
Pika (NP News) - နိုဝင်ဘာ ၈
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့မှအမျိုးသားတစ်ဦးသည် (၁၀)နှစ်ကျော် အချိန်ယူကာ ရော်ဘာကြိုးများဖြင့်လုံးထွေးထားသည့် ဘောလုံးကြီးတစ်ခုကို ဖန်တီးခဲ့ပြီးနောက် ဂင်းနစ် စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ ကြောင်း သိရသည်။
Claude P. Moore ဟုခေါ်သည့် အမျိုးသားဖန်တီးခဲ့သော ရော်ဘာကြိုးများဖြင့်လုံးထွေးထားသည့် ဘောလုံးသည် ကမ္ဘာ့အကြီးဆုံးရော်ဘာကြိုးဘောလုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
Claude P. Moore က ၎င်းသည် ဟေမိုဖီးလီးယား (သွေးမတိတ်ရောဂါ) အတွက် ဆရာဝန်နှင့် မကြာခဏသွားရောက်ပြသရစဉ်ကာလများအတွင်း ရော်ဘာကြိုးများကို လုံးထွေးရစ်ပတ်သည့်ဝါသနာကို ရရှိခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်(၂၀၁၅)ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက်အချို့က ၎င်းကိုအလွန်ကြီးမားသည့် ရော်ဘာ ကြိုးဘောလုံး ကြီးတစ်ခုဖန်တီးရန် စိန်ခေါ်ခဲ့ကြကြောင်း Claude P. Moore က ပြောကြားခဲ့သည်။ အဆိုပါ ရော်ဘာကြိုးဘောလုံး ကြီးမှာ အလွန်ကြီးမားလာသည့်အတွက် ၎င်း၏ ကားဂိုဒေါင်ထဲမှထုတ်ယူကာ သီးသန့် သိုလှောင်ခန်းတစ်ခုထဲသို့ ရွှေ့ ပြောင်းထားခဲ့ရကြောင်းလည်း သိရသည်။
နောက်ပိုင်းတွင် Claude P. Moore နှင့်လုပ်ဖော်ကိုင်ဖက်များသည် အဆိုပါရော်ဘာကြိုး ဘောလုံးကြီးကို သိုလှောင်ခန်းထဲမှထုတ်ယူကာ တရားဝင်အလေးချိန်တိုင်းတာမှုများလုပ်ဆောင်ရန်အတွက် ကရိန်းစက်ဖြင့်မတင်သယ် ဆောင်ခဲ့ကြကြောင်း သိရသည်။
အလေးချိန်တိုင်းတာသည့်လုပ်ငန်းစဉ်ကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ကိုယ် တိုင်မျက်မြင် ကြည့်ရှုခဲ့ပြီး အလေးချိန်(၁၁,၅၇၈)ပေါင်ရှိသော Claude P. Moore ၏ဖန်တီးမှုက ကမ္ဘာ့အကြီးဆုံးရော်ဘာကြိုး ဘောလုံး ကြီးဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။ Claude P. Moore သည် ဖလော်ရီဒါပြည်နယ်မှ Joel Waul ၏ (၂၀ဝ၈)ခုနှစ် တွင်တင်ခဲ့သော အလေးချိန်(၉၀၃၂)ပေါင်ရှိသည့် ရော်ဘာကြိုးဘောလုံးစံချိန်ကို တရားဝင်ချိုးဖျက်သွားခဲ့ခြင်းဖြစ် ကြောင်းလည်းသိရသည်။

