
ရောင်နီ (NP News) - နိုဝင်ဘာ ၉
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် ဟာ အီလွန်မတ်စ် ဦးဆောင်တဲ့ SpaceX ကုမ္ပဏီရဲ့ဒါရိုက်တာ အဖွဲ့မှာ (၁၀) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့တယ်လို့ SpaceX က နိုဝင်ဘာ (၆) ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဟယ်ရီဆန်ဟာ ၎င်းရဲ့နုတ်ထွက်မှုအကြောင်းကို နိုဝင်ဘာ (၄) ရက်မှာ SpaceX ကို အသိပေးခဲ့တာဖြစ်ပြီး အဲဒီနေ့မှစ နုတ်ထွက်မှု အကျိုးသက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ SpaceX ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ ဟယ်ရီဆန်ရဲ့ နုတ်ထွက်မှုဟာ ကုမ္ပဏီရဲ့လုပ်ငန်းဆောင်ရွက်မှုတွေ၊ မူဝါဒတွေ (သို့) လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့သဘောထားကွဲလွဲမှုတစ်စုံတစ်ရာကြောင့် မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ဟယ်ရီဆန်ဟာ Google ကုမ္ပဏီမှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိလည်း Global Partnerships and Corporate Development ဌာနရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ ဒါအပြင် Google ရဲ့ မိခင်ကုမ္ပဏီ Alphabet မှာ LSEG ရဲ့အချက်အလက်တွေအရ SpaceX မှာ အစုရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူလည်းဖြစ်ပါတယ်။ အီလွန်မတ်စ်က ဟယ်ရီဆန်ဟာ ဒါရိုက်တာကောင်း တစ်ဦးဖြစ်ခဲ့ပြီး ၎င်းရဲ့ပံ့ပိုးကူညီမှုတွေအတွက် များစွာကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း Google က SpaceX မှာ ၎င်းရဲ့ အစုရှယ်ယာပမာဏကို ယခင်က ရှယ်ယာ ၅၅၁ ဒသမ ၂ သန်းမှ ရှယ်ယာ ၅၅၅ သန်းခန့်အထိ အနည်းငယ်တိုးမြှင့်ထားတယ်လို့ နိုဝင်ဘာ (၆) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။