Eleven Media Group

ရိုးမားနှင့်ပွဲတွင် ကွင်းအတွင်းသို့ တင်းနစ်ဘောလုံးများပစ်ပေါက်၍ မန်ယူပရိသတ်များ ဆန္ဒပြခဲ့ကြ

Photo: X

မန်ယူအသင်း၏ ပရိသတ်များသည် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ကွင်းအတွင်းသို့ တင်းနစ်ဘောလုံးများ ပစ်ပေါက်၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
မန်ယူပရိသတ်များက အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်သည့်အနေဖြင့် ယင်းကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ဂလေဇာမိသားစု၏ ပိုင်ဆိုင်မှုကာလ (၂၁)နှစ်ကို ရည်ညွှန်းသည့်အနေဖြင့် ပွဲချိန်(၂၁)မိနစ်တွင် တင်းနစ်ဘောလုံးများနှင့် အခြားအရာဝတ္ထုပစ္စည်းအချို့ကို ကွင်းအတွင်း ပစ်သွင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပွဲတွင် မန်ယူအသင်းအနေဖြင့် ဧည့်သည် ရိုးမားအသင်းကို ပွဲချိန်(၁၇)မိနစ်မှာပင် (၀-၂)ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း ဆန္ဒပြမှုမှာ ယင်းရလဒ်နှင့် သက်ဆိုင်ခြင်းမရှိဘဲ ယခုပွဲမတိုင်မီကတည်းက စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ယင်းကဲ့သို့ ဆန္ဒပြမှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဒုတိယပိုင်းတွင် (၃)ဂိုးပြန်သွင်းကာ ရိုးမားအသင်းကို (၃-၂)ဂိုးဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့သည်။
မန်ယူအသင်းအနေဖြင့် ၂၀၂၁ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၂)ဂိုးအရှုံးမှ ပြန်အနိုင်ရခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပြိုင်ပွဲစုံ(၉)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကိုလည်း အဆုံးသတ်နိုင်ခဲ့သည်။
မန်ယူနည်းပြ ကာရစ်ကမူ ယခုရလဒ်ကြောင့် သက်သာရာရသွားသည်ဟု မခံစားရသော်လည်း ကစားသမားများအတွက် အမှန်တကယ်ကျေနပ်မိကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group