NP News

(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်

သန့်ဇင် (NP News) - နိုဝင်ဘာ ၉

ကိုဗစ်(၁၉)ကာလမတိုင်မီက နိုင်ငံတစ်ဝန်းတွင် ဓမ္မစကူးကျောင်းပေါင်း (၆၀ဝဝ) ကျော်ရှိခဲ့သော် လည်း လက်ရှိတွင် ကျောင်းပေါင်း (၅၀ဝ) ကျော်သာကျန်ရှိတော့ကြောင်း ဓမ္မစကူးဖောင်ဒေးရှင်း (ဗဟို) အထွေထွေအတွင်းရေးမှူး(၁)ဆရာတော် ဦးကိတ္တိသာရက NP News သို့ မိန့်ကြားသည်။

(၂၀၁၂)ခုနှစ် မတ်လကစတင်ခဲ့သည့် ဓမ္မစကူးကျောင်းများသည် (၁၅)နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်ပြီး ယခင် ကိုဗစ်(၁၉)ကပ်ရောဂါနှင့် (၂၀၂၁) နိုင်ငံရေးဖြစ်စဉ်များကြောင့် (၂၀၂၃)ခုနှစ်မှ ပြန်လည် အသက်သွင်းခဲ့ရာ ကျောင်းပေါင်းများစွာ လျော့နည်းသွားခဲ့ကြောင်း သိရသည်။
“အခုအချိန်မှာတော့ ခန့်မှန်းခြေက ကျောင်းပေါင်း (၃၈၀)လောက် ရောက်ပြီးပြီပေါ့နော်။ ဆက် ပြီး ဦးပဉ္စင်းတို့စာရင်းပြုစုနေတာဆိုတော့ စုစုပေါင်း ကျောင်းပေါင်း (၅၀ဝ) ပတ်ချာလည်တော့ ဖွင့်နေပါ ပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာပေါ့နော်။ အရင် ကိုဗစ်မတိုင်ခင်က ကျောင်းပေါင်း (၆,ဝဝဝ)ကျော်ပေါ့ နော်။ အခုမှ ပြန်ပြီး ဖွင့်လှစ်နိုင်ဖို့လုပ်နေတာ(၂)နှစ် ပတ်ချာလည်ဆိုတော့လေ”ဟု ဆရာတော် ဦးကိတ္တိ သာရကမိန့်ကြားသည်။
ထို့ကြောင့် ပြန်လည်လည်ပတ်ခဲ့သည့်ကာလတိုအချိန်နှင့်အတူ မြေပြင်မှ ဓမ္မစကူးကျောင်းများ သည်လည်း လိုအပ်ချက်များစွာနှင့်ရပ်တည်နေပြီး သင်ရိုးညွှန်းတန်းစာအုပ်ဈေးနှုန်းများမြင့်တက်ခြင်း နှင့် ဆရာ၊ ဆရာမ လိုအပ်ချက်ကြီးမားမှုများသည် အဓိကစိန်ခေါ်မှုများဖြစ်နေကြောင်း ဆရာတော်ကမိန့် ကြားထားသည်။

“သင်ရိုးညွှန်းတန်းက ကိုဗစ်ကာလမတိုင် ခင်က ပထမတန်းတစ်အုပ်ကို (၁,၅၀ဝ) နဲ့ (၂,ဝဝဝ) ကျပ် အဲဒီလောက်ပဲပေးရတယ်ပေါ့၊ ဝယ်ရတယ်ပေါ့။ အခုကကျတော့ သင်ရိုးညွှန်းတန်းစာအုပ်တွေရဲ့ဈေး နှုန်းက ကျပ် (၇,ဝဝဝ)၊ (၇,၅၀ဝ)နဲ့(၈,ဝဝဝ) အဲဒီ လောက်တွေရောက်သွားတာပေါ့လေ။ အဲဒီတော့ အရင် က သင်ရိုးညွှန်းတန်းတွေကို ဓမ္မစကူးကျောင်းတွေ ဝန်မပိအောင် စာအုပ်တွေကို ဈေးနှုန်းလျှော့ချပြီး ဆောင်ရွက်ပေးခဲ့တာပေါ့နော်။ ဆရာ၊ ဆရာမလိုအပ်ချက်ကတော့ အဓိက နယ်ဘက်တွေမှာ ပိုပြီးတော့ ကြီးမားတာပေါ့။ နယ်ဘက်တွေမှာကျတော့ ပြောမယ်ဆိုရင် နယ်ဘက်တွေမှာဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေ နဲ့ လူငယ်တွေ၊ ဆရာ၊ ဆရာမတွေ အင်အားနည်းလာခဲ့တဲ့အတွက် နယ်ဘက်တွေမှာ လိုအပ်ချက်ကြီး လာတော့ နယ်ဘက်တွေမှာပဲ ဆရာဖြစ်သင်တန်းတွေ ပိုပြီးတော့ ကျင်းပနိုင်အောင် အခုတော့ ဆောင် ရွက်နေပါတယ်။ ဆရာ၊ ဆရာမလိုအပ်ချက်တွေ ပြန်ပြီးတော့ ပြည့်စုံအောင်ပေါ့နော်”ဟု ဆရာတော် ဦးကိတ္တိသာရက မိန့်ကြားသည်။ ထို့ကြောင့် ဓမ္မစကူးကျောင်းများ ရေရှည် ရပ်တည်နိုင်ရေးအတွက် ဓမ္မစကူးဖောင်ဒေးရှင်း (ဗဟို)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဓမ္မစကူး ကော်မတီများ၊ မြို့နယ်နှင့် ကျောင်းဓမ္မစကူးကော်မတီများ ချိတ်ဆက်ဆွေးနွေးဆောင်ရွက်နေရကြောင်းလည်း ဆရာတော် ဦးကိတ္တိ သာရက မိန့်ကြားသည်။
“အခု (၂၀၂၃-၂၀၂၄)ကစပြီး ဖောင်ဒေးရှင်းဗဟိုကလည်း တိုင်းနဲ့ပြည်နယ်အသီးသီးက တိုင်း ကော်မတီ၊ ပြည်နယ်ကော်မတီတွေက လုပ်နိုင်တဲ့အနေအထားတွေကို ဦးပဉ္စင်းတို့က ချိတ်ဆက်ပြီးတော့ ဆွေးနွေးတိုင်ပင်မှုတွေနဲ့ လုပ်ဆောင်နေတာပေါ့လေ။ အဲဒီလိုမျိုးလုပ်ဆောင်တဲ့အခါမှာ အဓိကက ဖောင် ဒေးရှင်းဗဟိုက တိုင်းနဲ့ပြည်နယ်ကော်မတီရယ်၊ မြို့နယ်ကော်မတီ၊ ကျောင်းကော်မတီတို့က ချိတ်ဆက် ပြီးတော့ ဓမ္မစကူးလုပ်ငန်းစဉ်တွေကို ပြန်လည်ပြီး အကောင်အထည်ဖော်မယ်ဆိုရင် ပိုပြီးရေရှည်တည်တံ့ တဲ့ကျောင်းတွေဖြစ်လာနိုင်တယ်။ ဓမ္မစကူးဗဟိုအနေနဲ့ကလည်း (၂၀၂၆-၂၀၂၇)မှာဆိုရင် ဓမ္မစကူး ကျောင်းတွေ ပိုပြီးဖွင့်လှစ်နိုင်ဖို့အတွက်ဆိုပြီး စာသင်ကျောင်းတစ်ကျောင်းကို (၂)တန်းကနေ (၅)တန်းအ ထိ တစ်တန်းကို အုပ်ရေ (၅၀)စီ လှူဒါန်းတာတွေရှိတယ်ပေါ့နော်။ အဲဒီလိုပဲ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက သံဃာတော်တွေ၊ ဓမ္မစကူး တိုင်း၊ ပြည်နယ်၊ မြို့နယ် ကော်မတီက ဆရာတော်တွေကလည်း ကိုယ်ရဲ့ တိုင်း နဲ့ပြည်နယ်၊ မြို့နယ်က ကျောင်းတွေကိုစောင့်ရှောက်ပြီးတော့ ဖွင့်လှစ်နိုင်အောင်လုပ်မယ်ဆိုရင် ဓမ္မစကူး ကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ်လာနိုင်မယ်။ ဓမ္မစကူးကျောင်းတွေလည်း ရေရှည်တည်တံ့ မှာပါ”ဟု ဆရာတော်ကမိန့်ကြားသည်။
ထို့ပြင် ဓမ္မစကူးဖောင်ဒေးရှင်း(ဗဟို)အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ဓမ္မစကူးကော်မ တီများနှင့် မြို့နယ်နှင့်ကျောင်းကော်မတီများသည်လည်း အလှူရှင်လိုအပ်ချက်ရှိနေကြောင်း ဆရာတော် ကမိန့်ကြားထားသည်။ “အလှူရှင်လိုအပ်ချက်ကတော့ ဘာသာရေးလုပ်ငန်းဖြစ်တဲ့အတွက် အလှူရှင်က တော့ ဗဟိုလည်းလိုတယ်။ တိုင်းနဲ့ပြည်နယ် ကော်မတီတွေလည်းလိုတယ်။ ကျောင်းတွေလည်း လိုပါ တယ်။ အဲဒီတော့ ဦးပဉ္စင်းတို့ဗဟိုကတော့ အလှူရှင်ရှာနေတယ်။ ဘယ်နေရာမှာလိုအပ်တာလဲဆိုတော့ ဦးပဉ္စင်းတို့ အခုနှစ် (၂၀၂၆-၂၀၂၇)ကစပြီး သင်ရိုးညွှန်းတန်းတွေက ဈေးနှုန်းမြင့်မားတဲ့အတွက် ဓမ္မစကူး ကျောင်းတွေကို သင်ရိုးညွှန်းတန်းစာအုပ်တွေ ပြန်ပြီးလှူပေးချင်တာပေါ့။ အခုနှစ်ဆိုရင် တစ်ကျောင်းကို စာအုပ်(၅၀)စီလှူပေးတယ်။ လာမယ့်နှစ်တွေမှာလည်း လှူပေးဖို့ရည်ရွယ်ထားတာရှိတယ်။ အဲဒါကြောင့် မို့ အဲဒီအပိုင်းမှာ အလှူရှင်လိုအပ်ပါတယ်” ဟု ဆရာတော်က မိန့်ကြားထားသည်။
ဓမ္မစကူးကျောင်းများကို မြတ်ဗုဒ္ဓ၏သာသနာတော် အဓွန့်ရှည်တည်တံ့စေရန်နှင့် ကလေးငယ် များအတွက် မကောင်းမှုအလေ့အကျင့်များ၊ စိတ်နေစိတ်ထားများမဖြစ်ပေါ်စေရန်နှင့် ကောင်းမွန်သောအ ကျိုးစီးပွားနှင့် ကောင်းကျိုးများဆောင်ရွက်ပေးရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ ကြောင့် ယခင်ကဲ့သို့ ဓမ္မစကူးကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ချိတ်ဆက်ကူ ညီပံ့ပိုးပေးရန်လိုအပ်နေကြောင်း NP News မှ စုံစမ်းသိရှိရသည်။

မူရင်းသတင်း — NP News