွက် ဒဏ်ငွေ ထပ်မံပေးဆောင်ထားကြောင်း တိုက်ပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းသို့ပိတ်သိမ်းခံရသည့်အပေါ် ဖွင့်လှစ် ခွင့်ပြုရန်အတွက် တာဝန်ရှိသူများထံ အကြိမ်ကြိမ် စာပေးပို့တင်ပြခဲ့ပြီး အောက်တိုဘာလ (၂၈) ရက် တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေး ကျော်ထံ ဖွင့်လှစ်ခွင့်ပေးရန် ထပ်မံတင်ပြခဲ့ခြင်းဖြစ် သည်။
"(၄) ကြိမ်မြောက် တင်ပြလိုက်တာပါ။ ဒီမိုကရေစီအစိုးရဆိုတော့ အားကိုးပြီး မျှော်လင့်လို့ အသနားခံစာတင်တာပါ။ အားကိုးပြီးတင်တာပါ။ ပထမတွေတင်တုန်းကလည်း အကြောင်းအမျိုးမျိုး ကြောင့် ဒေသဖွံ့ဖြိုးရေးတွေလုပ်နေလို့ မအားလပ် တာလား၊ အောက်ကိုညွှန်ကြားထားတာပဲ အောက်က မပြန်တာလား၊ အပေါ်နဲ့အောက်ကြားမှာ တစ်ခုခုများ ရှိတာလားဆိုပြီးတော့ကိုက အားကိုးပြီးတော့ ကိုယ့်အ ခက်အခဲလည်း နေ့စဉ်နဲ့အမျှ သောကရောက်နေတာ ပါ။ ကျွန်တော့်အဖေလည်း (၈၃) နှစ်ရှိပါပြီ။ အဖေ လည်း ဘာသာပေါင်းစုံနာယကအနေနဲ့ ဝန်ကြီးချုပ်ကို အသနားခံစာတင်တာ (၃)ကြိမ်ရှိပါပြီ"ဟု ဦးရန် အောင်ကဆိုသည်။
ထို့ပြင် တိုက်သည် ယခုကြည့်မည်ဆိုပါက လည်းထိခိုက်မှုများရှိနေသည်ကို မြင်ရမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
"ပစ်ထားတဲ့အတွက် အခုမျက်နှာစာအား လုံးဆိုရင် ရေညှိစွဲနေပါပြီ။ ဘေးတွေဆိုလည်း ပုသိမ် ဆိုတာက မိုးများတဲ့ဒေသဆိုတော့ ချက်ချင်း တိုက် ချွတ်မဆေးဘူးဆိုရင် ရေညှိတောက်လျှောက် စွဲပါ တယ်။ အထဲမှာရှိတဲ့ပစ္စည်းတွေကလည်း တံခါးတွေ ပွင့်နေလို့ ခိုတွေဝင်၊ ငှက်တွေဝင် ပျက်စီးယိုယွင်းတဲ့ အခြေအနေရှိသလို ထင်သာမြင်သာ မျက်နှာစာမှာ မှန်တွေလည်း ကွဲကြေနေတာရှိပါတယ်။ ပြတင်း ပေါက်တွေလည်း ပွင့်နေတယ်။ မျက်နှာစာလည်း ပွင့် နေပါတယ်"ဟု ၎င်းကပြောသည်။
အဆိုပါအဆောက်အအုံသည် အများပြည် သူစုပေါင်းနေထိုင်သော ကွန်ဒိုအိမ်ရာအဆောက်အအုံတစ်ခုမဟုတ်သကဲ့သို့ စုပေါင်းနေထိုင်ရန်တိုက်ခန်း များရောင်းချရန်ဆောက်လုပ်ထားသော အဆောက် အအုံလည်းမဟုတ်ဘဲ ဟိန္ဒူဗုဒ္ဓဘာသာမိသားစုဖြစ် သည့်အလျောက် မိသားစု စုပေါင်းနေထိုင်ရန်ဆောက် လုပ်ထားသော အဆောက်အအုံတစ်လုံးဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

zawgyi version
(၃)ႏွစ္ေက်ာ္ၾကာပိတ္ခံထားရသည့္ ပုသိမ္ၿမိဳ႕လယ္က (၈)ထပ္တိုက္ကို ျပန္ဖြင့္ခြင့္ရရွိေရး စာတင္ျပထား
သုတေက်ာ္ (NP News) - ႏိုဝင္ဘာလ ၅
(၃)ႏွစ္ေက်ာ္ၾကာအပိတ္ခံထားရၿပီး ထိ ခိုက္မႈမ်ားရွိလာေနၿပီျဖစ္သည့္ ပုသိမ္ၿမိဳ႕လယ္၊ အ မွတ္(၄)ရပ္ကြက္က (၈)ထပ္တိုက္ကို ျပန္ဖြင့္ခြင့္ရရွိ ေရးအတြက္ ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးေအးေက်ာ္ထံလိပ္မူ၍ စာေပးပို႔တင္ျပထားေၾကာင္း ယင္းတိုက္ပိုင္ရွင္ ဦးရန္ေအာင္က NP News သို႔ေျပာသည္။
တိုက္ေဆာက္မည့္ေနရာကို ၿပီးခဲ့သည့္ (၂၀၁၉)ခုႏွစ္တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဘာသာ ေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဟိႏၵဴဘာသာ) နာယက၏ သားသမီး(၃)ဦးဝယ္ယူကာ အမည္ေျပာင္း ေလွ်ာက္ထားၿပီးေနာက္ (၂၀၂၁)ခုႏွစ္တြင္ အ ေဆာက္အအုံတည္ေဆာက္ရန္အတြက္ လိုအပ္ခ်က္ မ်ားကိုတင္ျပခဲ့ရာ ခြင့္ျပဳခ်က္ရသည့္အတြက္ (၁၀၉)ေပအတြင္း အျမင့္ရွိ(၈)ထပ္တိုက္အေဆာက္အအုံကို ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ တားဆီးမႈမ်ားကိုခံရေသာ္ လည္း တာဝန္ရွိသူမ်ား၏ခြင့္ျပဳခ်က္ျဖင့္ ဆက္လက္ ေဆာက္လုပ္ခဲ့ရာ တိုင္ၾကားမႈမ်ား ဆက္လက္ျပဳလုပ္ ျပန္သည့္အတြက္ အေဆာက္အအုံကို (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၁၄)ရက္တြင္ မည္သူ႔ကိုမွ်ဝင္ ေရာက္ခြင့္မေပးေတာ့ဘဲ ခ်ိပ္ပိတ္ထားခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
ပိတ္ထားၿပီးေနာက္ အင္ဂ်င္နီယာပညာရွင္ ဆရာႀကီး ဦးဆန္းၾကဴဦးေဆာင္ေသာ Third Party (QC) အဖြဲ႕၊ စည္ပင္သာယာေရးဌာနမွ အင္ဂ်င္နီယာ ပညာရွင္မ်ားေရွ႕ေမွာက္တြင္ ဝင္ေရာက္တိုင္းတာ စစ္ ေဆးခဲ့ၿပီး ႀကံ့ခိုင္မႈရွိေသာအေဆာက္အအုံအျဖစ္ စစ္ ေဆးေတြ႕ရွိရ၍ လူေနထိုင္ခြင့္ေပးသင့္ေၾကာင္းကို ေထာက္ခံခ်က္အစီရင္ခံစာႏွင့္ အင္ဂ်င္နီယာပညာရွင္ (PE) Dr. ေနလင္းဦးကလည္း အေဆာက္အအုံတစ္ခု လုံးကို Structure Analysis ျပဳလုပ္၍ သဘာဝေဘး အႏၲရာယ္အမ်ိဳးမ်ိဳးအတြက္ ႀကံ့ခိုင္မႈရွိေသာအ ေဆာက္အအုံျဖစ္ေၾကာင္း ေထာက္ခံခ်က္အစီရင္ခံစာ တို႔ကို စည္ပင္သာယာေရးဌာနသို႔ ေပးပို႔ၿပီးျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ အဆိုပါတိုက္၏ျပတင္းေပါက္မွ တစ္ဆင့္ ေဘးအိမ္ေခါင္မိုးေပၚသို႔ တရားမဝင္လက္ နက္မ်ား၊ မူးယစ္ေဆးဝါးမ်ား တင္ေဆာင္သိမ္းဆည္း ထားမည္ကိုစိုးရိမ္ရသည္အတြက္ ထည့္သြင္းတည္ ေဆာက္ထားေသာျပတင္းေပါက္မ်ား ပိတ္သိမ္းေပး ရန္ ခ႐ိုင္တရား႐ုံးမွတရားစြဲဆိုခဲ့ရာ တိုင္ၾကားသူမ်ား အမႈႏိုင္ခဲ့ၿပီး ယင္းကို တိုင္းေဒသႀကီးတရားလႊတ္ ေတာ္က အတည္ျပဳေသာ္လည္း ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္က ခ႐ိုင္တရား႐ုံးႏွင့္ တိုင္းတရားလႊတ္ ေတာ္၏စီရင္ခ်က္ကိုပယ္ဖ်က္ခဲ့ေၾကာင္း သိရသည္။
အဆိုပါတိုက္ႏွင့္ပတ္သက္၍ ႀကိဳတင္ ပိုမို ထည့္သြင္းတည္ေဆာက္မိေသာ အစိတ္အပိုင္းကို ဖ်က္သိမ္းေပးရန္ စည္ပင္သာယာေရးပုဒ္မ(၈၂)ျဖင့္ ပုသိမ္ၿမိဳ႕နယ္တရား႐ုံး၌ တရားစြဲဆိုထားသျဖင့္ အ ေဆာက္အအုံပိတ္သိမ္းခံထားရသည့္တိုင္ ဒဏ္ေငြအ ျဖစ္ တစ္ရက္(၁၀ဝဝဝ)က်ပ္ႏႈန္းျဖင့္ေပးေဆာင္ခဲ့ၿပီး ဖြင့္လွစ္ခြင့္မရေသးဘဲ ထပ္မံတရားစြဲဆိုေသာေၾကာင့္ ယင္းအတြက္ ဒဏ္ေငြ ထပ္မံေပးေဆာင္ထားေၾကာင္း တိုက္ပိုင္ရွင္ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။
ယင္းသို႔ပိတ္သိမ္းခံရသည့္အေပၚ ဖြင့္လွစ္ ခြင့္ျပဳရန္အတြက္ တာဝန္ရွိသူမ်ားထံ အႀကိမ္ႀကိမ္ စာေပးပို႔တင္ျပခဲ့ၿပီး ေအာက္တိုဘာလ (၂၈) ရက္ တြင္ ဧရာဝတီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးေအး ေက်ာ္ထံ ဖြင့္လွစ္ခြင့္ေပးရန္ ထပ္မံတင္ျပခဲ့ျခင္းျဖစ္ သည္။
"(၄) ႀကိမ္ေျမာက္ တင္ျပလိုက္တာပါ။ ဒီမိုကေရစီအစိုးရဆိုေတာ့ အားကိုးၿပီး ေမွ်ာ္လင့္လို႔ အသနားခံစာတင္တာပါ။ အားကိုးၿပီးတင္တာပါ။ ပထမေတြတင္တုန္းကလည္း အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ေဒသဖြံ႕ၿဖိဳးေရးေတြလုပ္ေနလို႔ မအားလပ္ တာလား၊ ေအာက္ကိုၫႊန္ၾကားထားတာပဲ ေအာက္က မျပန္တာလား၊ အေပၚနဲ႔ေအာက္ၾကားမွာ တစ္ခုခုမ်ား ရွိတာလားဆိုၿပီးေတာ့ကိုက အားကိုးၿပီးေတာ့ ကိုယ့္အ ခက္အခဲလည္း ေန႔စဥ္နဲ႔အမွ် ေသာကေရာက္ေနတာ ပါ။ ကြၽန္ေတာ့္အေဖလည္း (၈၃) ႏွစ္ရွိပါၿပီ။ အေဖ လည္း ဘာသာေပါင္းစုံနာယကအေနနဲ႔ ဝန္ႀကီးခ်ဳပ္ကို အသနားခံစာတင္တာ (၃)ႀကိမ္ရွိပါၿပီ"ဟု ဦးရန္ ေအာင္ကဆိုသည္။
ထို႔ျပင္ တိုက္သည္ ယခုၾကည့္မည္ဆိုပါက လည္းထိခိုက္မႈမ်ားရွိေနသည္ကို ျမင္ရမည္ျဖစ္ ေၾကာင္း ၎ကဆိုသည္။
"ပစ္ထားတဲ့အတြက္ အခုမ်က္ႏွာစာအား လုံးဆိုရင္ ေရညႇိစြဲေနပါၿပီ။ ေဘးေတြဆိုလည္း ပုသိမ္ ဆိုတာက မိုးမ်ားတဲ့ေဒသဆိုေတာ့ ခ်က္ခ်င္း တိုက္ ခြၽတ္မေဆးဘူးဆိုရင္ ေရညႇိေတာက္ေလွ်ာက္ စြဲပါ တယ္။ အထဲမွာရွိတဲ့ပစၥည္းေတြကလည္း တံခါးေတြ ပြင့္ေနလို႔ ခိုေတြဝင္၊ ငွက္ေတြဝင္ ပ်က္စီးယိုယြင္းတဲ့ အေျခအေနရွိသလို ထင္သာျမင္သာ မ်က္ႏွာစာမွာ မွန္ေတြလည္း ကြဲေၾကေနတာရွိပါတယ္။ ျပတင္း ေပါက္ေတြလည္း ပြင့္ေနတယ္။ မ်က္ႏွာစာလည္း ပြင့္ ေနပါတယ္"ဟု ၎ကေျပာသည္။
အဆိုပါအေဆာက္အအုံသည္ အမ်ားျပည္ သူစုေပါင္းေနထိုင္ေသာ ကြန္ဒိုအိမ္ရာအေဆာက္အအုံတစ္ခုမဟုတ္သကဲ့သို႔ စုေပါင္းေနထိုင္ရန္တိုက္ခန္း မ်ားေရာင္းခ်ရန္ေဆာက္လုပ္ထားေသာ အေဆာက္ အအုံလည္းမဟုတ္ဘဲ ဟိႏၵဴဗုဒၶဘာသာမိသားစုျဖစ္ သည့္အေလ်ာက္ မိသားစု စုေပါင္းေနထိုင္ရန္ေဆာက္ လုပ္ထားေသာ အေဆာက္အအုံတစ္လုံးျဖစ္ေၾကာင္းလည္း ၎ကေျပာသည္။