
ကားသစ်တစ်စီးကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်းမှာ ပုံမှန်အားဖြင့် လွယ်ကူလှသော သမားရိုးကျ ကိစ္စသာ ဖြစ်သည်။
သို့သော် ကနေဒါနိုင်ငံ၏ ဝေးလံခေါင်သီလှသော ဒေသများမှ မှာယူသူများအတွက်မူ Boeing 737 ဂျက်လေယာဉ်ကြီးများ အသုံးပြုရန် လိုအပ်လာသည်။
အာတိတ်ဒေသသို့ မော်တော်ယာဉ်များ သယ်ဆောင်ပေးသည့် နှစ်စဉ်ကုန်တင်သင်္ဘောအခေါက် လွတ်သွားခဲ့ရပြီးနောက် Ford Maverick ကားသစ်တစ်စင်း ပို့ဆောင်ပေးရန်အတွက် သမားရိုးကျ မဟုတ်သော ပို့ဆောင်ရေးနည်းလမ်း အသုံးပြုရန် လိုအပ်လာခဲ့သည်။
ကုန်းလမ်းလည်း မရှိသဖြင့် Ford Maverick ပစ်ကပ်ကားကို Boeing 737-200 လေယာဉ်ဖြင့် သယ်ဆောင်နိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အာတိတ်ဒေသ၏ အချို့သော လူနေဒေသများသည် ကားမှာယူလိုပါက တစ်နှစ်လျှင် တစ်ကြိမ်သာ မော်တော်ယာဉ် သယ်ဆောင်ပေးသည့် သင်္ဘောကိုသာ အားထားနေရသည်။

(ဓာတ်ပုံ Credit- Mikey McBryan)
ထိုသင်္ဘော လွတ်သွားပါက ကားဝယ်ယူသူများသည် မိမိတို့၏ ကားအသစ်များကို အိမ်သို့ သယ်ယူရန် အခြား နည်းလမ်းများ ရှာဖွေကြရသည်။
ထိုအခြေအနေတွင် Buffalo Airways လေကြောင်းလိုင်းက ၎င်းတို့၏ Boeing 737-200 လေယာဉ်ဖြင့် အဆိုပါ အလုပ်ကို တာဝန်ယူနိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ လေကြောင်းလိုင်းသည် Ford Bronco Sport ကားများကို သယ်ဆောင်ပေးခဲ့ဖူးသော်လည်း ယခု Maverick ကားမှာမူ စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

(ဓာတ်ပုံ Credit- Mikey McBryan)
ပစ်ကပ်ထရပ်တစ်စီးကို Boeing 737-200 လေယာဉ်ဖြင့် သယ်ဆောင်ခြင်းမှာ ပုံမှန် လုပ်ဆောင်နေကျ အလုပ်မျိုး မဟုတ်။
ဦးစွာအားဖြင့် Maverick မှာ လေယာဉ်တွင် ဝင်ဆံ့ခြင်း ရှိမရှိ စစ်ဆေးရန် လိုအပ်သည်။

(ဓာတ်ပုံ Credit-Mikey McBryan / Buffalo Airways)

(ဓာတ်ပုံ Credit- Mikey McBryan)
သို့နှင့် ပစ်ကပ်ကား လေယာဉ်အတွင်းသို့ ဝင်ဆံ့နိုင်ခြင်း ရှိမရှိ စတင်စစ်ဆေးခဲ့ကြသည်။ ကား၏ အရွယ်အစားမှာ ပြဿနာ ဖြစ်နေသည်။
ကံကောင်းထောက်မစွာဖြင့်ပင် စမ်းသပ်မှု အောင်မြင်သွားသည်။
ကားကို အောင်မြင်စွာ သယ်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ရာ Buffalo Airways လေကြောင်းလိုင်းအနေဖြင့် နောက်နှစ်မှ ရောက်လာမည့် သင်္ဘောကို ကာလတာရှည် စောင့်ဆိုင်းနေရမည့် အခြားသော ကားဝယ်သူများအတွက်လည်း ယခုဝန်ဆောင်မှုကို တိုးချဲ့ပေးဖွယ် အလားအလာရှိသည်။

(ဓာတ်ပုံ Credit-Mikey McBryan)

(ဓာတ်ပုံ Credit- Mikey McBryan)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ford Maverick has to be stuffed inside a Boeing 737 because the yearly boat to customer living in remote Canada village is too late (supercarblondie)