
၆.၁၁.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်တွင် နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖြစ်ပွားသော နှစ်ထပ်နေအိမ်တစ်လုံးမီးလောင်မှုမှာ မီးပလပ်ခုံအပူလွန်ကဲရာမှစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ်နေအိမ်၏ မီးဖိုဆောင်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၁၈ ပေပတ်လည် နှစ်ထပ်နေအိမ်၊ အလျား ၁၀ ပေ၊အနံ ၁၅ ပေ မီးဖိုဆောင်နှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“မီးဖိုဆောင်မှာ ထမင်းအိုးတည်ရင်း ပလပ်မဖြုတ်ဘဲထားခဲ့ရာကနေ မီးပလပ်ခုံက အပူလွန်ပြီး အနားမှာရှိတဲ့ ထရံကိုမီးကူးသွားတာပါ။ မီးဖိုဆောင်ကနေ အိမ်ကိုပါကူးသွားတာ။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး” ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ရေသယ်ယာဥ် သုံးစီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နှစ်ထပ်နေအိမ်မီးလောင်မှုကြောင့် အသက် ၅၃နှစ်အရွယ် ဦးဖပေါင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။