
စော (NP News) - နိုဝင်ဘာ ၉
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့် မိသားစုလွှဲပို့ငွေအထောက်အထားများကို ယနေ့ (နိုဝင်ဘာ ၉ ရက်) မှစ၍ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အသိပေးထုတ်ပြန်ထားသည်။
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့တွင် ရောက်ရှိနေထိုင်လျက်ရှိသည့် PJ အမျိုးအစား သာမန်မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ နှင့် PJ အမျိုးအစား သာမန်မြန်မာနိုင်ငံကူးလက်မှတ်သို့ပြောင်းလဲကိုင်ဆောင်သူများအားလုံး အထက်ပါအထောက်အထားကို တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ PJ အမျိုးအစား သာမန်မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားရာတွင် လစာဝင်ငွေခွန် (၂) ရာခိုင်နှုန်းအပြင် မိသားစုလွှဲပို့ငွေ (၂၅) ရာခိုင်နှုန်းအား အနီးစပ်ဆုံး (၃)လစာ လွှဲပို့ထားသည့်အထောက်အထားများနှင့်အတူ ယနေ့ (နိုဝင်ဘာ ၉ ရက်) မှစတင်၍ ပူးတွဲတင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် (အောက်တိုဘာ ၂၂ ရက်) က အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ရာတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့၌ ခွင့်ပြန်ထောက်ခံစာ ရယူရန် မလို (မလို) အပ်တော့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
