NP News

အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်

Pika (NP News) - နိုဝင်ဘာ ၉

အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က သတိပေးပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အီရန်က နျူကလီးယားလက်နက်ပိုင်ဆိုင်လိုတဲ့ ရည်မှန်းချက်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေတယ်လို့ အစ္စရေးကတ်ဇ်က စွပ်စွဲပြောဆိုခဲ့ပြီး ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆိုတုံ့ပြန်ဖို့အတွက် စစ်ရေးအရ ထိုးစစ်ဆင်မှုတွေလုပ်ဆောင်သွားမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

အမေရိကန်က အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုအသစ်တွေလုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေးကတ်ဇ်ရဲ့ခြိမ်းခြောက်ပြောဆိုမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အီရန်အပေါ်ကြီးမားတဲ့ နောက်ထပ်ထိုးစစ်ဆင်မှုတစ်ခုလုပ်ဆောင်ဖို့ အမေရိကန်ကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက တိုက်တွန်းခဲ့တယ်လို့လည်း အစ္စရေးကတ်ဇ်ကပြောကြားခဲ့ပါတယ်။

အစ္စရးကတ်ဇ် က "အီရန်နဲ့ပတ်သက်ပြီး လုပ်ဆောင်စရာတွေက မပြီးပြတ်သေးပါဘူး။ အီရန်က နျူကလီးယားလက်နက်တွေရရှိဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ပြန်လည်စတင်ဖို့ ကြိုးပမ်းနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အီရန်ဘက်ကတော့ နျူကလီးယားလက်နက်တွေရယူဖို့ကြိုးပမ်းနေတယ်ဆိုတဲ့စွပ်စွဲချက်တွေကို ငြင်းဆန်ပယ်ချထားပြီး ၎င်းတို့ရဲ့နျူကလီးယားအစီအစဉ်တွေက ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေအတွက်သာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မူရင်းသတင်း — NP News