Eleven Media Group

ဆလားဗီးယားပရပ်ဂ်နှင့်ပွဲမှ သင်ယူစရာများစွာရှိခဲ့သည်ဟု အာတေတာ ပြောကြား

Photo: X

အာဆင်နယ်နည်းပြ အာတေတာက ဆလားဗီးယားပရပ်ဂ်ကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သောပွဲမှ သင်ယူစရာများစွာ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ဆလားဗီးယားပရပ်ဂ်ကို အဝေးကွင်းတွင် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း၌ ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီးခါနီးတွင် ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရသည့်အတွက် ကျဉ်းမြောင်းသည့်ရလဒ်ဖြင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းအနေဖြင့် ဒုတိယပိုင်းတွင် စွမ်းဆောင်ရည်ကျဆင်းသွားခဲ့သည့်အတွက် အာတေတာက သင်ယူရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ပထမပိုင်းနဲ့ ဒုတိယပိုင်းက အရမ်းကို ကွဲပြားခြားနားပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ တကယ့်ကို အဆင့်အတန်းမြင့်မြင့်ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သွင်းဂိုးအနေနဲ့ သုံးဂိုး ဒါမှမဟုတ် လေးဂိုး သွင်းနိုင်သင့်ပါတယ်။ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။ အရမ်းကို လျော့တိလျော့ရဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒုက္ခရောက်ခဲ့တာပါ။ ချန်ပီယံလိဂ်မှာ တကယ်ကောင်းတဲ့ အသင်းတွေချည်းပါပဲ။ ဒီပွဲကနေ သင်ယူစရာတွေ အများကြီးရှိခဲ့ပါတယ်'' ဟု အာတေတာက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ပွဲစဉ်(၄)အပြီးတွင် (၃)ပွဲနိုင်၊ (၁)ပွဲသရေရလဒ်ဖြင့် အမှတ်ပေးဇယားတတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။
ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရာနှုန်းပြည့်အနိုင်ရရှိသောအသင်းမှာ PSG နှင့် ရီးယဲလ်မက်ဒရစ် နှစ်သင်းသာရှိတော့ပြီး ရှုံးပွဲမရှိသေးသည့်အသင်းမှာမူ PSG၊ ရီးယဲလ်မက်ဒရစ်၊ အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ် (၄)သင်းရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group