NP News

ကြားဖြတ်ရွေးကောက်ပွဲ တွင် ပါတီရှုံးနိမ့်မှုကြောင့် အမေရိကန်ဒုတိယသမ္မတ စိတ်ဆိုးဒေါသဖြစ်နေ

ဂျန်ဇက် (NP News)- နိုဝင်ဘာ ၅
အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က ဒီမိုကရက်များ အပြတ်အသတ် အနိုင်ရရှိသွားရခြင်း၏ အဓိကအကြောင်းရင်းမှာ အီရန်နိုင်ငံနှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့်ဖြစ်ကြောင်းပြောကြားခဲ့သည်။
နိုဝင်ဘာ (၃) ရက်က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲသည် ဒေါ်နယ်ထရမ့်နှင့် သူ၏ပါတီအတွက် သမိုင်းဝင်ရှုံးနိမ့်မှုတစ်ခုဖြင့် ပြီးဆုံးခဲ့ပြီး သံသယများ၊ အပြစ်တင်မှုများရှိနေကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် အထက်လွတ်တော်တွင် (၅၄) နေရာ အနိုင်ရပြီး ရီပတ်ဘလီကန်ပါတီက (၄၄) နေရာ အနိုင်ခဲ့သလို အောက်လွတ်တော်တွင်လည်း ဒီမိုကရက်တစ်ပါတီက နေရာ (၂၄၀) အနိုင်ရခဲ့က ရီပတ်ဘလီကန်ပါတီက (၁၄၇) နေရာ အနိုင်ရထားကြောင်းသိရသည်။
ဒီမိုကရက်များ အပြတ်အသတ် အနိုင်ရရှိပြီးနောက် တစ်ရက်အကြာတွင် ဂျေဒီ ဗန့်စ်က"" ကျွန်တော်တို့ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းက စစ်ပွဲကြောင့်ပဲ။ သမ္မတ ကိုယ်တိုင်က မနေ့ညက အဲဒီလို ပြောခဲ့တယ်။ ဒီစစ်ပွဲက တန်ဖိုးရှိပါတယ်"ဟုပြောသည်။
ထို့အပြင် ဗန့်စ်က "စိတ်ဆိုးပြီး 'ငါတို့ ကြိုပြောသားပဲ' လို့ ပြောချင်နေကြတဲ့ လူတွေကို ပြောချင်တာကတော့ - ခင်ဗျားတို့ ပြောတာ မှန်ပါတယ်၊ ခင်ဗျားတို့ ကြိုပြောခဲ့ကြပါတယ်" ဟုပြောကြားခဲ့သည်။
ထရမ့်အစိုးရအနေဖြင့် အီရန်အပေါ် လုပ်ဆောင်မည့် အောင်မြင်နိုင်သော မဟာဗျူဟာ မရှိခြင်းအပြင်၊ အလွန်စရိတ်စက ကြီးမားသည့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှေးရိုးစွဲဝါဒီများ အပါအဝင် အခြားသူများ၏ သတိပေးချက်များကို လျစ်လျူရှုခဲ့ခြင်းမှာ မှားယွင်းကြောင်း ကြားဖြတ်ရွေးကောက်ပွဲရလဒ်များက ညွှန်ပြနေပေသည်။

မူရင်းသတင်း — NP News