
သန့်ဇင် (NP News) - နိုဝင်ဘာလ ၅
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးမွေး မြူရေးကန်များအကြား ကြက်/ငါးတွဲဖက်မွေးမြူ သည့်လုပ်ငန်းများမှစွန့်ပစ်ရေများကြောင့် ပတ်ဝန်း ကျင်မှငါးမွေးကန်များပါ ဆုံးရှုံးမှုရှိလာနေကြောင်း ငါး မွေးမြူရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက NP News သို့ပြောသည်။
ငါးမွေးမြူရေးနှင့်ကြက်မွေးမြူရေးကို တွဲ ဖက်လုပ်ကိုင်သောမွေးမြူရေးလုပ်ငန်းများသည် လွန် ခဲ့သည့်ဆယ်စုနှစ်ကျော်ကပင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရောက်ရှိလာပြီး ယခုကာလတွင်မူ ပိုမို တွင်ကျယ်လာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြက်/ငါးတွဲဖက်မွေးမြူရေးကန် များ ပိုမိုများပြားလာခြင်းနှင့်အတူ ယင်းမွေးမြူရေးလုပ် ငန်းများမှ ရေဆိုးစွန့်ထုတ်မှုများကြောင့် ပတ်ဝန်းကျင် မှ အသန့်မွေးမြူသောငါးမွေးကန်များပါ ထိခိုက်ဆုံး ရှုံးမှုရှိလာကြောင်း ညောင်တုန်းမြို့မှ ငါးမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
"ညောင်တုန်းမှာက ငါးကန်ဧကက တစ်သိန်းနားကပ်နေတာ။ အဲဒီမှာ ကန်တွေကြားထဲမှာ ကြက်မွေးတဲ့လူတွေလည်းရှိတယ်။ ကျွန်တော်တို့က ငါးကို အသန့်မွေးတာ။ ဖွဲသီး သန့်ကျွေးတဲ့ကန်တွေရှိ တယ်။ တချို့ဆိုရင်လည်း ငါးအစာတောင့်ကျွေးတဲ့ ကန်တွေရှိတယ်။ အဲဒီကန်တွေကြားထဲမှာ ရှမ်းတရုတ် တွေနဲ့ကုလားတွေက လာမွေးတော့ ကြက်ချီးတွေနဲ့ ရောတဲ့ကန်တွေဖြစ်သွားတာ။ အဲဒီကန်တွေက ကြက်အစာ၊ ဘဲအစာပဲကျွေးတော့ အဲဒီကန်တွေကနေ နွေပိုင်းမှာ ချောင်းထဲစုပ်ထုတ်ရော။ အဲဒီတော့ သူတို့ကန်ထဲက မောင်းထုတ်လိုက်တဲ့ရေတွေက မြောင်းထဲရောက်သွားတော့ အဲဒီရေကို ကျွန်တော် တို့က ပြန်တင်တော့ သူတို့ဆီကကျလာတဲ့ ရေတွေ ကြောင့် ငါးတွေသေတာပေါ့။ အဲဒီဒဏ်က နှစ် တိုင်းခံနေရတာ။ ကန်သမားတွေတော်တော်များ ခံနေ ရတာ"ဟု အထက်ပါလုပ်ငန်းရှင်ကပြောသည်။
အဆိုပါ ကြက်/ငါးတွဲဖက်မွေးမြူရေးမှစွန့် ပစ်ရေများကြောင့် ဧက(၃၀)ရှိ ငါးကန်တစ်ကန်လျှင် ငါးအရွယ်အစားအပေါ်မူတည်ကာ ပျမ်းမျှကျပ် သိန်း (၁၀ဝ)ကျော်ဆုံးရှုံးရနိုင်ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
"ဆုံးရှုံးမှုက နေမြင့်လာတာနဲ့ အဲဒီက စွန့် ပစ်ရေတွေကြောင့် ငါးကပိုသေတာ။ တစ်ခါတလေ တစ်ကန်ကို အကောင်ရေ (၄၀ဝ) နဲ့ (၅၀ဝ)လောက် အထိသေကုန်တာ တစ်ကန်တည်းကို။ မနှစ်ကဆိုရင် ကျွန်တော်တစ်ရက်တည်းကို ပိဿာ (၃၅၀)လောက် သေဖူးတယ်။ အဲဒါက ကြက်/ငါးနဲ့နီးတဲ့ကန်တိုင်းကြုံ နေရတဲ့အခက်အခဲပဲ"ဟု ၎င်းကပြောသည်။
ထိုသို့ ထိခိုက်မှုများရှိလာရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ထိန်းသိမ်းပေးရန်တောင်းဆိုမှုများ ရှိလာသည့်အတွက် ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးမှ သီးသန့်ဇုန်များထားရှိမွေးမြူကြရန် ဆွေးနွေးနေကြ ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
"အဲဒါနဲ့ပတ်သက်ပြီးတော့ ဇုန်တစ်ခုလုပ် ပြီးခွဲပေးမယ်လို့တော့ပြောတယ်။ သီးသန့် ဖွဲဆိုဖွဲကျွေး တာတို့ သီးသန့်ကျွေးတဲ့ကန်တွေက ငါးသန့်တာပေါ့။ သူတို့ငါးတွေက ချက်စားတာကအစ အရသာချင်းက ကွာတယ်။ အဲဒီလုပ်ငန်းတွေရောက်လာတာ အနည်း ဆုံး(၁၅)နှစ်လောက်ရှိပြီ။ ရေတွေကလည်း အဲဒီကန် တွေကလာရင် ညိုပုပ်ပုပ်တွေနဲ့ အရောင်တွေပါပြောင်း ကုန်တာ"ဟု ၎င်းက ဆက်ပြောသည်။
သို့သော်လည်း ကြက်/ငါးတွဲဖက်မွေးမြူ ရေးလုပ်ငန်းများမှာ လက်ရှိအချိန်အထိ ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် (၇) နှစ်ခန့်ကပင် လုပ်ငန်းရှင်(၂၁၀)ကျော်က လုပ်ကိုင် နေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။