
ထိုက်စံ (NP News) - နိုဝင်ဘာ ၈
လူမှုဖူလုံရေးဆေးခန်းရှိဝန်ထမ်းများ ရိုင်းပျစော်ကားသည့်အပြုအမူများကို သက်သေနှင့်တကွ တိုင်ကြားပါက အရေးယူပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ရန်ကုန်မြို့ရှိ မြန်မာကွန် ဗင်းရှင်း စင်တာတွင်ကျင်း ပပြုလုပ်ခဲ့သည့် လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေး ပွဲတွင် NP News မှ မေးမြန်းမှုအပေါ်ဖြေကြားခဲ့သည်။
လူမှုဖူလုံရေးဆေးခန်းတွင်ပြသသည့် အကျိုးခံစားခွင့်ရှိသူများမှ ဆေးလုံလောက်စွာမရရှိ သည့်အခက်အခဲများ ကြုံတွေ့ခဲ့ရသည့်အပေါ် ယင်းအခြေအနေကို သင်ခန်းစာယူ၍ ပြန်လည်မဖြစ်စေရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
“နောက်ဖြစ်စရာမရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အခု ပြီးခဲ့တဲ့ဟာ အတွက်ကို သင်ခန်းစာ ယူပြီးတော့မှ နောက်မဖြစ်အောင် ကျွန်တော်တို့လုပ်လိုက်ပြီ။ ပြီးရင် ဒီ System ကိုလည်း ဘတ်ဂျက်အရ အဆင်ပြေ ပြီဆိုရင် ချိန်း လိုက်မှာဆိုတော့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းက ဝယ်ပြီး သူ့ဟာသူ အလုပ်သမားကို၊ လူနာကို ပေးလို့ရှိ ရင်ရပြီပေါ့နော်။ ဒီဖြစ်စဉ်လေးက သိပ်တော့မကြာဘူးလေ။ ဒါပေမဲ့လည်း အလုပ်သမားထုတစ်ရပ်လုံးက တော်တော်လေးကို သူက Reflect ဖြစ်တာပေါ့။ လူမှု ဖူလုံရေးအဖွဲ့က အလုပ်မလုပ်ပေးနိုင်ဘူးဆိုတဲ့အမြင်မျိုးတွေရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် လူမှုဖူလုံရေးဆေးခန်းရှိ ဝန်ထမ်းများက လာရောက်ကုသသူများအပေါ် ရိုင်းပျစွာဆက် ဆံမှုများကို သက်သေအထောက်အထားနှင့်တကွတိုင် ကြားပါက အရေးယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
“ကိုယ့်ဝန်ထမ်းတွေဘက်က ရိုင်းပျတယ်။ စော်ကားတယ်ဆိုလို့ရှိရင်တော့ဖြင့် အထောက်အထားနဲ့သာပြော။ အဲဒါကိုတော့ Action လုပ်ပေးဖို့က အဆင်သင့်ရှိတယ်။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ အလုပ်သမားတွေက အဲဒီအချိန်မှာ ကိုယ်ရဲ့ Customer ပဲလေ။ Customer is always right ဆိုတာရှိ တယ်လေ။ အဲဒီအယူအဆနဲ့ပဲ သွားသင့် တယ်။ သို့သော်လည်း Customer ဘက်က မူးလာတယ်ကွယ်။ ပြီးလို့ရှိရင်လည်း Customer ဘက်က စကတည်းက တစ်ခါတည်း ခြေကားယား လက်ကားယား လုပ်တယ် ဆိုရင်တော့ အဲဒါက သူလွန်တာပေါ့။ နောက်ပိုင်း ကျရင်တော့ အများကြီးလုပ်ပါဦးမယ်။ ဆိုတာကတော့ CCTV တပ်ဖို့အထိတောင် ကြိုးစားမယ်။ အဲဒါဆိုရင် တော့ ငြင်းစရာမရှိ ဘူးလေ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဝန်ကြီးအနေဖြင့် လူမှုဖူလုံရေးဆိုင် ရာအကျိုးခံစားခွင့်(၆)မျိုးရှိသည့်အနက် လုပ်ဆောင် နိုင်ခြင်းမရှိသေး သည့်အကျိုးခံစားခွင့် (၃)မျိုးကို ဆက်လက်ဆောင်ရွက်နိုင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။
“အခုလက်ရှိအနေအထားမှာ လူမှုဖူလုံရေးက နှောင့်နှေးနေသလားဆိုရင်တော့ စောစောက ပြောတဲ့ ဆေးကုသ တယ်ဆိုတဲ့ဟာမှာ ဆေးဝါးမလုံ လောက်မှု နှစ်မျိုးပေးတယ်ဆိုတာ ဒါနှောင့်နှေးမှုတစ် ခုပေါ့။ ဒါပေမဲ့ အဲဒါက နှစ်လ ပြည့်သွားပြီ။ အဲဒါက We already took over ပေါ့။ ကျော်လွန်သွားပြီ ပြဿနာမရှိတော့ဘူး။ ဒါပေမဲ့ စောစောကပြော တယ်လေ။ ကျွန်တော်တို့ရဲ့ လူမှုဖူလုံရေးမှာ အစီအစဉ် (၆)မျိုးရှိတယ်။ (၃)မျိုးပဲ Practice လုပ်နိုင်တယ်။ ကျန်တဲ့ ဟာတွေ မလုပ်နိုင်သေးဘူး။ အဲဒါတွေကိုလုပ် ဖို့အတွက် ကျွန်တော်တို့က အခုဒီမှာ သူက Idea Flow လုပ်တာပေါ့။ Idea Flow လုပ်တယ်ဆိုတာ တိုးတက်မှုရှိတာပေါ့။ ဒါကြောင့်မို့လို့ ယခင်တုန်းကတော့ ယခင် System အတိုင်း အကောင်း ဆုံးလုပ်နေတယ်။ အဲဒီ System နဲ့ ပိုပြီးတော့မှ Advance ဖြစ်တဲ့ဟာကို ကျွန်တော်တို့က တိုးတက်အောင်လုပ်နိုင်တယ်။ ဒီအစည်းအဝေးမှာ ဒီမှာ ချပြတာပေါ့နော်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။