NP News

မော်လူးမြို့တွင် တန်းစီနေသောယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်ခံရပြီး ကားတစ်စီးမီးလောင်ထိခိုက်ပျက်စီး

စော(NP News)- နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့တွင် တန်းစီနေသော ယာဉ်တန်းကို PDF အဖွဲ့က ယနေ့(နိုဝင်ဘာ ၅ရက်)၊ နံနက် (၉)နာရီခွဲအချိန်တွင် ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်ခဲ့ရာ ယာဉ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း ထွက်ပေါ်လာသောရုပ်သံများအရ သိရသည်။
အဆိုပါ ယာဉ်တန်းသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် ယာဉ်တန်းဖြစ်ပြီး ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
တပ်မတော်မှ အင်းတော်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် မော်လူးမြို့အား ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ပြီးခဲ့သည့် (မေလ ၅ ရက်)က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မော်လူး-ကသာလမ်းပိုင်းကို ယာယီပိတ်ထားပြီး မည်သည့့် အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို မသိရှိရသေးပေ။

မူရင်းသတင်း — NP News