
Pika (NP News) - နိုဝင်ဘာ ၈
ဆွစ်ဇာလန်နိုင်ငံမှ သုတေသီအဖွဲ့တစ်ဖွဲ့သည် ဟော်လိုဝင်းကာလကဲ့သို့သောအချိန်မျိုးနှင့် လိုက်ဖက်မည့် စီမံကိန်းတစ်ခုကို ထုတ်ပြန်ပြသခဲ့ပြီး အဆိုပါစီမံကိန်းမှာ ကိုယ်ခန္ဓာမပါရှိဘဲ လက်ချောင်းများကိုသာအသုံးပြုကာ လမ်း လျှောက်နိုင်သည့် စက်ရုပ်လက်တစ်ဖက်လည်းဖြစ်သည်။
ETH Zurich တက္ကသိုလ်၏ Soft Robotics Lab မှအဖွဲ့ တစ်ဖွဲ့သည် အဆိုပါစက်ရုပ်လက်နှင့်ပတ်သက် သည့်ဗီဒီယိုများနှင့် သုတေသနစာမူကြမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းစက်ရုပ် လက်ကို ‘The Add ams Family’ ဇာတ်လမ်းတွဲထဲမှ ကိုယ်ခန္ဓာမပါဘဲ သီးခြားလှုပ်ရှားသွားလာနိုင်သည့် ‘Thing’ ဟုခေါ် သောလက်နှင့် နှိုင်းယှဉ်ဖော်ပြထားသည်။
Soft Robotics Lab မှ Amirhossein Kazemipour က အဆိုပါ စက်ရုပ် လက်သည် အခြားအရာတစ်ခုခု၏ အကူအညီများမပါဘဲ ကိုယ်တိုင်လမ်းလျှောက်နိုင်ခြင်းမှာ ထူးခြားချက်တစ်ခုဖြစ် ကြောင်း ပြောကြားခဲ့သည်။
Amirhossein Kazemipour က “စက်ရုပ်လက်တစ်ဖက်ကို လမ်းလျှောက်တတ်အောင် ဖန်တီးဖို့ဆိုတာက တော်တော်လေးကို ခက်ခဲပါတယ်။ စက်ရုပ်ရဲ့လက်ချောင်းတွေအားလုံးက ပုံစံတူမဟုတ် တာကြောင့် ဟန်ချက်မပျက်စေ ဘဲ လက်ချောင်းအား လုံးကို ဘယ်လိုညှိနှိုင်းလှုပ်ရှားရမလဲဆိုတာကို အရင်ဆုံးသေချာဖန်တီးဖို့လိုပါတယ်” ဟုပြောကြား ခဲ့သည်။
ထို့ပြင် စက်ရုပ်လက်ကို လမ်းလျှောက် တတ်အောင်လုပ်ဆောင်ရန်အတွက် စက်ပိုင်းဆိုင်ရာ သင်ယူမှုနည်း ပညာကို အသုံးပြုထားကြောင်း Amirhossein Kazemipour ကပြောကြားခဲ့သည်။ထို့ နောက် ဖြစ်နိုင်ခြေရှိသော လှုပ်ရှားမှုပုံစံတိုင်းကို တစ်ခုချင်းစီ ပရိုဂရမ်ရေးသားပေးမည့်အစား ကွန်ပျူတာပုံဖော်စမ်းသပ်မှုပတ်ဝန်းကျင်တွင် လမ်းလျှောက် လေ့ကျင့်မှုများလုပ်ဆောင်ခဲ့ကြောင်း Amirhossein Kazemipour က ထပ်မံပြောကြားခဲ့သည်။
ယင်းကဲ့သို့လေ့ကျင့်မှုများမှတစ်ဆင့် မည်သည့်လှုပ်ရှားမှုပုံစံက အကောင်းဆုံးဖြစ်စေနိုင်သည်ကို စက်ရုပ်က ကိုယ်တိုင်လေ့လာသင်ယူနိုင်ခဲ့ ခြင်းဖြစ်ကြောင်းလည်း Amirhossein Kazemipour က ထုတ်ဖော်ပြောကြားခဲ့သည်။

zawgyi version
လက္ေခ်ာင္းမ်ားကိုအသုံးျပဳကာ လမ္းေလွ်ာက္ႏိုင္သည့္ စက္႐ုပ္လက္ကို ဆြစ္ဇာလန္သုေတသနအဖြဲ႕ဖန္တီး
Pika (NP News) - ႏိုဝင္ဘာ ၈
ဆြစ္ဇာလန္ႏိုင္ငံမွ သုေတသီအဖြဲ႕တစ္ဖြဲ႕သည္ ေဟာ္လိုဝင္းကာလကဲ့သို႔ေသာအခ်ိန္မ်ိဳးႏွင့္ လိုက္ဖက္မည့္ စီမံကိန္းတစ္ခုကို ထုတ္ျပန္ျပသခဲ့ၿပီး အဆိုပါစီမံကိန္းမွာ ကိုယ္ခႏၶာမပါရွိဘဲ လက္ေခ်ာင္းမ်ားကိုသာအသုံးျပဳကာ လမ္း ေလွ်ာက္ႏိုင္သည့္ စက္႐ုပ္လက္တစ္ဖက္လည္းျဖစ္သည္။ ETH Zurich တကၠသိုလ္၏ Soft Robotics Lab မွအဖြဲ႕ တစ္ဖြဲ႕သည္ အဆိုပါစက္႐ုပ္လက္ႏွင့္ပတ္သက္ သည့္ဗီဒီယိုမ်ားႏွင့္ သုေတသနစာမူၾကမ္းကို ထုတ္ျပန္ခဲ့ၿပီး ယင္းစက္႐ုပ္ လက္ကို ‘The Add ams Family’ ဇာတ္လမ္းတြဲထဲမွ ကိုယ္ခႏၶာမပါဘဲ သီးျခားလႈပ္ရွားသြားလာႏိုင္သည့္ ‘Thing’ ဟုေခၚ ေသာလက္ႏွင့္ ႏႈိင္းယွဥ္ေဖာ္ျပထားသည္။ Soft Robotics Lab မွ Amirhossein Kazemipour က အဆိုပါ စက္႐ုပ္ လက္သည္ အျခားအရာတစ္ခုခု၏ အကူအညီမ်ားမပါဘဲ ကိုယ္တိုင္လမ္းေလွ်ာက္ႏိုင္ျခင္းမွာ ထူးျခားခ်က္တစ္ခုျဖစ္ ေၾကာင္း ေျပာၾကားခဲ့သည္။
Amirhossein Kazemipour က “စက္႐ုပ္လက္တစ္ဖက္ကို လမ္းေလွ်ာက္တတ္ေအာင္ ဖန္တီးဖို႔ဆိုတာက ေတာ္ေတာ္ေလးကို ခက္ခဲပါတယ္။ စက္႐ုပ္ရဲ႕လက္ေခ်ာင္းေတြအားလုံးက ပုံစံတူမဟုတ္ တာေၾကာင့္ ဟန္ခ်က္မပ်က္ေစ ဘဲ လက္ေခ်ာင္းအား လုံးကို ဘယ္လိုညႇိႏႈိင္းလႈပ္ရွားရမလဲဆိုတာကို အရင္ဆုံးေသခ်ာဖန္တီးဖို႔လိုပါတယ္” ဟုေျပာၾကား ခဲ့သည္။
ထို႔ျပင္ စက္႐ုပ္လက္ကို လမ္းေလွ်ာက္ တတ္ေအာင္လုပ္ေဆာင္ရန္အတြက္ စက္ပိုင္းဆိုင္ရာ သင္ယူမႈနည္း ပညာကို အသုံးျပဳထားေၾကာင္း Amirhossein Kazemipour ကေျပာၾကားခဲ့သည္။ထို႔ ေနာက္ ျဖစ္ႏိုင္ေျခရွိေသာ လႈပ္ရွားမႈပုံစံတိုင္းကို တစ္ခုခ်င္းစီ ပ႐ိုဂရမ္ေရးသားေပးမည့္အစား ကြန္ပ်ဴတာပုံေဖာ္စမ္းသပ္မႈပတ္ဝန္းက်င္တြင္ လမ္းေလွ်ာက္ ေလ့က်င့္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း Amirhossein Kazemipour က ထပ္မံေျပာၾကားခဲ့သည္။
ယင္းကဲ့သို႔ေလ့က်င့္မႈမ်ားမွတစ္ဆင့္ မည္သည့္လႈပ္ရွားမႈပုံစံက အေကာင္းဆုံးျဖစ္ေစႏိုင္ သည္ကို စက္႐ုပ္က ကိုယ္တိုင္ေလ့လာသင္ယူႏိုင္ခဲ့ ျခင္းျဖစ္ေၾကာင္းလည္း Amirhossein Kazemipour က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။