
Pika (NP News) - နိုဝင်ဘာ ၈
စက်မှုလုပ်ငန်းသုံးအအေးပေးစနစ်များအပေါ် ဆက်လက်ရှိနေဆဲဖြစ်သည့် ဆိုက်ဘာခြိမ်း ခြောက်မှုများနှင့် ပတ်သက်ပြီး သတိပေးချက်တစ်ရပ်ကို အမေရိကန်အစိုးရကထုတ်ပြန်လိုက်ကြောင်း သိရသည်။ အအေးခန်းစနစ်များကို မှီခိုအားထားနေရသည့် မည်သည့်အဖွဲ့အစည်းမဆို ဟက်ကာများ၏ပစ်မှတ်များဖြစ်လာနိုင်သည်ကို ကြိုတင်ယူဆထား သင့်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
အမေရိကန်နှင့်ဥရောပတို့တွင် စီးပွားဖြစ် အအေးခန်းစနစ်များအပေါ် ဟက်ကာများ၏ပစ်မှတ် ထားတိုက်ခိုက်မှု များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါသတိပေးချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ နောက်ကွယ်မှကြိုးကိုင်သူများကို မသိရှိရသေးသော ဆိုက်ဘာတိုက်ခိုက်သူများသည် လက်လီကုန်စုံဆိုင်များနှင့် အအေးခန်းသို လှောင်ရုံများရှိ အင်တာနက်ချိတ်ဆက်အသုံးပြုသော အီလက်ထရွန်နစ်အပူချိန်ထိန်းစနစ်များနှင့် အအေး ခန်းစနစ်ထိန်းချုပ်ကိရိယာများ၏ အားနည်းချက်များ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဆိုက်ဘာတိုက် ခိုက်သူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အ လက်များမပါ ဝင်သော်လည်း စီးပွားဖြစ်အအေးခန်း စနစ်များအပေါ် ခြိမ်းခြောက်မှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သတိပေး ပြောဆိုထားသည်။ ထုတ်ပြန်ချက်တွင် “ဆိုက်ဘာတိုက်ခိုက်သူတွေက ဒီစနစ်တွေရဲ့အားနည်းချက်တွေကို အောင်မြင်စွာ အသုံးချသွားနိုင်မယ်ဆိုရင် အပူချိန်ကိုပြောင်းလဲပစ်ပြီး မီးလောင်ကျွမ်းမှုအန္တရာယ်၊ ကုန်ပစ္စည်းတွေပျက်စီးဆုံး ရှုံးမှုနဲ့ စနစ်ရဲ့သက်တမ်းအပေါ် သက်ရောက်မှုတွေလို မျိုးရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်”ဟု ရေးသား ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်ကို အက်ဖ်ဘီအိုင်အဖွဲ့၊ ဆိုက်ဘာလုံခြုံရေးနှင့်အခြေခံအဆောက်အအုံ ဆိုင်ရာလုံခြုံရေး အေဂျင်စီ(CISA)၊ ကျန်းမာရေးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့်စိုက်ပျိုးရေးဌာနတို့က ပူး ပေါင်းထုတ်ပြန်ခဲ့ခြင်းလည်းဖြစ် သည်။ CISA ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ယာယီအမှုဆောင် လက် ထောက်ညွှန်ကြားရေးမှူးက “အအေးပေးစနစ်တွေနဲ့ စောင့်ကြည့်စစ်ဆေးရေးစနစ်တွေကို မှီခိုအားထားနေ ရတဲ့ဘယ်အဖွဲ့အစည်းမဆို ကိုယ်တိုင်ကပစ်မှတ်ဖြစ် လာနိုင်တယ် ဆိုတာကို ယူဆထားသင့်ပါတယ်”ဟု သတိပေးပြောဆိုခဲ့သည်။
ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ အရေးပါသော အခြေခံအဆောက်အအုံကဏ္ဍအသီးသီးတွင် အဆိုပါစနစ်များ ပစ်မှတ် ထားခံနေရသည်ကို အမေရိကန် အစိုးရက ရှာဖွေတွေ့ရှိထားကြောင်း အက်ဖ်ဘီအိုင်အဖွဲ့၏ ဆိုက်ဘာဌာန ခွဲလုပ်ငန်း လည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဘရတ်လယ်သာမန်းက ပြောကြားခဲ့သည်။

zawgyi version
စက္မႈလုပ္ငန္းသုံး အေအးေပးစနစ္မ်ားအေပၚ ဆက္ရွိေနသည့္ ဆိုက္ဘာၿခိမ္းေျခာက္မႈမ်ားကို အေမရိကန္အစိုးရ သတိေပး
Pika (NP News) - ႏိုဝင္ဘာ ၈
စက္မႈလုပ္ငန္းသုံးအေအးေပးစနစ္မ်ားအေပၚ ဆက္လက္ရွိေနဆဲျဖစ္သည့္ ဆိုက္ဘာၿခိမ္း ေျခာက္မႈမ်ားႏွင့္ ပတ္သက္ၿပီး သတိေပးခ်က္တစ္ရပ္ကို အေမရိကန္အစိုးရကထုတ္ျပန္လိုက္ေၾကာင္း သိရသည္။ အေအးခန္းစနစ္မ်ားကို မွီခိုအားထားေနရသည့္ မည္သည့္အဖြဲ႕အစည္းမဆို ဟက္ကာမ်ား၏ပစ္မွတ္မ်ားျဖစ္လာႏိုင္သည္ကို ႀကိဳတင္ယူဆထား သင့္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားေဖာ္ျပထားသည္။
အေမရိကန္ႏွင့္ဥေရာပတို႔တြင္ စီးပြားျဖစ္ အေအးခန္းစနစ္မ်ားအေပၚ ဟက္ကာမ်ား၏ပစ္မွတ္ ထားတိုက္ခိုက္မႈ မ်ား ဆက္တိုက္ျဖစ္ပြားခဲ့ၿပီးေနာက္ အဆိုပါသတိေပးခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ လက္ရွိအခ်ိန္အထိ ေနာက္ကြယ္မွႀကိဳးကိုင္သူမ်ားကို မသိရွိရေသးေသာ ဆိုက္ဘာတိုက္ခိုက္သူမ်ားသည္ လက္လီကုန္စုံဆိုင္မ်ားႏွင့္ အေအးခန္းသို ေလွာင္႐ုံမ်ားရွိ အင္တာနက္ခ်ိတ္ဆက္အသုံးျပဳေသာ အီလက္ထ႐ြန္နစ္အပူခ်ိန္ထိန္းစနစ္မ်ားႏွင့္ အေအး ခန္းစနစ္ထိန္းခ်ဳပ္ကိရိယာမ်ား၏ အားနည္းခ်က္မ်ား ကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းလည္းျဖစ္သည္။
အဆိုပါထုတ္ျပန္ခ်က္တြင္ ဆိုက္ဘာတိုက္ ခိုက္သူမ်ားႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္အ လက္မ်ားမပါ ဝင္ေသာ္လည္း စီးပြားျဖစ္အေအးခန္း စနစ္မ်ားအေပၚ ၿခိမ္းေျခာက္မႈမ်ားမွာ ဆက္လက္ရွိေနဆဲျဖစ္ေၾကာင္း သတိေပး ေျပာဆိုထားသည္။ ထုတ္ျပန္ခ်က္တြင္ “ဆိုက္ဘာတိုက္ခိုက္သူေတြက ဒီစနစ္ေတြရဲ႕အားနည္းခ်က္ေတြကို ေအာင္ျမင္စြာ အသုံးခ်သြားႏိုင္မယ္ဆိုရင္ အပူခ်ိန္ကိုေျပာင္းလဲပစ္ၿပီး မီးေလာင္ကြၽမ္းမႈအႏၲရာယ္၊ ကုန္ပစၥည္းေတြပ်က္စီးဆုံး ရႈံးမႈနဲ႔ စနစ္ရဲ႕သက္တမ္းအေပၚ သက္ေရာက္မႈေတြလို မ်ိဳး႐ုပ္ပိုင္းဆိုင္ရာပ်က္စီးမႈေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္”ဟု ေရးသား ေဖာ္ျပထားသည္။
အဆိုပါထုတ္ျပန္ခ်က္ကို အက္ဖ္ဘီအိုင္အဖြဲ႕၊ ဆိုက္ဘာလုံၿခဳံေရးႏွင့္အေျခခံအေဆာက္အအုံ ဆိုင္ရာလုံၿခဳံေရး ေအဂ်င္စီ(CISA)၊ က်န္းမာေရးဌာန၊ သယ္ယူပို႔ေဆာင္ေရးႏွင့္စိုက္ပ်ိဳးေရးဌာနတို႔က ပူး ေပါင္းထုတ္ျပန္ခဲ့ျခင္းလည္းျဖစ္ သည္။ CISA ၏ ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာ ယာယီအမႈေဆာင္ လက္ ေထာက္ၫႊန္ၾကားေရးမႉးက “အေအးေပးစနစ္ေတြနဲ႔ ေစာင့္ၾကည့္စစ္ေဆးေရးစနစ္ေတြကို မွီခိုအားထားေန ရတဲ့ဘယ္အဖြဲ႕အစည္းမဆို ကိုယ္တိုင္ကပစ္မွတ္ျဖစ္ လာႏိုင္တယ္ ဆိုတာကို ယူဆထားသင့္ပါတယ္”ဟု သတိေပးေျပာဆိုခဲ့သည္။
ထို႔ျပင္ ကမာၻတစ္ဝန္းရွိ အေရးပါေသာ အေျခခံအေဆာက္အအုံက႑အသီးသီးတြင္ အဆိုပါစနစ္မ်ား ပစ္မွတ္ ထားခံေနရသည္ကို အေမရိကန္ အစိုးရက ရွာေဖြေတြ႕ရွိထားေၾကာင္း အက္ဖ္ဘီအိုင္အဖြဲ႕၏ ဆိုက္ဘာဌာန ခြဲလုပ္ငန္း လည္ပတ္မႈဆိုင္ရာ ၫႊန္ၾကားေရးမႉး ဘရတ္လယ္သာမန္းက ေျပာၾကားခဲ့သည္။