NP News

ယုံကြည်မှုနှင့် မြန်မာ့စီးပွားရေးစိန်ခေါ်မှု ပြဿနာ (အတွေးအမြင် ဆောင်းပါး)

အောင်နိုင်သူ(ဇွဲကပင်) (NP News) - နိုဝင်ဘာလ ၅
မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာတာ (၆)လကျော်ကြာလာပြီမို့ ကဏ္ဍအသီးသီးကတော့ သူ့ နည်း၊ သူ့ဟန်နဲ့အတူ အရှိန်ရစပြုနေပြီဖြစ်ပါတယ်။ ကဏ္ဍအသီးသီး၊ အထူးသဖြင့် ဝန်ကြီးဌာနအသီးသီး ဟာ နိုင်ငံတော်အတွက် တက်စွမ်းသရွေ့ ကြိုးပမ်းဆောင် ရွက်နေကြပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုက နိုင်ငံတော်အစိုးရအပေါ် ယခင်ကာလတွေထက် ပိုမို ယုံကြည်အားကိုး မျှော်လင့်လာကြပါတယ်။
ဒီလို ကဏ္ဍအသီးသီးရဲ့လုပ်ငန်းတွေက အရှိန်ရစပြုနေပြီဖြစ်သော်လည်း အရှိန်သိပ်မရသေး ဘဲ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ကဏ္ဍတွေထဲမှာ FDI ဆိုတဲ့ Foreign Direct Investment " ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု"အခန်းကဏ္ဍပါတယ်လို့ စာရေးသူက မြင် မိပါတယ်။ FDI ပြည်ပရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍက နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတာနဲ့အညီ FDI ကဏ္ဍ တိုးတက်မြင့်မား လာအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့လိုပါတယ်။
FDI ပြည်ပရင်းနီးမြှုပ်နှံမှုတွေမလာသေး တာနဲ့ လာရောက်ရောက်ရင်းနှီးမြှုပ်နှံဖို့ နှေးကွေးနေ လို့ ပြည်တွင်းရှိဒေါ်လာငွေတွေ ပြည်ပကို အလုံးအ ရင်းထွက်မသွားရေးနဲ့ လျော့မသွားစေရေးအတွက် အစိုးရနဲ့တာဝန်ရှိသူတွေက စီမံဆောင်ရွက်ကြရပါ တယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြည်ပသွင်းကုန် ဝယ်ယူတင်သွင်းမှုတွေကို စိစစ်ကန့်သတ်ရတာလည်း ပါဝင်လာပါတယ်။ သွင်းကုန်ခွင့်ပြုချက်ပါမစ်ရဖို့ ပြည် ပကိုရောင်းထားတဲ့ပို့ကုန် ဒေါ်လာငွေပမာဏကိုပါ တွဲ ပြီးတင်ပြရတော့ ပြည်တွင်းကုန်ဈေးနှုန်းတွေအပေါ် ကိုလည်း ရိုက်ခတ်မှုတွေရှိလာခဲ့တယ်။
အစိုးရသစ်အနေဖြင့် နိုင်ငံတကာကို ပတ် သွားပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု(FDI )အတွက် ဆွဲ ဆောင်စည်းရုံးနေပေမယ့် ဒီနေ့အချိန်ထိတော့ ထင်
သလောက်မလာကြသေးပေ။ FDI ကဏ္ဍမမြှင့်တင် နိုင်သရွေ့ ကုန်ဈေးနှုန်းအပေါ် အခုလို အနည်းနဲ့အ များ ရိုက်ခတ်မှုတော့ ရှိနေဦးမှာပဲဖြစ်ပါတယ်။ မြန်မာ နိုင်ငံကို ပြည်ပနိုင်ငံတွေကလုပ်ငန်းရှင်တွေ ဘာ ကြောင့် ရင်းနှီးမြှုပ်နှံမှုအလာကျဲ၊ အလာနည်းနေကြ သလဲလို့မေးရင်တော့ စာရေးသူက ယုံကြည်မှုပြဿ နာကြောင့်လို့ပဲယူဆမိတယ်။
ယုံကြည်မှုကိုကြည့်ပြန်ရင် မြန်မာလူမျိုး တွေကို မယုံကြည်တာလို့ပြောရင် ပိုမှန်မယ်ထင်ပါ တယ်။ မြန်မာလူမျိုးတွေကို ပြည်ပလုပ်ငန်းရှင်တွေက မယုံကြည်တာနဲ့ပတ်သက်ပြီး စာရေးသူကြုံခဲ့တဲ့ ကိုယ်တွေ့ဖြစ်စဉ်လေးနဲ့ ရှင်းပြချင်ပါတယ်။
လွန်ခဲ့တဲ့(၆)နှစ်လောက်က ကျိုက်မရော မြို့နားမှာ ထိုင်းနိုင်ငံအခြေစိုက်Siam Cement Group(SCG) ကုမ္ပဏီက ရင်နှီးမြှုပ်နှံမှုလုပ်ပြီးလည် ပတ်နေတဲ့ ဘိလပ်မြေစက်ရုံကြီးတစ်ခုကို စာရေးသူ ရောက်ခဲ့ဖူးတယ်။ အလွန်ခမ်းနားထည်ဝါတဲ့ စက်ရုံ ကြီးဖြစ်လို့ အလုပ်သမားအင်အား(၂၀ဝဝ)လောက်ရှိ ပြီး ဒီစက်ရုံကိုမှီကာ အဲဒီဒေသက လူပေါင်း သောင်း နဲ့ချီ အလုပ်ရခဲ့ဖူးတယ်။ တစ်နေ့ကို ဘိလပ်မြေတန်ချိန် (၅၀ဝဝ)လောက်ထုတ်နိုင်တဲ့အဲဒီစက်ရုံကြီးက မြို့ တစ်မြို့နဲ့မခြား အလွန်စည်ကားခဲ့ဖူးတယ်။ စက်ရုံကြီး သလောက် ဒေသခံ ပြည်သူလူထုရဲ့စားဝတ်နေရေး နဲ့ လူမှုစီးပွားဘဝအဆင်ပြေစေရေးကို များစွာ အ ထောက်အကူပြုခဲ့တယ်။
ထိုင်းနိုင်ငံကကုမ္ပဏီနဲ့ မြန်မာနိုင်ငံကကုမ္ပ ဏီတို့ဖက်စပ်လုပ်ကြတဲ့စက်ရုံလို့ဆိုပေမယ့် ထိုင်း ဘက်က မတည်ငွေတင် ဒေါ်လာသန်းလေးရာ ကျော် ရင်းနှီးမြှုပ်ထားခဲ့တဲ့ စက်ရုံကြီးမို့ မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိခဲ့တယ်။ သယ်ယူပို့ဆောင်ရေးအဆင် ပြေစေဖို့အတွက် ကမ်းရိုးတမ်းသွား ပင်လယ်ကူးကုန် တင်သင်္ဘောကြီးတွေကအစ အတ္ထရံမြစ်ကတစ်ဆင့် တူးမြောင်းဖောက်ပြီး စက်ရုံအနားအထိ ပစ္စည်းအတင် အချလုပ်နိုင်အောင် စီမံတည်ဆောက်ထားတာတွေ့ရ တယ်။
တော်တော်လေးစည်ကားပြီး ဒေသခံပြည် သူလူထုရဲ့ထမင်းအိုးကြီးဖြစ်ခဲ့တဲ့ ဒီစက်ရုံကြီးဟာ (၂၀၂၁)ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်တော့ KNU က လက်ပြတ်ဦးဆောင်တဲ့ KNLA/PDF တွေရဲ့ထိန်းချုပ်မှုအောက်ကို ခေတ္တရောက်သွားခဲ့ရ တယ်။ ထုံးစံအတိုင်းပဲ၊ သူပုန်အောက်ကိုရောက်သွား ပြီဆိုတာနဲ့ စက်ရုံကပစ္စည်းမှန်သမျှ ကေဘယ်ကြိုးက စလို့ သံတို၊ သံစနဲ့သွပ်းပြားပါမချန်၊ သုံးဘီယာဉ်တစ် စီးကို ငါးသောင်းကျပ်၊ ဟိုက်ဂျက်တစ်စီးကို တစ်သိန်း
ကျပ်လောက်နဲ့ ကြိုက်တဲ့လူလာတင်ဆိုပြီး ရောင်းစား ပစ်လိုက်ကြတယ်။
တချို့ စက်ရုံအစိတ်ပိုင်းတွေကိုလည်းဖျက် ဆီးပစ်ခဲ့ကြတဲ့အပြင် ဝန်ထမ်းတွေကိုပါ အန္တရာယ်ပြု လာလို့ ဝန်ထမ်းတွေလည်း အလုပ်ကထွက်ပြီး အ သက်လုပြေးခဲ့ကြရတယ်။ နောက်ဆုံးမှာတော့ ဒီဘိ လပ်မြေစက်ရုံကြီးလည်း အေးချမ်းမေရဲ့သီချင်းထဲက လို တစ်စစီကြိုးပဲ့ကုန်လို့ အပြီး ပိတ်သိမ်းပစ်လိုက်ရ တယ်။ ဒါကြောင့် ထိုင်းက KNU ဆီကို ဒီစက်ရုံနဲ့ပတ် သက်ပြီး လျော်ကြေးတောင်းခဲ့တယ်လို့ သတင်းတွေ တက်လာပေမယ့် နောက်ပိုင်းမှာတော့ အယ်ဆေးဝါး ခေါ် လက်ပြတ်ရော ဒီသတင်းပါ ပျောက်ချင်းမလှ ပျောက်သွားတာ ဒီနေ့အထိပါပဲ။
အခုတော့ အဲဒီစက်ရုံကြီးကို တပ်မတော် က ပြန်လည်ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် ပြည်ပရင် နှီးမြှုပ်နှံသူတွေအတွက်တော့ နောက်ထပ် ရင်းနှီး မြှုပ်နှံမှု ထပ်လုပ်ဖို့လက်တွန့်သွားကြတယ်။ ဒါက စာ ရေးသူကြုံဖူးတဲ့ စက်ရုံတစ်ရုံရဲ့ဖြစ်စဉ်ကိုပဲ သာဓက ချပြတာပဲရှိသေးတယ်။ တစ်တိုင်းပြည်လုံးနဲ့ဆိုရင် နိုင် ငံရေးအပြောင်းအလဲနဲ့အတူ ဒါမျိုး ဘယ်လောက်ဖြစ်ခဲ့ ပြီး ဘယ်လောက်ရှိနေသလဲဆိုတာကို သုတေသနပြု ကြည့်ဖို့တောင် ကောင်းပါတယ်။
ဒီဘိလပ်မြေစက်ရုံဖြစ်စဉ်ကိုကြည့်ပြီး ခြုံငုံ စဉ်းစားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် အရေးကြီးတဲ့ပြဿနာတစ်ရပ်ကိုတွေ့မြင်နိုင်ပါတယ်။ နိုင်ငံရေးအမြင် မတူညီမှုတွေ၊ အဖျက်သမားစိတ်ဓာတ် တွေကြောင့်ဖြစ်ပေါ်လာတဲ့ပဋိပက္ခတွေဟာ နိုင်ငံရေး နယ်ပယ်အတွင်းမှာသာရပ်တန့်မနေဘဲ စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍအထိရိုက်ခတ်လာတဲ့အခါ နောက်ဆုံးမှာ ထိခိုက်နစ်နာရသူက ပြည်သူလူထုပဲ ဖြစ်ပါတယ်။ နိုင်ငံရေးခံယူချက်မတူညီတာကြောင့် အစိုးရကိုဆန့်ကျင်တာ၊ နိုင်ငံရေးအရကန့်ကွက်တာ တွေဟာ နိုင်ငံရေးလောကမှာ မထူးဆန်းပါဘူး။ သို့ သော် နိုင်ငံ့စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအခြေခံတွေကို တိုက်ခိုက်ဖျက်ဆီးတဲ့အခြေအနေအထိ ရောက်ရှိသွား တဲ့အခါ အကျိုးဆက်ကို ပြည်သူလူထုကပဲ ခံစားရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူတွေ ဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးအ ခြေအနေ၊ ဥပဒေစိုးမိုးမှုနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ အရင်း အနှီးအပေါ် အကာအကွယ်ပေးနိုင်မှုတို့ကို သေချာစွာ လေ့လာကြပါတယ်။ တိုင်းပြည်အတွင်းမှာ ရင်းနှီးမြှုပ် နှံမှုတွေပျက်စီးဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်တွေ များလာတာနဲ့ အမျှ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့လည်း ပိုမိုခက်ခဲလာနိုင်ပါ တယ်။
မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ် ကိုအခြေခံပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက် လာခဲ့ဖူးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ (၁၉၈၈) ခုနှစ် ကတည်းကနေ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးပြီး ၤှီု တွေ တဖွဲဖွဲဝင်လာခဲ့တဲ့မြန်မာပြည်ဟာ ငါတို့ အာဏာမရရင် တိုင်းပြည်ကိုဖျက်ဆီးပြမယ်ဆိုတဲ့ လူ တစ်စုကြောင့် တိုင်းပြည်ရဲ့စီးပွားရေးက များစွာထိ ခိုက်နစ်နာခဲ့ရတယ်။ နိုင်ငံရေးမတည်ငြိမ်မှု၊ လက်နက် ကိုင်ပဋိပက္ခနဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်မလည် ပတ်နိုင်တဲ့အခြေအနေတွေကြောင့် ယုံကြည်မှုတွေ ထိခိုက်ကျဆင်းလာခဲ့တယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေး အနာဂတ်အတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။
ဒီလို ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ မြန်မာ လူမျိုးတွေရဲ့စရိုက်ကြောင့်ပဲ မြန်မာနိုင်ငံနဲ့ မြန်မာလူ မျိုးတွေအပေါ်ကို နိုင်ငံတကာကလည်း ယုံကြည်မှု တွေပျောက်ဆုံးသွားခဲ့ကြတယ်။ စီးပွားရေးလောက၊ ရင်းနှီးမြှုပ်နှံမှုလောကမှာ ယုံကြည်မှုက တော်တော်အ ရေးကြီးတယ်။ စီးပွားရေးလောကမှာ ]ယုံကြည်မှု}ဟာ မမြင်ရပေမယ့် အလွန်တန်ဖိုးရှိတဲ့ အရင်းအနှီး တစ်ခုလည်းဖြစ်တယ်။ ငွေကြေးအရင်းအနှီးတစ်ခု ဆုံးရှုံးသွားရင် ပြန်လည်ရှာဖွေနိုင်ပေမယ့် ယုံကြည်မှု တစ်ခုဆုံးရှုံးသွားရင်တော့ ပြန်လည်တည်ဆောက်ဖို့ အချိန်ယူရပါတယ်။
ယုံကြည်မှုကိုလေ့လာတဲ့ ပညာရှင်တချို့ က ယုံကြည်မှုကို " Trust Radius " ဆိုတဲ့အယူအဆ နဲ့လည်း နှိုင်းယှဉ်ရှင်းပြလေ့ရှိပါတယ်။ ယုံကြည်မှုရဲ့ အချင်းဝက်ကျယ်ပြန့်လာလေလေ ကိုယ်နဲ့မရင်းနှီး သေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံခြား သားတွေအထိ ယုံကြည်မှုကို ချဲ့ထွင်နိုင်လေလေ ဖြစ် ပါတယ်။ ယုံကြည်မှုအချင်းဝက်တိုတောင်းနေမယ်ဆို ရင်တော့ စက်ဝိုင်းတစ်ခုကျဉ်းသွားသလို စီးပွားရေး ဆက်ဆံမှုတွေရဲ့နယ်ပယ်လည်း ကျဉ်းမြောင်းလာမှာ ဖြစ်ပါတယ်။ ယုံကြည်မှု လုံးဝမရှိတော့ဘူးဆိုရင်တော့ စက်ဝိုင်းတစ်ခုတောင်ဆွဲလို့မရတော့ဘဲ အစက်တစ် စက်လောက်သာကျန်ရှိတော့မယ်လို့ ဥပမာပေး ပြော လေ့ရှိကြပါတယ်။
လက်ရှိမြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုကိုပြန်လည်ရရှိဖို့အတွက် အချိန်ယူပြီး တည်ဆောက်ရမယ့်အခြေအနေတစ်ရပ်ကို ရောက်ရှိ နေပါတယ်။ ယုံကြည်မှုဆိုတာ စကားနဲ့တည်ဆောက် လို့ရတဲ့အရာမဟုတ်ပါဘူး။ လက်တွေ့လုပ်ဆောင် ချက်တွေ၊ တည်ငြိမ်မှု၊ စည်းမျဉ်းစည်းကမ်းနဲ့ ရေရှည် တည်တံ့တဲ့မူဝါဒတွေကနေ တဖြည်းဖြည်းတည် ဆောက်ရတာ ဖြစ်ပါတယ်။
ဒီလို ယုံကြည်မှုကို ပြန်လည်တည်ဆောက် နေတဲ့ကာလမှာ ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ အခန်း ကဏ္ဍကလည်း အလွန်အရေးကြီးလာပါတယ်။ FDI တွေ အလုံးအရင်းနဲ့မဝင်ရောက်လာသေးခင်မှာ ပြည် တွင်းလုပ်ငန်းရှင်တွေရဲ့အင်အားနဲ့ ပြည်တွင်းစီးပွား ရေးကို အားကောင်းအောင်တည်ဆောက်ထားဖို့ လို အပ်ပါတယ်။
အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေးပြီး ပြည်သူလူထုအတွက် အလုပ်အကိုင်အ ခွင့်အလမ်းတွေ များစွာဖန်တီးပေးနိုင်မယ့် လုပ်ငန်း တွေမှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက် လာအောင် အစိုးရအနေနဲ့ မူဝါဒပိုင်း၊ ငွေကြေးပိုင်းနဲ့ လုပ်ငန်းပတ်ဝန်းကျင်ပိုင်းတွေကနေ အားပေးကူညီ ပေးသင့်ပါတယ်။
တစ်ချိန်တည်းမှာပဲ ပြည်တွင်းလုပ်ငန်းရှင် တွေအနေနဲ့လည်း အမြတ်အစွန်းရရှိရေးတစ်ခု တည်းကိုသာ ဦးတည်မယ့်အစား ပြည်သူ့လူမှုစီးပွား ဘဝ တိုးတက်ကောင်းမွန်ရေးကိုပါ ထည့်သွင်းစဉ်းစား သင့်ပါတယ်။ ပြည်သူ့အရေးကို ရှေးရှုကာ အမြတ်များ များရဖို့ထက် ပြည်သူ့ဘဝကို လှဖို့ရည်ရွယ်ပြီး ပရဟိ တဆန်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ များများ ရင်းနှီး မြှုပ်နှံပေးစေချင်ပါတယ်။ ဒါမှသာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝအကျပ်အတည်းတွေကို ကူညီပေး နိုင်မှာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် နိုင်ငံတစ်နိုင်ငံ အား ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဆီကို ဆွဲတင် ရာမှာ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးယုံကြည်မှု တို့မှာ ခွဲမရအောင် အမြဲတမ်း ဒွန်တွဲနေကြပါတယ်။ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်ရာမှာ လည်း ဥပဒေဘောင်တွေ၊ မူဝါဒတွေထက် အဓိကျဆုံး အုတ်မြစ်မှာ "လူ့အဖွဲ့အစည်းအချင်းချင်း အပြန်အ လှန် ယုံကြည်လေးစားမှု"ကို ပိုမိုအလေးထားကြပါ တယ်။ ဒါကြောင့် ယုံကြည်မှုကို ပြန်လည်တည်ဆောက် ယူရမယ့် ဒီနေ့လိုအကူးအပြောင်းကာလမှာ နိုင်ငံကို ချစ်တဲ့စိတ်နဲ့ တိုင်းပြည်အကျိုးကိုရှေးရှုတဲ့ စီးပွားရေး အသိတို့ဖြင့် နိုင်ငံသားတိုင်းက မိမိတို့ကျရာကဏ္ဍမှ တာဝန်သိသိပါဝင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပျက် စီးရှုံးဆုံးသွားတဲ့ ဘိလပ်မြေစက်ရုံကြီးလို သာဓကဆိုး မျိုး နောင်တစ်ချိန်မှာ ထပ်မံမပေါ်ပေါက်နိုင်တော့ဘဲ ရေရှည်ခိုင်မာကောင်းမွန်တဲ့ နိုင်ငံတော်ရဲ့ စီးပွား ရေးအနာဂတ်သစ်ကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း အကြံပြုလိုက်ရပါတယ်။

မူရင်းသတင်း — NP News