NP News

မြန်မာ့ရိုးရာပွဲ‌ဈေးကို ယနေ့တွင် စတင်ကျင်းပနေရာ စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများပြား

စော(NP News)- နိုဝင်ဘာ ၆
ကျင်းပသော မြန်မာ့ရိုးရာပွဲ‌ဈေးကို ယနေ့ (နိုဝင်ဘာ ၆ရက်)တွင် ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Conversation Centre (YCC)၌ စတင်ကျင်းပခဲ့ရာ စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများပြားနေကြောင်း မြင်ရသည်။
အဆိုပါပွဲတော်ကို နိုဝင်ဘာ(၆)ရက်မှ (၈)ရက်အထိ ၊ နံနက် (၁၀)နာရီမှ ည(၈)နာရီအတွင်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာများ၊ မြန်မာ့ရိုးရာအဝတ်အထည်များ၊ မြန်မာ့စားဖွယ် ပြုလုပ်နည်းသရုပ်ပြပွဲများ၊ စကားဝိုင်းများ၊ စမ်းရေမိုးဇာတ်ပွဲနှင့် Project Kအဖွဲ့ ဖျော်ဖြေပွဲ နှင့် တိုင်းရင်းသား ပဒေသာအကများ ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ယနေ့(နိုဝင်ဘာ ၆ရက်)တွင် နာမည်ကြီးသရုပ်ဆောင်များ၊ နာမည်ကျော်ကြားသူများ အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တော်များဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါပွဲတော်တွင် ဆိုင်ခန်းပေါင်း (၁၅၅)ခန်း ဖွင့်လှစ်ရောင်းချနေရာ ဇုန် (A) တန်း၌ အစားအသောက်များ(Fast Food)၊ ဇုန်(B)တန်း၌ ဒေသအသီးသီး၏ စားသောက်ကုန်များ ၊ ဇုန် (C) တန်း၌ တိုင်းရင်းသားဒေသ အသီးသီးမှ ထွက်ကုန်နှင့် လူသုံးကုန်အမျိုးမျိုး ပါဝင်ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကို မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်း‌စောင့်ရှောက်ရေးအဖွဲ့ မှ ဥက္ကဋ္ဌ‌ဒေါ်စန္ခာခင်၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တို့က တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
"ပွဲတော်များနှင့်အတူ ယှဉ်တွဲပါလာတဲ့ ပွဲဈေးဆိုသည်မှာလည်း ရိုးရာကုန်စည်များ၊ ဒေသထွက်ကုန်များ၊ လက်မှုအနုပညာပစ္စည်းများနှင့် မြန်မာ့ရိုးရာ မုန့်ပဲသရေစာများကို တစ်စုတစ်စည်းထဲတွေ့မြင်ဝယ်ယူနိုင်သည့် ဒေသတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရာနေရာတစ်ခု ဖြစ်ပါတယ်"ဟု ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းကပြောကြားခဲ့သည်။

မူရင်းသတင်း — NP News