NP News

အတ္တမကြီးကြရန် KIA နှင့် AA ကို စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် မေတ္တာရပ်ခံ

သုတကျော် (NP News) - နိုဝင်ဘာ ၈

တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြရန်နှင့် အတ္တမကြီးကြရန်အတွက် KIA နှင့် AA ကို University of IBEC တည်ထောင်သူ စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ဒေါက်တာ အရှင်သောဘိတက NP News က တစ်ဆင့် မေတ္တာရပ်ခံ မိန့်ကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းက အီတလီနိုင်ငံ အက်စ်စီစီမြို့၌ကျင်းပသော ရောမငြိမ်း ချမ်းရေး ညီလာခံသို့ IBEC ဆရာတော် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာတွင် လူငယ်များကို အကြမ်း ဖက်မှုမှစွန့်ခွာစေလိုပါက ပိုမိုကောင်းမွန်သောအရာ တစ်ခုကို ပေးအပ်နိုင်ရမည်ဖြစ်ကြောင်း ယင်းမိန့်ခွန်းတွင် ဆရာတော်က ထည့်သွင်းမိန့် ကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာပြည်သို့ ပြန်လည်ကြွရောက်တော်မူလာခဲ့ပြီဖြစ်သော ဆရာတော်ထံ NP News က မြန်မာ့ငြိမ်း ချမ်းရေးအတွက် မြွက်ကြားပေးပါရန် တယ်လီဖုန်းဖြင့် ဆက်သွယ်လျှောက်ထားရာတွင် ဆရာ တော်က အထက်ပါအတိုင်း ထည့်သွင်းမိန့်ကြားခဲ့ခြင်းဖြစ်သည်။

“KIA က ဂွမ်မော်ကိုပြောချင်တယ်။ သူလည်း မန္တလေးတက္ကသိုလ်ထွက်၊ ငါလည်း မန္တလေး တက္ကသိုလ်ထွက်ပါ။ အဲဒီလောက် အတ္တမကြီးပါနဲ့လို့ ပြောချင်တယ်။ ထွန်းမြတ်နိုင်တို့၊ ညိုထွန်းအောင်တို့ လည်း ပြည်မမှာ ပညာသင် လာခဲ့တဲ့သူတွေ။ အဲဒီလောက်အတ္တမကြီးပါနဲ့။ ရခိုင်ပြည် ကြေမွနေပြီ။ တချို့ကိစ္စတွေက အတ္တကြီးကြီးနဲ့ ကိုယ့်ပြည် နယ်ကို ဖျက်စီးနေမယ့်အစား ရတဲ့နည်းနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးပြီးတော့မှ တိုင်းပြည်ကို ပြန်ပြီးတည်ဆောက်ကြ ဖို့လိုတယ်ဆိုတာ IBEC ဆရာတော်က အထူးမေတ္တာရပ်ခံပါတယ်”ဟု ဆရာတော်ကမိန့်ကြားသည်။

KIA မှ ခေါင်းဆောင်များဖြစ်သော အင်ဘန်လနှင့် ဂွမ်မော်တို့အနေဖြင့် ကချင်ပြည်နယ်၏ အကျိုးစီးပွားအတွက် လုပ်သည်ဆိုသော်လည်း စစ်ကိုင်းတိုင်းလည်း ထိခိုက်ပျက်စီးနေပြီဖြစ်ကြောင်း ဆရာတော်ကမိန့်သည်။

“ဒကာ အင်ဘန်လတို့၊ ဒကာဂွမ်မော်တို့ ကိုလည်း ကချင်ပြည်နယ်အကျိုးစီးပွားအတွက် လုပ် တယ်ဆိုပြီးတော့မှ မြန်မာပြည် စစ်ကိုင်းတိုင်းအပါအဝင် ပျက်စီးနေပြီ” ဟု ဆရာတော်ကမိန့်သည်။
လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူလူ ထုက ဆင်းရဲပြီးရင်း ဆင်းရဲနေချိန်တွင် လက်နက်ကိုင်အဖွဲ့များက ချမ်းသာလာကြကြောင်း၊ မြို့ပျက်ရွာ ပျက်ဒုက္ခများ ခံစားလာကြရကြောင်း ဆရာတော်က မိန့်ကြားသည်။

“ဘုန်းဘုန်းမိန့်ကြားလိုတဲ့စကားက လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ငါတို့ပဲ သာချင်တယ်။ ငါတို့ပဲ နယ်မြေ ပိုင်စိုးချင်တယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ တိုင်းသူပြည်သားတွေရဲ့အကျိုးစီးပွားတွေကို ကြည့်ရှုပြီးတော့မှ Dialogue culture ပေါ့။ စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီးတော့ တိုင်းသူပြည်သားတွေ မပျက်စီး အောင်ဆောင်ရွက်ဖို့ပေါ့”ဟု ဆရာတော် ကမိန့်သည်။




zawgyi version

မူရင်းသတင်း — NP News