NP News

ဘိုကလေးတွင် ငွေကျပ် (၇၇၀၀) သိန်းကျော်တန်ဖိုးရှိ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများနှင့် တရားခံ (၁၂) ဦးတို့ကို ဖမ်းဆီးအရေးယူထား

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ငွေကျပ် (၇၇၀၀) သိန်းကျော်တန်ဖိုးရှိ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများနှင့် တရားခံ (၁၂) ဦးတို့ကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
အဆိုပါပစ္စည်းများကို ပြီးခဲ့သည့် နိုဝင်ဘာ (၁) ရက်က ခိုင်ခိုင်မိုး-၉ ကမ်းရိုးတန်းသွားရေယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိပစ္စည်းများတွင် လျှပ်စစ်လူသုံးကုန်ပစ္စည်းများ၊ ဆပ်ပြာထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုကုန်ကြမ်းများနှင့် လယ်ထွန်စက်တာယာဘီးများ အပါအဝင် အမျိုးအစား (၂၀) မျိုး ပါဝင်ပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေကျပ် (၇၇၁၈ ဒသမ ၄) သိန်းရှိကြောင်း သိရသည်။
ယင်းတရားမဝင်ကုန်သွယ်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ တရားခံ(၁၂) ဦးကိုလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News