
အီဂျစ်နိုင်ငံသည် လစ်ဗျူးနိုင်ငံ ထရီပိုလီမြို့တော်ရှိ ၎င်း၏သံရုံးကို နိုဝင်ဘာ ၇ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။
လစ်ဗျားတွင် ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် အီဂျစ်သည် ၄င်း၏ သံရုံးကို ပိတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သံရုံးပြန်လည်ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမှုကို ထင်ဟပ်စေသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ထရီပိုလီအခြေစိုက် အစိုးရက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
လစ်ဗျူးနိုင်ငံတွင် NATO ၏ ထောက်ပံ့မှုဖြင့် အာဏာရှင် မူအာမာ ကဒါဖီကို ဖြုတ်ချခဲ့သော ဆူပူအုံကြွမှုများအပြီး နောက်ဆက်တွဲ ပရမ်းပတာအခြေအနေများနှင့် ရုန်းကန်နေဆဲဖြစ်သည်။
လက်ရှိတွင် အာဏာရရှိရေးအတွက် အစိုးရနှစ်ရပ်က အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိကာ ဝန်ကြီးချုပ် အဗ္ဗဒူလ်ဟာမစ် ဒဘီဘာဦးဆောင်သည့် ကုလသမဂ္ဂ အသိအမှတ်ပြု အစိုးရနှင့် အရှေ့ပိုင်းတွင် စစ်ခေါင်းဆောင် ဟက်ဖ်တာက ကျောထောက်နောက်ခံပြုထားသည့် ပြိုင်ဘက်အစိုးရတစ်ရပ်တို့ ဖြစ်သည်။
အီဂျစ်နိုင်ငံသည် သမိုင်းကြောင်းအရ လစ်ဗျူးနိုင်ငံ အရှေ့ပိုင်းမှ စစ်ခေါင်းဆောင် ဟက်ဖ်တာကို ထောက်ခံအားပေးခဲ့သည်။
Ref: AFP