NP News

စစ်ကိုင်း - မုံရွာလမ်း (သို့မဟုတ်) ရှင်သန်လာသော အသက်သွေးကြော

ပုလဲ (NP News) - နိုဝင်ဘာလ ၅
တစ်ချိန်က ယင်းလမ်းကိုဖြတ်သည့်ကား များ အပစ်ခံရသည်၊ မိုင်းဆွဲခံရသည်။ မြန်မာနိုင်ငံအ လယ်ပိုင်းမှလမ်းတို့အနက်တွင် အန္တရာယ်များသော လမ်းတစ်လမ်း ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုကား အ ဆင်ပြေနေပေပြီ။ အဆိုပါလမ်းသည်ကား စစ်ကိုင်း- မုံရွာလမ်းပင်ဖြစ်တော့သည်။
မန္တလေးတစ်ဖက်ကမ်းတွင်တည်ရှိပြီး တစ် ချိန်က အကြမ်းဖက် PDF လက်နက်ကိုင်သူပုန်များ ခြိမ်းခြောက်ခြင်းခံရဖူးသည့်စစ်ကိုင်းမြို့သည် သာမန် မြို့တစ်မြို့မဟုတ်ခဲ့ပေ။ ကျူးကျော်သူ တိုက်တိုင်း အောင်မွန်ဂိုတို့ကို မြန်မာ့မြေတွင် စစ်ရှုံးအောင်တိုက် ထုတ်နိုင်ခဲ့သည့် မြင်စိုင်းညီနောင်သုံးဦးအနက် အငယ်ဆုံး သီဟသူမှဆင်းသက်လာသော အသင်္ခယာ စောယွန်းမင်းက တည်ထားခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် မြို့သက်ကလည်း နှစ်(၇၀ဝ)ကျော်ခဲ့ပြီ။
စစ်ကိုင်းသည် ခေတ်အဆက်ဆက်ကိုဖြတ် သန်းခဲ့သည်။ ထို့နောက် အသက်ကြီးလာသောကြောင့် ဘာသာရေးကို ပိုမိုကိုင်းရှိုင်းလာသည်ဟု တင်စားရ ပေလိမ့်မည်ထင်သည်။ စစ်ကိုင်းသော်ကား မြင်လေ ရာ ဘုရား၊ စေတီ၊ ပုထိုးများစွာတို့ဖြင့် အေးချမ်းသော မြို့ အပြည့်အဝဖြစ်သွားခဲ့လေပြီ။ အသက်ကြီးလာ သည့်နောက် စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော်အ ဖြစ် ရောက်ရှိခဲ့ဖူးသည်။
မုံရွာလည်း သူ့သမိုင်းဖြင့်သူသာ။ သို့သော် စစ်ကိုင်းကဲ့သို့မဟုတ်ပေ။ မုံရွာဒေသတွင် လွန်ခဲ့သည့် နှစ်တစ်သန်းကစတင်ကာ လူသားတို့ စတင်အခြေချ သောအထောက်အထားများတွေ့ရသည်။ ထို့ကြောင့် မုံရွာမြေသည် မြန်မာနိုင်ငံတွင် အစောဆုံးလူသားတို့ အခြေချရာနေရာဟုဆိုနိုင်သည်။
မုံရွာမြို့သည်ကား ကျေးရွာအဆင့်ဖြင့် စ တင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မြို့အဖြစ်သို့ရောက် လာသည်။ ပုဂံခေတ်ဦးကပင် မုံရွာမြို့ဖြစ်လာမည့်နေ ရာတွင် ရွာရှိနေပြီဟုဆိုသည်။ ဗြိတိသျှကိုလိုနီခေတ် တွင် မုံရွာသည် မြို့ဖြစ်လာသည်။ (၁၈၈၈)ခုနှစ်တွင် မြို့အဖြစ်ရောက်ရှိသောကြောင့် မြို့သက် နှစ်(၁၀ဝ)ကျော်ပြီဖြစ်သည်။ ထို့ပြင် မြို့အနေဖြင့် အထွတ်အ ထိပ်သို့ရောက်ပုံကား (၂၀ဝဝ)ပြည့်နှစ်တွင် မုံရွာသည် စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော်အဖြစ် သတ်မှတ် ခံရခြင်းပင်။
လမ်းအကြောင်းရေးမည့်ဆောင်းပါးတွင် အဘယ်ကြောင့် မြို့နှစ်မြို့အကြောင်း ဋီကာဖွဲ့ဆိုပြရ သနည်းဆိုပါသော် တစ်ဖက်တွင် သမိုင်းနှင့်ချီကာကြီး ကျယ်သောမြို့၊ တစ်ဖက်တွင် တိုင်းဒေသကြီးမြို့တော်၊ ယင်းနှစ်မြို့အကြား ဆက်သွယ်ရေးအတွက် အဘယ် မျှအရေးပါကြောင်းကိုသိလိုသောကြောင့်ဖြစ်ပါသည်။
လမ်းအကြောင်းဆက်ပါအံ့။ စစ်ကိုင်းမှ မုံရွာသို့သွားလိုလျှင် ရွေးချယ်စရာနှစ်လမ်းရှိရာ ပထမ လမ်းမှာ အရာတော်မြို့ကိုဖြတ်သန်းရသောလမ်းဖြစ် သည်။ ယင်းလမ်းမှာ (၃)နာရီကျော်ခန့်ကြာပြီး တစ် ကွေ့တစ်ပတ်သွားရသောလမ်းဖြစ်သည်။ ဒုတိယ လမ်းမှာကား စစ်ကိုင်း-မြင်းမူ-ချောင်းဦး-မုံရွာလမ်း ဖြစ်၍ ယင်းလမ်းမှာ (၂)နာရီကျော်မျှကြာပြီးလျှင် အများဆုံးအသုံးပြုကြသောလမ်းဖြစ်သည်။
ယင်းလမ်းသည် မုံရွာ-စစ်ကိုင်းနှင့်ပင် ဆုံး ခြင်းမဟုတ်။ လမ်းကွန်ရက်များစွာနှင့်ချိတ်ဆက်နေ သည်။ လမ်းကိုလည်း အဆင့်ဆင့်မွမ်းမံလာခဲ့ရာ သူ ပုန်တို့ရောက်မလာမီကဆိုလျှင် အဆင်ပြေဆုံးသော အခြေအနေထိပင် ရောက်နေပြီဖြစ်သည်။
လမ်းကောင်းသည်နှင့်လျော်ညီစွာ ဒေသ ထွက်ကုန်များဖြစ်သော ပဲမျိုးစုံ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားဆီထွက်သီးနှံများကို ဈေးကွက်ကြီးများသို့ပို့ ဆောင်ရာတွင် ယင်းလမ်းသည် အဓိကကျခဲ့သည်။ အခြားသောကုန်များစွာတို့သည်လည်း ယင်းလမ်းကို ဖြတ်ကျော်ခဲ့ကြပေမည်။ မြန်မာ-အိန္ဒိယ ကုန်သွယ် ရေးအတွက်လည်း ယင်းလမ်းမှာ အဓိကကျသည်။ သို့သော် င်္ဏီ နှင့်အပေါင်းအပါများရောက်လာသည့် အခါ စစ်ကိုင်းနှင့်မုံရွာကြား လမ်းပန်းဆက်သွယ်ရေးမှာ ခက်ခဲစပြုလာသည်။ မူလက မသိသာ။ စမ်းမောင်း သည်။ သတိထားမောင်းသည်။ သို့သော် စိုးရိမ်စိတ်တို့ ရှိနေကြပြီ။ ယင်းနောက်တွင်မူ လမ်းဘေးဝဲယာသို့ သူပုန်တို့ရောက်လာပြီး မိုင်းထောင်ခြင်း၊ ချောင်း မြောင်းပစ်ခတ်ခြင်းအပြင် မိုင်းဆွဲခြင်းတို့ဖြစ်ခဲ့သည်။
သွားလိုကသွား၊ လာလိုကလာ ဆိုသည်မှာ ပြည်သူများ၏လက်ထဲတွင် မဟုတ်တော့။ PDF တို့ လက်အတွင်းရောက်ခဲ့သည်။ သွားခိုင်းတုန်း လိုရာ ခရီးသို့ လျင်မြန်စွာရောက်စေရန်အတွက် ပြည်သူ တို့မှာ သုတ်ခြေတင် အလျင်အမြန်မောင်းကြရသည်။ မမောင်းခိုင်းလျှင်လည်း ရပ်နေရ၏။ အကယ်၍မောင်း အံ့၊ ကျည်ဆန်ထိပ်ဖူးပူများက ကားဘေးသို့ရောက်လာ ပေလိမ့်မည်။ ပြည်သူများစီးလာသည်မှာ သံချပ်ကာ ကားများမဟုတ်ကြပေ။
ထိုစဉ်ကဆိုလျှင် ယင်းလမ်းကို ဖြတ်သန်း သွားလာရင်းဖြင့် ကျည်ဆန်ထိမှန်ခဲ့ရ၊ မိုင်းထိမှန်ခဲ့ရ သောပြည်သူပမာဏများစွာရှိခဲ့သည်။ တပ်မတော်က တိုက်လျှင် ရွာထဲဝင်ပြေး အရပ်သားအသွင်ပြောင်းခြင်း ဖြင့် ပြည်သူကိုကာကွယ်မည်ဆိုသော PDF များက ပြည်သူ၏အကာအကွယ်ကိုယူခဲ့ကြသည်။
စင်စစ်အားဖြင့် တိုက်ခိုက်မှုများသည် (၂၀၂၂) ခုနှစ်အတွင်းကပင်စတင်ခဲ့သည်ဟု ဆိုနိုင် သည်။ လက်လုပ်မိုင်းဖြင့် ပြည်သူတို့ကို PDF တို့ စ တင်ပစ်ခတ်စပြုနေပြီ။ ထိုစဉ်က ထိခိုက်သူများရှိခဲ့ သည်။ ယင်းနောက် တဖြည်းဖြည်းနှင့် PDF တို့၏မိုင်းများရောက်လာရာ အဆိုပါလမ်းမှာ မိုင်းလမ်းဟု ပင်ပြောရမည့်အခြေအနေဖြစ်လာသည်။
" ချုံခိုတိုက်တယ်၊ လမ်းမှာလည်း မိုင်း ထောင်တယ်"ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး ကဆိုသည်။ ထိုစဉ်ကအခြေအနေတွင် ပြည်သူများ မည်မျှစိုးရိမ်စိတ်ဝင်လိမ့်မည်ဖြစ်ကြောင်း လိုက်မေး စရာလိုမည် မဟုတ်ပေ။
"အဲဒီတုန်းကသွားရတာက လုံးဝကို အ ဆင်မပြေတာ။ စိတ်ကလည်းတထင့်ထင့်။ လန့်နေရ တာကိုး။ နောင်ကျတော့ လမ်းက ဘာဖြစ်လာသလဲ ဆိုတော့ မသွားရဲတော့ဘူး။ အခြေအနေက ဆိုးသ ထက်ဆိုးလာတာ"ဟု ထိုစဉ်ကအခြေအနေကို မုံရွာ မြို့ခံအမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ဖြစ်စဉ်များစွာဖြစ်ပွားခဲ့သည့်အနက် ထင် ရှားသောဖြစ်စဉ်မှာ စစ်ကိုင်း-မုံရွာလမ်းပေါ်ရှိ မြင်းမူ နှင့်ချောင်းဦးမြို့ကြား ငလျှံကျေးရွာအနီးတွင် လုံခြုံ ရေးကင်းလှည့်အဖွဲ့ကို PDF တို့က အင်အား (၁၅၀) ခန့်ဖြင့် လာရောက်ပစ်ခတ်ရာ ခရီးသည်တင်ကားများ ကိုထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ လူ (၂၀)ခန့်ဒဏ်ရာရခဲ့သောဖြစ်စဉ်ဖြစ်သည်။
PDF တို့က လမ်းကိုဖြတ်တောက်နိုင်လျှင် အသာစီးရနိုင်မည်ဟုထင်ခဲ့ကြသည်။ ထို့ကြောင့် ရ သည့်နည်းဖြင့် လုပ်ဟန်တူ၏။ ပစ်ခတ်ရာတွင် PDF တို့ လူမရွေးခဲ့။ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူ ကို သေနတ်ပြောင်းချိန်ရန်မလွယ်ကူသည့်တိုင် ဥပ ဒေပြင်ပမှလက်နက်ကိုင်တို့အတွက်မူ သေနတ် ပြောင်းကို ပြည်သူသော ဘာသော ခွဲခြားနေခြင်းမျိုး မရှိခဲ့ချေ။ လုပ်ရန်လည်း မလို။ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် သူပုန်တို့ဖြစ်သောကြောင့်ပင်။
"ကားဆိုရင် သူတို့စိတ်ထဲ တပ်ကကား ချည်းထင်နေတာ။ ဒါကြောင့်မို့လို့ သူတို့အတွက်က ပစ်မယ်ဆို ပစ်တာပဲ။ ပြည်သူလား ဘာလား ခွဲခြားနေ တာမျိုးမရှိဘူးလေ။ ပစ်ဆိုရင်ပစ်မှာပဲ။ နောင် ထိမှ ထိရော။ နောက်စကားတစ်ခုရှိသေးတယ်။ မှားခဲ့ရင် လည်း တော်လှန်ရေးပြီးမှတောင်းပန်မယ်ဆိုတာလေ။ ဒါဆို သေတဲ့သူတွေက တော်လှန်ရေးပြီးလို့ ပြန်ရှင် လာမယ်။ ပြီးရင် သူတို့က လာတောင်းပန်တာကို လက်ခံရမယ် ဒီလိုဖြစ်နေပြီ"ဟု အထက်ပါအမျိုးသမီး ကဆိုသည်။
တပ်မတော်က နယ်မြေလုံခြုံရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သည်။ ယခု လမ်း သည် အရေးကြီးသည်။ သူပုန်က လမ်းဖျက်မည်၊ ပိတ်မည်၊ တားဆီးမည်။ ယင်းမှာ သူပုန်အလုပ်။ အစိုး ရက လမ်းကောင်းအောင်လုပ်မည်၊ လုံခြုံအောင်လုပ် မည်။ ယင်းမှာ အစိုးရအလုပ်။ အစိုးရနှင့်တပ်မတော် အနေဖြင့် လမ်းဘေးဝဲယာနှင့်ထိစပ်ဒေသတို့မှ PDF တို့ခိုအောင်းရာနေရာများကို စစ်ကြောင်းထိုးခြင်းများ ဆောင်ရွက်ခဲ့သည်။ တပ်မတော်သားတို့သည် သူပုန် တို့ကို ပစ်ခတ်ချေမှုန်းရင်း တစ်ဖက်တွင် မိုင်းများကို လည်းရှင်းရသည်။
တပ်မတော်ဘက်က မိုင်းရှင်းလင်းရေးလုပ် ရာတွင် မိုင်းမျိုးစုံတွေ့ရသည်။ ကွန်ကရစ်တုံးဖြင့် ပြု လုပ်ထားသော မိုင်း၊ သံပုံးအတွင်း ပေါက်ကွဲစေသော ပစ္စည်းများထည့်ထားသော မိုင်း၊ PVC ပိုက်ဖြင့် လုပ်ထားသောမိုင်း စသည်ဖြင့် အမျိုးအစားမနည်းလှ။
"ဒီလမ်းက (၂၀၂၄)ခုနှစ်နောက်ပိုင်းက စပြီးတော့ PDF တဖြည်းဖြည်းရှင်းသွားတာ"ဟု ဒေ သခံတစ်ဦးကဆိုသည်။
တစ်ချိန်ကစိုးထိတ်ခဲ့ရသောလမ်းတွင် လုံခြုံရေးအခြေအနေက တိုးလာပြီ။ တပ်မတော်က မိုင်း ရှင်းလင်းစဉ်တွေ့ရသောမိုင်းမျိုးစုံတို့က လမ်း၏အ ခြေအနေကိုပြသသည်သာမက တပ်မတော်သား လော၊ အရပ်သားလောမခွဲခြားဘဲ သတ်ဖြတ်ရန်အတွက် PDF တို့ကြိုးစားမှုမှာလည်း ပေါ်လွင်ခဲ့သည်။
"သွားလို့ရပြီ။ ယာဉ်တန်းတွေလည်းသွား တယ်။ သာမန်လည်း သွားလို့ရတယ်။ လုံခြုံတယ် ဘာ မှမရှိဘူး။ အရင်တုန်းက ယာဉ်တန်းကို မိုင်းဆွဲတာတွေ ဘာတွေရှိတယ်။ အခုတော့ လမ်းတစ်လျှောက်လုံး ခင်းထားတာဘာမှမရှိတော့ဘူး"ဟု လုံခြုံရေးတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးကပြောသည်။
သို့သော် PDF ဟူသောအမျိုးကား ဆောင်း ပါးတစ်နေရာတွင်ဖော်ပြထားသည့်အတိုင်း အရပ် သားများအတွင်း ရောနှောဝင်ရောက်ပြီး အကာအ ကွယ်ယူတတ်သည်ဖြစ်လေရာ တစ်ချက်တစ်ချက် လမ်းပေါ်တက်လိုသည့်ပုံစံမျိုးကား ရှိနေသေးသည်။ သို့သော် အကြိမ်ရေအလွန်နည်းခဲ့ပြီ။
"များသောအားဖြင့်တော့ မထင်မှတ်တဲ့ နေရာတွေမှာ ဝင်ဝင်လုပ်တာတော့ ရှိတာပေါ့။ ဒါပေမဲ့ လမ်းကတော့ (၈၀)ရာခိုင်နှုန်းလုံခြုံပြီလို့ပြောလို့ရ တယ်"ဟု ၎င်းကဆိုသည်။
တစ်ချိန်က ချောင်းပစ်၊ မိုင်းထောင်၊ လမ်း မိုင်းခွဲခဲ့သော PDF တို့သည် ငွေတောင်းလိုသေး၏။ NLD တို့၏ခေါင်းကိုင် NUG ကလည်း တပည့် PDF များကို လမ်းပေါ်တက်ဓာတ်ပုံရိုက်ခိုင်းပြီး ပြစားကာ ငွေရှာလိုသေး၏။ ထို့ကြောင့် အကွက်သစ်တစ်မျိုးကို သုံးနေကြသည်။
"သူကျတော့ PDF က အမြဲတမ်း မတက် တဲ့။ တက်တဲ့အခါတော့ရှိမှာပေါ့။ မက္ခရာလမ်းဆုံကနေ ဆက်သွားလိုက်ရင် ညောင်ပင်ဝန်းရောက်ပြီ။ အဲဒီ ဘက်မှာရှိတယ်ဆိုတာကလည်း အမြဲတမ်းမဟုတ်ဘူး။ စစ်ကြောင်းတွေကလည်းထိုးနေတာကိုး။ လမ်းပေါ် ခဏတက်တယ် ပြီးရင် ပြန်ဆင်းသွားတယ်"ဟု ၎င်းကဆိုသည်။
လုံခြုံရေးတပ်ဖွဲ့များ၏ ကြိုးပမ်းဆောင် ရွက်မှုဖြင့် စစ်ကိုင်း-မုံရွာလမ်းကား တဖြည်းဖြည်း အေးချမ်းလာသည်ကို မြင်ရပြီ။ ထပ်မံ၍ အေးချမ်း လာမည်မှာ မုချ။ ဒေသတစ်ခုတွင် ကောင်းသောအ ကြောင်းအရာတို့ဖြစ်ပေါ်လာလျှင် ယင်းသတင်းကို ဖတ်ရသည့်ပြည်သူများရင်အတွင်း ပီတိဖြစ်ကြပေ မည်။ သို့သော် ယင်းဒေသမှ လူတို့သည်ကား ပီတိ၊ ပျော်ရွှင်မှုနှင့် ခေါင်းပြားအောင်အိပ်ရတော့မည်ဆို သောစိတ်တို့အပြင် စိတ်ချမ်းသာရတော့မည်ဆိုသော ခံစားမှုက မည်သည့်အရာနှင့်မျှ လဲနိုင်လိမ့်မည် မဟုတ်ပေ။
စစ်ကိုင်း-မုံရွာလမ်းကား ယင်းဒေသ၏ အသက်သွေးကြောဖြစ်သည်။ တစ်ချိန်က ညှိုးရော်ခဲ့ သည်။ ယခုအခါ ရှင်သန်လာပြီ။ မကြာမီ ခက်မအဖြာ ဖြာဖြင့် အားကောင်းမောင်းသန် ဖြစ်လာပေလိမ့်မည်။

မူရင်းသတင်း — NP News