NP News

နိုင်ငံတစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံပေမယ့် အသိအမှတ်ပြုမခံရတဲ့ ဆိုမာလီလန်း

Pika (NP News) - နိုဝင်ဘာလ ၆
ဆိုမာလီလန်းသည် အာဖရိကဦးချိုဒေသတွင် တည်ရှိပြီး နိုင်ငံတစ်ခု၏အင်္ဂါရပ်နှင့်ပြည့်စုံသော် လည်း ကမ္ဘာတစ်ဝန်းရှိနိုင်ငံများက ၎င်းကိုနိုင်ငံအဖြစ်တရားဝင်အသိအမှတ်မပြုထားကြောင်း သိရသည်။ ဆိုမာလီလန်းသည် အေဒင်ပင်လယ်ကွေ့၏တောင်ဘက်ကမ်းရိုးတန်းတွင်တည်ရှိပြီး အနောက်မြောက် ဘက်တွင် ဂျီဘူတီနိုင်ငံ၊ တောင်ဘက်နှင့် အနောက်ဘက်တွင် အီသီယိုးပီးယားနှင့် အရှေ့ဘက်တွင် ဆိုမာ လီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဆိုမာလီလန်းက ပိုင်ဆိုင်သည်ဟု ကြေညာထားသော နယ်မြေဧရိယာစုစုပေါင်းမှာ (၁၇၆၁၂၀) စတုရန်းကီလိုမီတာရှိပြီး စုစုပေါင်းနေထိုင်သူလူဦးရေမှာ (၆ ဒသ မ ၂) သန်းရှိကာ အကြီးဆုံးမြို့မှာ ဟာဂီဆာမြို့ဖြစ်သည်။ ကမ္ဘာ့မြေပုံအများစုတွင် ဆိုမာလီလန်းကို ဆို မာလီယာနိုင်ငံ၏ စစ်ဘေးသင့်အစိတ်အပိုင်းတစ်ခုအဖြစ်ဖော်ပြလေ့ရှိသော်လည်း လက်တွေ့တွင် ဆိုမာ လီလန်းက ၎င်းတို့ကိုယ်တိုင် နိုင်ငံတစ်ခုအဖြစ်ကြေညာထားပြီး ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်စစ်တပ်၊ ကိုယ် ပိုင်ငွေကြေးနှင့် ကိုယ်ပိုင်ပတ်စပို့တို့ရှိကာ အခြေခံဥပဒေဖြင့် အုပ်ချုပ်နေကြောင်းလည်း သိရသည်။ ယင်း ကဲ့သို့ နိုင်ငံတစ်ခု၏အင်္ဂါရပ်များနှင့်ပြည့်စုံနေသော်လည်း ဆိုမာလီလန်းကို နိုင်ငံအများစုက နိုင်ငံတစ်ခု အဖြစ်တရားဝင်အသိအမှတ်မပြုကြကြောင်းသိရသည်။

သမိုင်းကြောင်း

အစ္စလာမ်ခေတ်ဦးပိုင်းကာလများအတွင်း ဆိုမာလီလန်းတွင် (၁၄)ရာစုမှ(၁၅)ရာစုအတွင်း ဇေး လားမြို့ကိုအခြေပြုသည့် အဒါလ်ဆူလ်တန် အင်ပါယာအပါအဝင် ဆိုမာလီမွတ်စလင် ဘုရင့်နိုင်ငံများစွာ ပေါ်ပေါက်ခဲ့ဖူးသည်။ ခေတ်သစ်ကာလအစောပိုင်းတွင် အဒါလ်ဆူလ်တန်အင်ပါယာ၏ ဆက်ဆံ အင်ပါ ယာများထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ထဲတွင် အီဆာ့ခ်ဆူလ်တန်အင်ပါယာလည်း ပါဝင်ကြောင်းသိရသည်။ (၁၉) ရာစုနှောင်းပိုင်းတွင် ဗြိတိန်က ဆိုမာလီလန်းရှိ မျိုးနွယ်စုအသီးသီးနှင့် သဘောတူညီချက်များ လက် မှတ်ရေးထိုးခဲ့ပြီး ၎င်းကို အကာအကွယ်ခံ နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ ထို့နောက် (၁၉၆၀) ပြည့် နှစ် ဇွန်လ(၂၆)ရက်တွင် ဗြိတိန်က ဆိုမာလီလန်းနိုင်ငံအဖြစ်တရားဝင်လွတ်လပ်ရေးပေးခဲ့ပြီး အချိန် (၅) ရက်အကြာတွင် ဆိုမာလီလန်း နိုင်ငံက ဆိုမာလီလန်းယုံကြည်အပ်နှံခံနယ်မြေနှင့် ဆန္ဒအလျောက် ပူးပေါင်းကာ ဆိုမာလီသမ္မတနိုင်ငံကိုဖွဲ့စည်းခဲ့သည်။

သို့သော်လည်း အဆိုပါနယ်မြေနှစ်ခုပေါင်းစည်းမှု သည် အစောပိုင်းကာလတည်းက ပြဿနာများရှိခဲ့ပြီး ဆိုမာလီယာရှိ ဘာရီအစိုးရက ဆိုမာလီလန်းရှိ အဓိက မျိုးနွယ်စုဖြစ်သော အီဆာ့ခ် လူမျိုးစုများအပေါ် ပြင်းထန်သော မူဝါဒများကျင့်သုံးခဲ့ခြင်းနှင့် အိုဂါ ဒန်စစ်ပွဲ၏ ဆိုးရွားသောရလဒ်များကြောင့် (၁၀)နှစ်ကြာမြင့်ခဲ့သော လွတ်လပ်ရေးစစ်ပွဲ ဖြစ်ပွားခဲ့ပြီး နောက်ဆုံး (၁၉၉၁)ခုနှစ်တွင် ဆိုမာလီလန်းက ၎င်း၏လွတ်လပ်ရေးကိုကြေညာခြင်းဖြင့် အဆုံးသတ် သွားခဲ့သည်။ ထို့ပြင် ဆိုမာလီလန်းအစိုးရက ၎င်းတို့ကိုယ်၎င်းတို့ ဗြိတိသျှဆိုမာလီလန်း၏ ဆက်ခံ နိုင်ငံ အဖြစ်သတ်မှတ်ထားကြောင်းလည်း သိရသည်။

(၁၉၉၁)ခုနှစ်မှစတင်ကာ ဆိုမာလီလန်းကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရများကအုပ်ချုပ်လာခဲ့ပြီး အစိုးရအားလုံးက နိုင်ငံတကာအသိအမှတ်ပြုမှုကိုရရှိရန်ကြိုးပမ်းခဲ့ကြ ကြောင်း သိရသည်။ ဆိုမာလီလန်းအစိုးရသည် နိုင်ငံခြားအစိုးရ အချို့နှင့် တရားဝင်မဟုတ်သောဆက်ဆံ ရေးများကို ထိန်းသိမ်းထားပြီး နိုင်ငံခြားအစိုးရအချို့က ဆိုမာလီလန်းကို ကိုယ်စားလှယ်အဖွဲ့များစေလွှ တ်ထားကာ အီသီယိုးပီးယားနှင့်တရုတ်(တိုင်ပေ)အပါအဝင် နိုင်ငံအများအပြား၏ကိုယ်စားလှယ်ရုံးများ က ဆိုမာလီလန်းတွင် ရှိနေကြောင်းသိရသည်။ (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်တွင် အစ္စရေးက ဆိုမာ လီလန်းကို လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်တရားဝင်အသိအမှတ်ပြုသည့် ပထမ ဆုံးနှင့် တစ်ခုတည်းသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ သည်။ ထို့ပြင် ဆိုမာလီလန်းသည် ကိုယ်စား ပြုခွင့် မရရှိထားသောနိုင်ငံများနှင့် လူမျိုးများဆိုင်ရာအဖွဲ့အစည်း၏အဖွဲ့ဝင်ဖြစ်ပြီး ယင်းအဖွဲ့အစည်းက ဌာနေ တိုင်းရင်းသားများ၊ လူနည်းစုအုပ်စုများ၊ အသိအမှတ် မပြုခံရသေးသော နယ်မြေများ သို့မဟုတ် သိမ်းပိုက်ခံထားရသည့်နယ်မြေများပါဝင်ဖွဲ့စည်းထားသော အကျိုးစီးပွားကာကွယ်ရေးအဖွဲ့ အစည်း တစ်ခုလည်းဖြစ်သည်။ (၂၀၂၂)ခုနှစ်တွင်ဖြစ်ပွားခဲ့သော Las Anod ပဋိပက္ခအပြီးတွင် ဆိုမာလီလန်းသည် ၎င်း၏အရှေ့ပိုင်းနယ်မြေအများအပြားအပေါ် ထိန်းချုပ်နိုင်စွမ်းဆုံး ရှုံးခဲ့ရပြီး ယင်းနယ်မြေများကို SSC-Khatumo အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ကြသည့် ပြည်ထောင်စုစနစ် လိုလားသောတပ်ဖွဲ့များက သိမ်း ပိုက်သွားခဲ့ခြင်းဖြစ်သည်။ ဆိုမာလီယာနိုင်ငံသည် ဆိုမာလီလန်း၏ လွတ်လပ်ရေးကို အသိအမှတ် ပြု ထားခြင်းမျိုးမရှိဘဲ ၎င်း၏ဖက်ဒရယ်ပြည်နယ်များအနက်တစ်ခုအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ

ဆိုမာလီလန်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံရေးစနစ်ကို သတ်မှတ်ပြဋ္ဌာန်းထားပြီး ငြိမ်း ချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့်ပါတီစုံ စနစ်တို့အပေါ်အခြေခံထားသည့်စနစ်ကို အသုံးပြုထားသည်။

သမ္မတနှင့်အစိုးရအဖွဲ့

ဆိုမာလီလန်း၏အုပ်ချုပ်ရေးပိုင်းကို ရွေးကောက်တင်မြှောက်ထားသောသမ္မတတစ်ဦးက ဦး ဆောင်ပြီး ၎င်း၏အစိုးရအဖွဲ့တွင် ဒုသမ္မတနှင့်ဝန်ကြီးများကောင်စီတို့ပါဝင်သည်။ အစိုးရယန္တရား ပုံမှန် လည်ပတ်နိုင်ရေးအတွက်တာဝန်ယူရသည့် ဝန်ကြီးများကောင်စီကို သမ္မတက အမည်စာရင်းတင်သွင်း ပြီး လွှတ်တော်က အတည်ပြုပေးရကြောင်းသိရသည်။ ထို့ပြင် လွှတ် တော်ကအတည်ပြု ပြဋ္ဌာန်းလိုက် သော ဥပဒေမူကြမ်းများသည် စတင်အသက်မဝင်မီ သမ္မတ၏အတည်ပြုချက်များကို လိုအပ်ကြောင်း လည်းသိရသည်။ သမ္မတ ရွေးကောက်ပွဲရလဒ်များကို ဆိုမာလီလန်း အမျိုးသားရွေးကောက်ပွဲ ကော်မရှင် က အတည်ပြုကြေညာပေးပြီး သမ္မတတစ်ဦးသည် (၅)နှစ်တာသက်တမ်းဖြင့် အများဆုံး (၂) ကြိမ်သာ တာဝန်ထမ်းဆောင်နိုင်ကြောင်းသိရသည်။

လွှတ်တော်

ဥပဒေပြုရေးအာဏာကို လွှတ်တော်ကပိုင်ဆိုင်ထားပြီး ၎င်းတွင် အထက်လွှတ်တော်နှင့် အောက် လွှတ်တော်ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ အထက်လွှတ်တော်ကို Suleiman Mohamoud Adan က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး၊ အောက်လွှတ်တော်ကို Yasin Haji Mohamoud က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ကာ လွှတ်တော်နှစ်ရပ်စလုံးတွင် လွှတ်တော်အမတ်ဦးရေ (၈၂)ဦးစီရှိသည်။ အထက်လွှတ်တော်အမတ်များ ကို ဒေသခံအသိုင်းအဝိုင်းများက သွယ်ဝိုက်သောနည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ကြပြီး ၎င်းတို့၏ သက်တမ်းမှာ (၆)နှစ်ဖြစ်သည်။ အထက်လွှတ်တော်သည် ဥပဒေပြုရာတွင် အောက်လွှတ်တော်နှင့်အတူ ပူးတွဲတာဝန်ယူရသည့်အပြင် ပြည်တွင်းပဋိပက္ခများကိုဖြေရှင်းပေးရသည့်အခန်းကဏ္ဍလည်းရှိကာ ရွေး ကောက်ပွဲကျင်းပရန်မဖြစ်နိုင်သောအခြေအနေမျိုးတွင် သမ္မတနှင့်လွှတ်တော်အမတ်များ၏ သက်တမ်း ကိုတိုးမြှင့်ပေးနိုင်သည့် သီးသန့်အာဏာလည်းရှိကြောင်းသိရသည်။ အောက်လွှတ်တော်အမတ်များကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင် မြှောက်ကြပြီး ၎င်းတို့၏သက်တမ်းမှာ (၅)နှစ်ဖြစ်သည်။ အောက်လွှတ်တော်သည် အထက်လွှတ်တော်နှင့်အတူ ဥပဒေပြုရေးဆိုင်ရာမဲပေးပိုင်ခွင့်ကို ပိုင်ဆိုင်ထား သော်လည်း အထက်လွှတ်တော်က ပယ်ချထားသည့်ဥပဒေကြမ်းတစ်ခုကို အောက်လွှတ်တော်က မဲ အ ရေအတွက်သုံးပုံနှစ်ပုံဖြင့် ထောက်ခံမဲပေးပါက ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်သည့်အပြင် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် သမ္မတကခန့်အပ်မှုများကိုအတည်ပြုပေးခြင်း (တရားရုံးချုပ် တရားသူကြီးချုပ်မှအပ) ကိစ္စတို့တွင် အကြွင်းမဲ့အာဏာရှိကြောင်းလည်းသိရသည်။

ဥပဒေ

ဆိုမာလီလန်း၏တရားစီရင်ရေးစနစ်ကို ခရိုင်တရားရုံးများ၊ ဒေသဆိုင်ရာတရားရုံးများ၊ ဒေသ ဆိုင်ရာအယူခံတရားရုံးများနှင့် တရားရုံးချုပ်တို့က အသီးသီးတာဝန်ယူထားကြသည်။ ဆိုမာလီလန်း နိုင်ငံသားဥပဒေက မည်သူက ဆိုမာလီလန်းနိုင်ငံသားဖြစ်သည်ကို သတ်မှတ်ပြဋ္ဌာန်းထားပြီး နိုင်ငံသား အဖြစ်ခံယူခြင်း သို့မဟုတ် နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုလည်း ပြဋ္ဌာန်း ထားကြောင်းသိရသည်။ ထို့ပြင် ဆိုမာလီလန်းအစိုးရသည် (၁၉၆၂)ခုနှစ်တွင်ပြဋ္ဌာန်းထားသည့် ပြစ်မှုဆိုင် ရာ ဥပဒေကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး လိင်တူဆက်ဆံခြင်းမှာ တရားမဝင် သလို ပြင်းပြင်း ထန် ထန်တားမြစ်ထားကြောင်းလည်းသိရသည်။

ပါတီများနှင့်ရွေးကောက်ပွဲများ

(၂၀ဝ၂)ခုနှစ်တွင် ဆိုမာလီလန်းသည် ပါတီစုံ ဒီမိုကရေစီစနစ်ကိုကူးပြောင်းခဲ့ပြီး မျိုးနွယ်စုအ ခြေပြုရွေးကောက်ပွဲများထက် နိုင်ငံရေးအယူအဆအခြေပြုရွေးကောက်ပွဲများဖြစ်လာစေရန် ရည်ရွယ် ချက်ဖြင့် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်မည့်ပါတီအရေအတွက်ကို (၃)ပါတီသာသတ်မှတ်ထား ကြောင်းသိရသည်။ (၂၀၁၄)ခုနှစ် ဒီဇင်ဘာလအထိ ဆိုမာလီလန်းတွင် နိုင်ငံရေးပါတီ(၃)ခုရှိပြီး ၎င်းတို့မှာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ဝါဒါနီပါတီတို့ဖြစ်သည်။

စစ်တပ်

ဆိုမာလီလန်းစစ်တပ်သည် ဆိုမာလီလန်း၏ အဓိကစစ်ဘက်ဆိုင်ရာကွပ်ကဲမှုအဖွဲ့အစည်းဖြစ်ပြီး ဆိုမာလီလန်းရဲတပ်ဖွဲ့၊ အခြားပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များနှင့်အတူ ၎င်းတို့အားလုံးကို ဆိုမာလီလန်း၏ ကာကွယ်ရေးဝန်ကြီးဌာနက ကြီးကြပ်ကွပ်ကဲသည်။ လက်ရှိတွင် ကာကွယ်ရေးဝန်ကြီး Abdiqani Moh- amoud Aateye က ဆိုမာလီလန်း စစ်တပ်၏အကြီးအကဲဖြစ်ပြီး ဆိုမာလီလန်းတွင် လွတ်လပ်ရေး ကြေ ညာပြီးနောက် မျိုးနွယ်စုအသီးသီးနှင့်ဆက်နွှယ်နေသည့် ရှိနှင့်ပြီးသားလက်နက်ကိုင်အဖွဲ့ငယ်များကို ဗဟို ချုပ်ကိုင်မှုရှိသော စစ်ဘက်ဆိုင်ရာဖွဲ့စည်းပုံတစ်ခုအတွင်းသို့ ပေါင်းစည်းထည့်သွင်းခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ပေါင်းစည်းခြင်းကြောင့်ဖြစ်ပေါ်လာသော အင်အားကြီးမားသည့်စစ်တပ်အတွက် ဆိုမာလီလန်း ၏ဘတ်ဂျက်ငွေထက်ဝက်ခန့်ကိုသုံးစွဲနေရသော်လည်း ယင်းလုပ်ဆောင်ချက်က မျိုးနွယ်စုများအကြား အကြမ်းဖက်မှုများဖြစ်ပွားခြင်းကိုတားဆီးရာတွင် အထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။

zawgyi version

ႏိုင္ငံတစ္ခုရဲ႕ အဂၤါရပ္ေတြနဲ႔ ျပည့္စုံေပမယ့္ အသိအမွတ္ျပဳမခံရတဲ့ ဆိုမာလီလန္း

Pika (NP News) - ႏိုဝင္ဘာလ ၆
ဆိုမာလီလန္းသည္ အာဖရိကဦးခ်ိဳေဒသတြင္ တည္ရွိၿပီး ႏိုင္ငံတစ္ခု၏အဂၤါရပ္ႏွင့္ျပည့္စုံေသာ္ လည္း ကမာၻတစ္ဝန္းရွိႏိုင္ငံမ်ားက ၎ကိုႏိုင္ငံအျဖစ္တရားဝင္အသိအမွတ္မျပဳထားေၾကာင္း သိရသည္။ ဆိုမာလီလန္းသည္ ေအဒင္ပင္လယ္ေကြ႕၏ေတာင္ဘက္ကမ္း႐ိုးတန္းတြင္တည္ရွိၿပီး အေနာက္ေျမာက္ ဘက္တြင္ ဂ်ီဘူတီႏိုင္ငံ၊ ေတာင္ဘက္ႏွင့္ အေနာက္ဘက္တြင္ အီသီယိုးပီးယားႏွင့္ အေရွ႕ဘက္တြင္ ဆိုမာ လီယာႏိုင္ငံတို႔ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနသည္။ ဆိုမာလီလန္းက ပိုင္ဆိုင္သည္ဟု ေၾကညာထားေသာ နယ္ေျမဧရိယာစုစုေပါင္းမွာ (၁၇၆၁၂၀) စတုရန္းကီလိုမီတာရွိၿပီး စုစုေပါင္းေနထိုင္သူလူဦးေရမွာ (၆ ဒသ မ ၂) သန္းရွိကာ အႀကီးဆုံးၿမိဳ႕မွာ ဟာဂီဆာၿမိဳ႕ျဖစ္သည္။ ကမာၻ႔ေျမပုံအမ်ားစုတြင္ ဆိုမာလီလန္းကို ဆို မာလီယာႏိုင္ငံ၏ စစ္ေဘးသင့္အစိတ္အပိုင္းတစ္ခုအျဖစ္ေဖာ္ျပေလ့ရွိေသာ္လည္း လက္ေတြ႕တြင္ ဆိုမာ လီလန္းက ၎တို႔ကိုယ္တိုင္ ႏိုင္ငံတစ္ခုအျဖစ္ေၾကညာထားၿပီး ကိုယ္ပိုင္အစိုးရ၊ ကိုယ္ပိုင္စစ္တပ္၊ ကိုယ္ ပိုင္ေငြေၾကးႏွင့္ ကိုယ္ပိုင္ပတ္စပို႔တို႔ရွိကာ အေျခခံဥပေဒျဖင့္ အုပ္ခ်ဳပ္ေနေၾကာင္းလည္း သိရသည္။ ယင္း ကဲ့သို႔ ႏိုင္ငံတစ္ခု၏အဂၤါရပ္မ်ားႏွင့္ျပည့္စုံေနေသာ္လည္း ဆိုမာလီလန္းကို ႏိုင္ငံအမ်ားစုက ႏိုင္ငံတစ္ခု အျဖစ္တရားဝင္အသိအမွတ္မျပဳၾကေၾကာင္းသိရသည္။
သမိုင္းေၾကာင္း
အစၥလာမ္ေခတ္ဦးပိုင္းကာလမ်ားအတြင္း ဆိုမာလီလန္းတြင္ (၁၄)ရာစုမွ(၁၅)ရာစုအတြင္း ေဇး လားၿမိဳ႕ကိုအေျချပဳသည့္ အဒါလ္ဆူလ္တန္ အင္ပါယာအပါအဝင္ ဆိုမာလီမြတ္စလင္ ဘုရင့္ႏိုင္ငံမ်ားစြာ ေပၚေပါက္ခဲ့ဖူးသည္။ ေခတ္သစ္ကာလအေစာပိုင္းတြင္ အဒါလ္ဆူလ္တန္အင္ပါယာ၏ ဆက္ဆံ အင္ပါ ယာမ်ားထြက္ေပၚလာခဲ့ၿပီး ၎တို႔ထဲတြင္ အီဆာ့ခ္ဆူလ္တန္အင္ပါယာလည္း ပါဝင္ေၾကာင္းသိရသည္။ (၁၉) ရာစုေႏွာင္းပိုင္းတြင္ ၿဗိတိန္က ဆိုမာလီလန္းရွိ မ်ိဳးႏြယ္စုအသီးသီးႏွင့္ သေဘာတူညီခ်က္မ်ား လက္ မွတ္ေရးထိုးခဲ့ၿပီး ၎ကို အကာအကြယ္ခံ ေနရာတစ္ခုအျဖစ္သတ္မွတ္ခဲ့သည္။ ထို႔ေနာက္ (၁၉၆၀) ျပည့္ ႏွစ္ ဇြန္လ(၂၆)ရက္တြင္ ၿဗိတိန္က ဆိုမာလီလန္းႏိုင္ငံအျဖစ္တရားဝင္လြတ္လပ္ေရးေပးခဲ့ၿပီး အခ်ိန္ (၅) ရက္အၾကာတြင္ ဆိုမာလီလန္း ႏိုင္ငံက ဆိုမာလီလန္းယုံၾကည္အပ္ႏွံခံနယ္ေျမႏွင့္ ဆႏၵအေလ်ာက္ ပူးေပါင္းကာ ဆိုမာလီသမၼတႏိုင္ငံကိုဖြဲ႕စည္းခဲ့သည္။ သို႔ေသာ္လည္း အဆိုပါနယ္ေျမႏွစ္ခုေပါင္းစည္းမႈ သည္ အေစာပိုင္းကာလတည္းက ျပႆနာမ်ားရွိခဲ့ၿပီး ဆိုမာလီယာရွိ ဘာရီအစိုးရက ဆိုမာလီလန္းရွိ အဓိက မ်ိဳးႏြယ္စုျဖစ္ေသာ အီဆာ့ခ္ လူမ်ိဳးစုမ်ားအေပၚ ျပင္းထန္ေသာ မူဝါဒမ်ားက်င့္သုံးခဲ့ျခင္းႏွင့္ အိုဂါ ဒန္စစ္ပြဲ၏ ဆိုး႐ြားေသာရလဒ္မ်ားေၾကာင့္ (၁၀)ႏွစ္ၾကာျမင့္ခဲ့ေသာ လြတ္လပ္ေရးစစ္ပြဲ ျဖစ္ပြားခဲ့ၿပီး ေနာက္ဆုံး (၁၉၉၁)ခုႏွစ္တြင္ ဆိုမာလီလန္းက ၎၏လြတ္လပ္ေရးကိုေၾကညာျခင္းျဖင့္ အဆုံးသတ္ သြားခဲ့သည္။ ထို႔ျပင္ ဆိုမာလီလန္းအစိုးရက ၎တို႔ကိုယ္၎တို႔ ၿဗိတိသွ်ဆိုမာလီလန္း၏ ဆက္ခံ ႏိုင္ငံ အျဖစ္သတ္မွတ္ထားေၾကာင္းလည္း သိရသည္။
(၁၉၉၁)ခုႏွစ္မွစတင္ကာ ဆိုမာလီလန္းကို ဒီမိုကေရစီနည္းက် ေ႐ြးခ်ယ္တင္ေျမႇာက္ထားေသာ အစိုးရမ်ားကအုပ္ခ်ဳပ္လာခဲ့ၿပီး အစိုးရအားလုံးက ႏိုင္ငံတကာအသိအမွတ္ျပဳမႈကိုရရွိရန္ႀကိဳးပမ္းခဲ့ၾက ေၾကာင္း သိရသည္။ ဆိုမာလီလန္းအစိုးရသည္ ႏိုင္ငံျခားအစိုးရ အခ်ိဳ႕ႏွင့္ တရားဝင္မဟုတ္ေသာဆက္ဆံ ေရးမ်ားကို ထိန္းသိမ္းထားၿပီး ႏိုင္ငံျခားအစိုးရအခ်ိဳ႕က ဆိုမာလီလန္းကို ကိုယ္စားလွယ္အဖြဲ႕မ်ားေစလႊ တ္ထားကာ အီသီယိုးပီးယားႏွင့္တ႐ုတ္(တိုင္ေပ)အပါအဝင္ ႏိုင္ငံအမ်ားအျပား၏ကိုယ္စားလွယ္႐ုံးမ်ား က ဆိုမာလီလန္းတြင္ ရွိေနေၾကာင္းသိရသည္။ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ(၂၆)ရက္တြင္ အစၥေရးက ဆိုမာ လီလန္းကို လြတ္လပ္ၿပီးအခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ခုအျဖစ္တရားဝင္အသိအမွတ္ျပဳသည့္ ပထမ ဆုံးႏွင့္ တစ္ခုတည္းေသာ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာခဲ့ သည္။ ထို႔ျပင္ ဆိုမာလီလန္းသည္ ကိုယ္စား ျပဳခြင့္ မရရွိထားေသာႏိုင္ငံမ်ားႏွင့္ လူမ်ိဳးမ်ားဆိုင္ရာအဖြဲ႕အစည္း၏အဖြဲ႕ဝင္ျဖစ္ၿပီး ယင္းအဖြဲ႕အစည္းက ဌာေန တိုင္းရင္းသားမ်ား၊ လူနည္းစုအုပ္စုမ်ား၊ အသိအမွတ္ မျပဳခံရေသးေသာ နယ္ေျမမ်ား သို႔မဟုတ္ သိမ္းပိုက္ခံထားရသည့္နယ္ေျမမ်ားပါဝင္ဖြဲ႕စည္းထားေသာ အက်ိဳးစီးပြားကာကြယ္ေရးအဖြဲ႕ အစည္း တစ္ခုလည္းျဖစ္သည္။ (၂၀၂၂)ခုႏွစ္တြင္ျဖစ္ပြားခဲ့ေသာ Las Anod ပဋိပကၡအၿပီးတြင္ ဆိုမာလီလန္းသည္ ၎၏အေရွ႕ပိုင္းနယ္ေျမအမ်ားအျပားအေပၚ ထိန္းခ်ဳပ္ႏိုင္စြမ္းဆုံး ရႈံးခဲ့ရၿပီး ယင္းနယ္ေျမမ်ားကို SSC-Khatumo အုပ္ခ်ဳပ္ေရးအဖြဲ႕ကိုဖြဲ႕စည္းခဲ့ၾကသည့္ ျပည္ေထာင္စုစနစ္ လိုလားေသာတပ္ဖြဲ႕မ်ားက သိမ္း ပိုက္သြားခဲ့ျခင္းျဖစ္သည္။ ဆိုမာလီယာႏိုင္ငံသည္ ဆိုမာလီလန္း၏ လြတ္လပ္ေရးကို အသိအမွတ္ ျပဳ ထားျခင္းမ်ိဳးမရွိဘဲ ၎၏ဖက္ဒရယ္ျပည္နယ္မ်ားအနက္တစ္ခုအျဖစ္သတ္မွတ္ထားေၾကာင္း သိရသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ
ဆိုမာလီလန္း၏ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ ႏိုင္ငံေရးစနစ္ကို သတ္မွတ္ျပ႒ာန္းထားၿပီး ၿငိမ္း ခ်မ္းေရး၊ ပူးေပါင္းေဆာင္႐ြက္ေရး၊ ဒီမိုကေရစီႏွင့္ပါတီစုံ စနစ္တို႔အေပၚအေျခခံထားသည့္စနစ္ကို အသုံးျပဳထားသည္။
သမၼတႏွင့္အစိုးရအဖြဲ႕
ဆိုမာလီလန္း၏အုပ္ခ်ဳပ္ေရးပိုင္းကို ေ႐ြးေကာက္တင္ေျမႇာက္ထားေသာသမၼတတစ္ဦးက ဦး ေဆာင္ၿပီး ၎၏အစိုးရအဖြဲ႕တြင္ ဒုသမၼတႏွင့္ဝန္ႀကီးမ်ားေကာင္စီတို႔ပါဝင္သည္။ အစိုးရယႏၲရား ပုံမွန္ လည္ပတ္ႏိုင္ေရးအတြက္တာဝန္ယူရသည့္ ဝန္ႀကီးမ်ားေကာင္စီကို သမၼတက အမည္စာရင္းတင္သြင္း ၿပီး လႊတ္ေတာ္က အတည္ျပဳေပးရေၾကာင္းသိရသည္။ ထို႔ျပင္ လႊတ္ ေတာ္ကအတည္ျပဳ ျပ႒ာန္းလိုက္ ေသာ ဥပေဒမူၾကမ္းမ်ားသည္ စတင္အသက္မဝင္မီ သမၼတ၏အတည္ျပဳခ်က္မ်ားကို လိုအပ္ေၾကာင္း လည္းသိရသည္။ သမၼတ ေ႐ြးေကာက္ပြဲရလဒ္မ်ားကို ဆိုမာလီလန္း အမ်ိဳးသားေ႐ြးေကာက္ပြဲ ေကာ္မရွင္ က အတည္ျပဳေၾကညာေပးၿပီး သမၼတတစ္ဦးသည္ (၅)ႏွစ္တာသက္တမ္းျဖင့္ အမ်ားဆုံး (၂) ႀကိမ္သာ တာဝန္ထမ္းေဆာင္ႏိုင္ေၾကာင္းသိရသည္။
လႊတ္ေတာ္
ဥပေဒျပဳေရးအာဏာကို လႊတ္ေတာ္ကပိုင္ဆိုင္ထားၿပီး ၎တြင္ အထက္လႊတ္ေတာ္ႏွင့္ ေအာက္ လႊတ္ေတာ္ဟူ၍ ႏွစ္ပိုင္းခြဲျခားထားသည္။ အထက္လႊတ္ေတာ္ကို Suleiman Mohamoud Adan က ဥကၠ႒အျဖစ္ဦးေဆာင္ၿပီး၊ ေအာက္လႊတ္ေတာ္ကို Yasin Haji Mohamoud က ဥကၠ႒အျဖစ္ဦးေဆာင္ကာ လႊတ္ေတာ္ႏွစ္ရပ္စလုံးတြင္ လႊတ္ေတာ္အမတ္ဦးေရ (၈၂)ဦးစီရွိသည္။ အထက္လႊတ္ေတာ္အမတ္မ်ား ကို ေဒသခံအသိုင္းအဝိုင္းမ်ားက သြယ္ဝိုက္ေသာနည္းလမ္းျဖင့္ ေ႐ြးေကာက္တင္ေျမႇာက္ၾကၿပီး ၎တို႔၏ သက္တမ္းမွာ (၆)ႏွစ္ျဖစ္သည္။ အထက္လႊတ္ေတာ္သည္ ဥပေဒျပဳရာတြင္ ေအာက္လႊတ္ေတာ္ႏွင့္အတူ ပူးတြဲတာဝန္ယူရသည့္အျပင္ ျပည္တြင္းပဋိပကၡမ်ားကိုေျဖရွင္းေပးရသည့္အခန္းက႑လည္းရွိကာ ေ႐ြး ေကာက္ပြဲက်င္းပရန္မျဖစ္ႏိုင္ေသာအေျခအေနမ်ိဳးတြင္ သမၼတႏွင့္လႊတ္ေတာ္အမတ္မ်ား၏ သက္တမ္း ကိုတိုးျမႇင့္ေပးႏိုင္သည့္ သီးသန႔္အာဏာလည္းရွိေၾကာင္းသိရသည္။ ေအာက္လႊတ္ေတာ္အမတ္မ်ားကို ျပည္သူလူထုက တိုက္႐ိုက္ေ႐ြးေကာက္တင္ ေျမႇာက္ၾကၿပီး ၎တို႔၏သက္တမ္းမွာ (၅)ႏွစ္ျဖစ္သည္။ ေအာက္လႊတ္ေတာ္သည္ အထက္လႊတ္ေတာ္ႏွင့္အတူ ဥပေဒျပဳေရးဆိုင္ရာမဲေပးပိုင္ခြင့္ကို ပိုင္ဆိုင္ထား ေသာ္လည္း အထက္လႊတ္ေတာ္က ပယ္ခ်ထားသည့္ဥပေဒၾကမ္းတစ္ခုကို ေအာက္လႊတ္ေတာ္က မဲ အ ေရအတြက္သုံးပုံႏွစ္ပုံျဖင့္ ေထာက္ခံမဲေပးပါက ဥပေဒအျဖစ္ျပ႒ာန္းႏိုင္သည့္အျပင္ ဘ႑ာေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ သမၼတကခန႔္အပ္မႈမ်ားကိုအတည္ျပဳေပးျခင္း (တရား႐ုံးခ်ဳပ္ တရားသူႀကီးခ်ဳပ္မွအပ) ကိစၥတို႔တြင္ အႂကြင္းမဲ့အာဏာရွိေၾကာင္းလည္းသိရသည္။
ဥပေဒ
ဆိုမာလီလန္း၏တရားစီရင္ေရးစနစ္ကို ခ႐ိုင္တရား႐ုံးမ်ား၊ ေဒသဆိုင္ရာတရား႐ုံးမ်ား၊ ေဒသ ဆိုင္ရာအယူခံတရား႐ုံးမ်ားႏွင့္ တရား႐ုံးခ်ဳပ္တို႔က အသီးသီးတာဝန္ယူထားၾကသည္။ ဆိုမာလီလန္း ႏိုင္ငံသားဥပေဒက မည္သူက ဆိုမာလီလန္းႏိုင္ငံသားျဖစ္သည္ကို သတ္မွတ္ျပ႒ာန္းထားၿပီး ႏိုင္ငံသား အျဖစ္ခံယူျခင္း သို႔မဟုတ္ ႏိုင္ငံသားအျဖစ္မွ စြန႔္လႊတ္ျခင္းဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားကိုလည္း ျပ႒ာန္း ထားေၾကာင္းသိရသည္။ ထို႔ျပင္ ဆိုမာလီလန္းအစိုးရသည္ (၁၉၆၂)ခုႏွစ္တြင္ျပ႒ာန္းထားသည့္ ျပစ္မႈဆိုင္ ရာ ဥပေဒကို ဆက္လက္က်င့္သုံးလ်က္ရွိၿပီး လိင္တူဆက္ဆံျခင္းမွာ တရားမဝင္ သလို ျပင္းျပင္း ထန္ ထန္တားျမစ္ထားေၾကာင္းလည္းသိရသည္။

ပါတီမ်ားႏွင့္ေ႐ြးေကာက္ပြဲမ်ား
(၂၀ဝ၂)ခုႏွစ္တြင္ ဆိုမာလီလန္းသည္ ပါတီစုံ ဒီမိုကေရစီစနစ္ကိုကူးေျပာင္းခဲ့ၿပီး မ်ိဳးႏြယ္စုအ ေျချပဳေ႐ြးေကာက္ပြဲမ်ားထက္ ႏိုင္ငံေရးအယူအဆအေျချပဳေ႐ြးေကာက္ပြဲမ်ားျဖစ္လာေစရန္ ရည္႐ြယ္ ခ်က္ျဖင့္ ေ႐ြးေကာက္ပြဲတြင္ပါဝင္ယွဥ္ၿပိဳင္ႏိုင္မည့္ပါတီအေရအတြက္ကို (၃)ပါတီသာသတ္မွတ္ထား ေၾကာင္းသိရသည္။ (၂၀၁၄)ခုႏွစ္ ဒီဇင္ဘာလအထိ ဆိုမာလီလန္းတြင္ ႏိုင္ငံေရးပါတီ(၃)ခုရွိၿပီး ၎တို႔မွာ ၿငိမ္းခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ တရားမွ်တမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီႏွင့္ ဝါဒါနီပါတီတို႔ျဖစ္သည္။
စစ္တပ္
ဆိုမာလီလန္းစစ္တပ္သည္ ဆိုမာလီလန္း၏ အဓိကစစ္ဘက္ဆိုင္ရာကြပ္ကဲမႈအဖြဲ႕အစည္းျဖစ္ၿပီး ဆိုမာလီလန္းရဲတပ္ဖြဲ႕၊ အျခားျပည္တြင္းလုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္အတူ ၎တို႔အားလုံးကို ဆိုမာလီလန္း၏ ကာကြယ္ေရးဝန္ႀကီးဌာနက ႀကီးၾကပ္ကြပ္ကဲသည္။ လက္ရွိတြင္ ကာကြယ္ေရးဝန္ႀကီး Abdiqani Moh- amoud Aateye က ဆိုမာလီလန္း စစ္တပ္၏အႀကီးအကဲျဖစ္ၿပီး ဆိုမာလီလန္းတြင္ လြတ္လပ္ေရး ေၾက ညာၿပီးေနာက္ မ်ိဳးႏြယ္စုအသီးသီးႏွင့္ဆက္ႏႊယ္ေနသည့္ ရွိႏွင့္ၿပီးသားလက္နက္ကိုင္အဖြဲ႕ငယ္မ်ားကို ဗဟို ခ်ဳပ္ကိုင္မႈရွိေသာ စစ္ဘက္ဆိုင္ရာဖြဲ႕စည္းပုံတစ္ခုအတြင္းသို႔ ေပါင္းစည္းထည့္သြင္းခဲ့ေၾကာင္း သိရသည္။ ယင္းကဲ့သို႔ေပါင္းစည္းျခင္းေၾကာင့္ျဖစ္ေပၚလာေသာ အင္အားႀကီးမားသည့္စစ္တပ္အတြက္ ဆိုမာလီလန္း ၏ဘတ္ဂ်က္ေငြထက္ဝက္ခန႔္ကိုသုံးစြဲေနရေသာ္လည္း ယင္းလုပ္ေဆာင္ခ်က္က မ်ိဳးႏြယ္စုမ်ားအၾကား အၾကမ္းဖက္မႈမ်ားျဖစ္ပြားျခင္းကိုတားဆီးရာတြင္ အေထာက္အကူျဖစ္ေစခဲ့ေၾကာင္း သိရသည္။

မူရင်းသတင်း — NP News