NP News

ဒီမိုကရက်များအနိုင်ရခြင်းကြောင့် အကူညီများပိုမိုရရှိမည်ဟု ယူကရိန်းသမ္မတမျှော်လင့်နေ

ဂျန်ဇက် (NP News)- နိုဝင်ဘာ ၅
ယူကရိန်းသမ္မတဇီလန်စကီးကအမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်များ အနိုင်ရရှိခြင်းသည် ရုရှားနှင့် ၄ နှစ်ခွဲကြာစစ်ဖြစ်နေသည့်
ယူကရိန်းအတွက် အကူအညီပိုမိုရရှိလာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတက လာမည့်နှစ် ကွန်ဂရက်လွှတ်တော်နှစ်ရပ်လုံးကို ဒီမိုကရက်များ ထိန်းချုပ်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အပြောင်းအလဲများသည်ယူကရိန်း အတွက် အားသာချက်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတက ""ကျွန်တော် ရီပတ်ဘလီကန်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီမိုကရက်တွေက ယူကရိန်းကို ထောက်ခံဖို့နဲ့ ယူကရိန်းကို အကူအညီပေးဖို့အတွက် အလွန်ရှင်းရှင်းလင်းလင်း ပြောဆိုပါတယ်” ဟု ပြောသည်။
ထိုအပြင် ၄င်းက “ဒီမိုကရက်တို့က အမေရိကန်နဲ့ ဥရောပကြား ဆက်သွယ်မှုကို ပြန်လည်အသက်သွင်းဖို့ ပြောဆိုနေကြတယ်။ဒါကြောင့် အာဏာမျှခြေတစ်ခု ပေါ်ပေါက်လာပြီး ကျွန်တော်တို့ ပိုမိုထောက်ခံမှုရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
​ဇီလန်စကီးက အမေရိကန်၏ အကူအညီပိုမိုရရှိခြင်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတက""ခိုင်မာတဲ့ ဘဏ္ဍာရေးဆိုင်ရာထောက်ခံမှု ဒါမှမဟုတ် စစ်ရေးအကူအညီတွေကို ပြောဆိုမယ်ဆိုရင်၊ အဲဒါက ပူတင်အပေါ် သက်ရောက်မှုရှိမယ့် အပြုသဘောဆောင်တဲ့အရာတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ပြောသည်။

မူရင်းသတင်း — NP News