NP News

နိုင်ငံအတွင်းရှိလူမျိုးစုများ ချစ်ကြည်ရင်းနှီးမှုက နိုင်ငံအချုပ်အခြာအာဏာ၏အခြေခံအုတ်မြတ်ဖြစ်ဟု ရုရှားသမ္မတ ပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆

နိုင်ငံအတွင်းရှိ လူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှုသည် ရုရှား၏ အချုပ်အခြာ အာဏာ၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း ရုရှားသမ္မတက ပြောကြားခဲ့သည်။ နိုဝင်ဘာလ (၄) ရက်က မော်စကိုမြို့ တွင် ကျင်းပခဲ့သော 'Peoples of Russia' (ရုရှားနိုင်ငံ၏ လူမျိုးစုများ)အခမ်းအနား၌ ကျင်းပသည့် အမျိုးသား စည်းလုံးညီညွတ်ရေးနေ့တွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် မိန့်ခွန်းပြောကြားချိန်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနေ့အထိမ်းအမှတ်အဖြစ် သမ္မတပူတင်က ရုရှားပြည်သူများ၏ စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို ချီးကျူးပြောကြားခဲ့သည်။ သမ္မတပူတင်က "ရုရှားပြည်သူများအကြား အပြန်အလှန်လေးစားမှုနဲ့ သဟဇာတဖြစ်မှုနဲ့ သူတို့ရဲ့စည်းလုံးညီညွတ်မှုဟာ ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာ အာဏာနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းထားတဲ့ အဓိက အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ ရုရှားပြည်သူတွေရဲ့သန်မာ ပြီး မအောင်နိုင်တဲ့ စည်းလုံးညီညွတ်မှု စိတ်ဓာတ်ဟာ တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်း အမွေ ဆက်ခံလာခဲ့တာဖြစ်ပါတယ်" ဟုလည်း ဆိုသည်။
နိုဝင်ဘာလ(၄) ရက်တွင် ကျရောက်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနေ့သည် ၁၆၁၂ ခုနှစ်က ကုန်သည် ကူးဇ်မာ မီနင် နှင့် တော်ဝင်မင်းသားပရင့်စ် ဒမီးထရီပိုဇာစကီးတို့ ဦးဆောင်သည့် ပြည်သူ့ဆန္ဒအတိုင်း ဖွဲ့စည်းထား သော တပ်မတော်က ပိုလန်-လစ်သူယေးနီးယားတပ်များကို မော်စကိုမှ တိုက်ထုတ်လွတ်မြောက်စေခဲ့သည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ ထို့အပြင် ပူတင်က ရုရှားဘာသာစကားနှင့် ရုရှားလူမျိုးများသည် ရုရှားနိုင်ငံတော်၏ အဓိက အခြေခံဒေါက်တိုင်များဖြစ်ကြပြီး များစွာသော တိုင်းရင်းသားလူမျိုးစုများကို စည်းလုံးစေသည့် အင်အား တစ်ရပ်အဖြစ်ဆောင်ရွက်နေကြောင်း ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံတွင် ၎င်း၏ ဖက်ဒရယ်နယ်မြေ ၈၉ ခု၌ လူမျိုးစုနှင့် ဘာသာရေး ကွဲပြားသည့် အသိုက်အဝန်းများစွာ ပါဝင် နေပြီး တာတာ၊ ချေချင်ညာချချက်၊ ဘာရှကီရ် နှင့် ယူကရိန်း အပါအဝင် လူမျိုးစုပေါင်း (၁၉၀) ခန့် မှီတင်းနေထိုင် ကြသည်။ အများစုမှာ တာတာစတန်၊ ချေချင်ညာ၊ ဒါဂက်စတန် နှင့် ဘာရှကော်တိုစတန်ကဲ့သို့သော ပြည်နယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် နေထိုင်ကြသည်။

မူရင်းသတင်း — NP News