
ရောင်နီ (NP News) - နိုဝင်ဘာ ၉
အမျိုးသမီးလိင်ပြောင်းထားသူတစ်ဦးရဲ့ဘဝကို ထူးခြားစွာ ပုံဖော်ရိုက်ကူးခဲ့တဲ့ A Fantastic Woman ဇာတ်ကားနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိခဲ့တဲ့ အော်စကာဆုရှင် ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန် လီလီယို (အသက် ၅၂ နှစ်) ဟာ ချီလီနိုင်ငံ ဆန်တီယာဂိုမြို့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
၄င်းကွယ်လွန်သွားကြောင်းကို မိသားစုဝင်တွေက သောကြာနေ့ (နိုဝင်ဘာ ၆ ရက်) မှာ Instagram မှ တစ်ဆင့် အသိပေးကြေညာခဲ့တာဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါ တယ်။ သေဆုံးရတဲ့အကြောင်းရင်း အတိအကျကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဆီဘက်စတီယန် လီလီယိုဟာ လိင်ပြောင်းအမျိုးသမီး သရုပ်ဆောင် ဒန်နီယယ်လာ ဗီဂါ ပါဝင်သရုပ်ဆောင်ထားတဲ့ A Fantastic Woman ဇာတ်ကားနဲ့ ၂၀၁၈ ခုနှစ်မှာ အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆု (Best International Feature Film) အတွက် အကယ်ဒမီအော်စကာဆုရရှိခဲ့ပါတယ်။
အဲဒီဆုဟာ ၂၀၁၆ ခုနှစ်က ကာတွန်းဇာတ်လမ်းတို Bear Story က အော်စကာဆု ရရှိခဲ့ပြီးနောက် ချီလီနိုင်ငံ အတွက် ဒုတိယမြောက်ရရှိတဲ့ အော်စကာဆုလည်း ဖြစ်ခဲ့ပါတယ်။