
ပုလဲ (NP News) - နိုဝင်ဘာ ၈
ကိုဗစ်ကာလနောက်ပိုင်း အရောင်းအဝယ်အေးလာသည့် ဗိုလ်ချုပ်ဈေးရှိဆိုင်ခန်းများကို ပြန် လည်ရောင်းချလို သူများနှင့် ပြန်လည်ငှားရမ်းလိုသူများလာကြောင်း ဗိုလ်ချုပ်ဈေးမှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက NP News သို့ပြောသည်။
“ဗိုလ်ချုပ်ဈေးထဲမှာဆို ငှားမည်၊ ရောင်းမည်ဆိုတဲ့ဆိုင်ခန်းတွေ အများကြီးပဲ။ ငှားမယ့်သူကလည်း အလုပ်မဖြစ် တော့ မငှားကြဘူး။ အရောင်းအဝယ်သာမဖြစ်တာ ဈေးက ကျမသွားဘူး။ ဒါကြီးကို ငှားပြီး (၆)လစာတို့၊ တစ်နှစ်စာတို့ချု ပ်ရမှာလေ။ အရင်းအနှီးကြီးထည့်ထားရင် ကိုယ်က အလုပ်ဖြစ်ဦးမှ” ဟု အ ထက်ပါဆိုင်ခန်းပိုင်ရှင်က ပြောသည်။
ထိုသို့ ပြန်လည်ရောင်းချ၊ ငှားရမ်းလိုသည့်ဆိုင်ခန်းများမှာ ယခင်က ကျောက်မျက်ရတနာရောင်းချသည့် ဆိုင် များ၊ အထည်ဆိုင်များနှင့် လက်ဆောင် ပစ္စည်းရောင်းချသည့်ဆိုင်များဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ကျောက်မျက်ရတနာ ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေ၊ အထည်ဆိုင် တွေ အများကြီးပဲ” ဟု ၎င်းကပြောသည်။
မြန်မာ့ရိုးရာအနုပညာပစ္စည်းများ၊ ကျောက်မျက်ရတနာများနှင့် အမှတ်တရပစ္စည်းများဝယ်ယူရန် အကောင်းဆုံး နေရာတစ်ခုဖြစ်သော်လည်း ကိုဗစ်ကပ် ရောဂါဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်ထိ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းသည့်အတွက် အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြန်လည်ရောင်းချလိုသူ၊ ပြန်လည်ငှားရမ်းလိုသူ များလာသော်လည်း အရောင်း၊ အငှားမဖြစ်ကြောင်း ၎င်းကပြောသည်။
“ကိုဗစ်နဲ့နိုင်ငံရေးနဲ့ရောထွေးလိုက်ကတည်းက ဒီနေ့အချိန်ထိအရောင်းပါးတာ။ တစ်မျိုးတည်း ပြောလို့မရဘူး (၂)မျိုး။ အခုဆို (၅)နှစ်ကျော်ပြီ။ ခရီးသွားတွေကလည်းမဝင်တော့။ ဗိုလ်ချုပ်ဈေးက နိုင်ငံခြား သားဧည့်သည်ကို အားကိုး ပြီးရောင်းရတာ”ဟုပြောသည်။
ဗိုလ်ချုပ်ဈေးသည် ကိုလိုနီခေတ်လက်ရာ ဗိသုကာလက်ရာများဖြင့်တည်ဆောက်ထားသည့် ရန်ကုန်မြို့၏ သမိုင်းဝင် အထင်ကရဈေးကြီးတစ်ခုဖြစ်ပြီး ဆိုင်ခန်းပေါင်း (၁,၈၀ဝ)ကျော်မှ (၂,ဝဝဝ)နီးပါးအထိ ရှိကြောင်းသိရသည်။
