
ပုလဲ (NP News) - နိုဝင်ဘာလ ၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းရှိ ကျွန်းများသည် ရုရှားခရီးသွားများကိုဆွဲဆောင်နိုင် သော်လည်း ဟိုတယ်နှင့် ခရီးသွားအခြေခံအဆောက် အအုံများလိုအပ်နေသေးကြောင်း တနင်္သာရီတိုင်းဒေ သကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News သို့ပြောကြားချက်များအရသိရသည်။
ရုရှားခရီးသွားများသည် အအေးပိုင်းရာသီ ဥတုမှရှောင်ရှားရန် ထိုင်းနိုင်ငံဖူးခက်သို့ သွားရောက် လည်ပတ်မှုများရှိနေပြီး နှစ်စဉ် မီလျံနှင့်ချီရှိကာ ခရီး စဉ်တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ (၃,ဝဝဝ) ဝန်း ကျင်သုံးစွဲနိုင်ကြောင်းသိရသည်။
အဆိုပါခရီးသွားဈေးကွက်ကိုလည်း ကော့ သောင်းဒေသရှိ သဘာဝအလှအပများ မပျက်စီးသေး သည့်ကျွန်းများက ခရီးစဉ်သစ်တစ်ခုအဖြစ် ဆွဲဆောင် နိုင်ခြေရှိကြောင်းသိရသည်။
" ကျွန်းတွေကို လုပ်ချင်တဲ့လူတွေကရှိ တယ်။ နောက်တစ်ခုက တချို့ကျွန်းတွေမှာ ရုရှားက tourism ကို ကော့သောင်း၊ ဖူးခက်ပေါ့။ ဖူးခက်က အခု ရုရှားတွေက တစ်နှစ်တစ်နှစ်ကို (၅)မီလျံ လောက်လာတယ်။ သူတို့မှာ အအေးပိုင်းဒေသဖြစ်တဲ့ အတွက် ရှောင်တာပေါ့။ ဖူးခက်ကိုရိုးသွားပြီ။ သူတို့ရဲ့ ခရီးစဉ် တစ်ခေါက်တစ်ခေါက်သုံးတာ အနည်းဆုံး ဒေါ်လာ (၃၀ဝဝ)ပဲ။ သူက ဒီဘက်ကော့သောင်းက ကျွန်းတွေကိုလာချင်တာ" ဟု အထက်ပါတာဝန်ရှိသူ ကပြောသည်။
သို့သော် ကျွန်းများတွင် ခရီးသွားလုပ်ငန်း များဖော်ဆောင်ရန်အတွက် ဟိုတယ်နှင့်အပန်းဖြေ စခန်းများအပြင် သွားလာရေး၊ လုံခြုံရေးနှင့် အခြား အခြေခံဝန်ဆောင်မှုများကိုပါ ဖြည့်ဆည်းပေးရန်လို အပ်နေကြောင်းသိရသည်။
" အခုက အဲဒီလောက်ထိ တည်းဖို့ခိုဖို့ကို ဟိုတယ်တွေမပြည့်စုံသေးဘူး။ တချို့တွေက ကျွန်း တွေယူထားတယ်။ မလုပ်တာတွေရှိတယ်" ဟု တချို့ လုပ်ငန်းရှင်များက ကျွန်းများကိုရယူထားသော်လည်း လက်တွေ့လုပ်ငန်းများအကောင်အထည်ဖော်ခြင်း မရှိသည့်အခြေအနေများရှိနေကြောင်းကိုပြောသည်။
ကော့သောင်းရှိကျွန်းများတွင် ခရီးသွား လုပ်ငန်းများဖော်ဆောင်နိုင်ပါက နိုင်ငံခြားခရီးသွား များထံမှ ဝင်ငွေအများအပြားရရှိနိုင်သည့်အပြင် ဒေ သခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန် တီးပေးနိုင်မည့်အလားအလာရှိကြောင်း သိရသည်။
" အဲဒီ Tourism က ပထမဆုံး အောင်မြင် မယ့်အလုပ်။ နိုင်ငံအတွက် ဝင်ငွေတွေ အများကြီးတိုး မယ့်နေရာ။ ကျွန်တော်တို့မှာ Natural Source တွေ အများကြီးရှိတယ်။ အလှအပတွေ အများကြီးရှိတယ်။ မပျက်စီးတာတွေ။ ဖူးခက်ကရိုးနေပြီ။ အဲဒီလောက်အ ထိလည်း Nature မရှိတော့ဘူး" ဟုပြောသည်။