
Pika (NP News)-နိုဝင်ဘာ ၅
ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ်ရဲ့ ဒုဝန်ကြီးချုပ်နဲ့စီးပွားရေးဝန်ကြီးဖြစ်သူ ဟူးဘတ်အိုင်ဝမ်ဂါကို ဘာလင်မြို့ကဟိုတည်တစ်ခုမှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး မီဒီယာတွေကရေးသားဖော်ပြခဲ့ပါတယ်။
လွတ်လပ်တဲ့မဲဆန္ဒရှင်များပါတီခေါင်းဆောင်ဖြစ်တဲ့ အသက်(၅၅)နှစ်အရွယ် ဟူးဘတ်အိုင်ဝမ်ဂါကို နိုဝင်ဘာလ(၄)ရက်မှာ ဘာလင်မြို့အလယ်ပိုင်းမှာရှိတဲ့ Neuer Fritz ဟိုတည်မှာ သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။
ဟူးဘတ်အိုင်ဝမ်ဂါဟာ ဘာလင်မြို့က ၎င်းရဲ့ပါတီရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားဖို့ အစီအစဉ်ရှိခဲ့ပေမယ့်လည်း ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် အခမ်းအနားကို မတက်ရောက်ခဲ့ဘူးလို့လည်း သိရပါတယ်။
ထို့နောက် ဟူးဘတ်အိုင်ဝမ်ဂါဟာ ဟိုတည်မှာပဲဆက်နေခဲ့ပြီး နောက်ပိုင်းမှာဆက်သွယ်၍မရတော့တာကြောင့် သွားရောက်စစ်ဆေးကြည့်တဲ့အချိန်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဟူးဘတ်အိုင်ဝမ်ဂါသေဆုံးရတဲ့အကြောင်းအရင်းတွေကို လက်ရှိအချိန်အထိရှင်းရှင်းလင်းလင်း မသိရှိရသေးပေမယ့်လည်း ရဲတပ်ဖွဲ့က ရာဇဝတ်မှုမြောက်တဲ့ အခြေအနေမျိုး ဒါမှမဟုတ် သံသယဖြစ်စရာအခြေအနေမျိုးကို ရှာဖွေတွေ့ရှိခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း မီဒီယာတွေကရေးသားဖော်ပြထားပါတယ်။
ဟူးဘတ်အိုင်ဝမ်ဂါဟာ (၂၀၁၈)ခုနှစ်ကနေစတင်ပြီး ဘာဗေးရီးယားပြည်နယ်ရဲ့ စီးပွားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
ဟူးဘတ်အိုင်ဝမ်ဂါကွယ်လွန်ချိန်မှာ ၎င်းရဲ့လက်တွဲဖော်ဇနီးဖြစ်တဲ့ နိုင်ငံရေးသမားတန်ဂျာရှဗိုင်းဂါးနဲ့သားနှစ်ယောက်တို့ ကျန်ရှိခဲ့တယ်လို့လည်း သိရပါတယ်။