
စေ့စပ်ကြောင်းလမ်းထားမှုကို ဖျက်သိမ်းရန် လူအများစုအနေဖြင့် အကြိမ်ကြိမ် စဉ်းစားကြမည်ဖြစ်သည်။
အမျိုးသားတစ်ဦးကမူ စေ့စပ်ကြောင်းလမ်းထားသည့် မိန်းကလေးကို ကျောခိုင်းကာ McLaren F1 ကို ရွေးချယ်ခဲ့သည်။
McLaren F1 သည် သမိုင်းတစ်လျှောက် လူတို့ အမက်မောဆုံး ပြိုင်ကားများတွင် တစ်ခု အပါအဝင်ဖြစ်သည်။
((စေ့စပ်ကြောင်းလမ်းများတာ ဘာကြောင့်ဖျက်သိမ်းတာလဲ))
ယခုဖြစ်ရပ်ကို ပြောပြသူမှာ VINwiki မှ အစီအစဉ်တင်ဆက်သူ အက်ဒ် ဘိုလီယန် (Ed Bolian) ဖြစ်သည်။
မြောက်ကာရိုလိုင်းနာပြည်နယ်၊ မက်ဂီဗယ်လီမြို့ (Maggie Valley) အနီးရှိ Great Smoky တောင်တန်းများတွင် ကျင်းပခဲ့သော 2025 McLaren F1 ပိုင်ရှင်များ ကားမောင်းခရီးစဉ်အတွင်း ဘိုလီယန်က ယခု F1 ကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကား၏ chassis မှာ နံပါတ် ၃ ဖြစ်ပြီး ယခင်က McLaren ၏ စီအီးအို (ဟောင်း) ရွန် ဒန်းနစ် (Ron Dennis) ပိုင်ဆိုင်ခဲ့သော ကားဖြစ်ရာ McLaren F1 ပိုင်ရှင်များခရီးစဉ်တွင် အထင်ကရအရှိဆုံး ကားများထဲတွင် ပါဝင်ခဲ့သည်။
ဒန်းနစ်သည် ယခုကားကို ၁၉၉၄ မှ ၁၉၉၆ ခုနှစ်ကြား ပိုင်ဆိုင်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲများနှင့် ကား အရောင်းမြှင့်တင်ရေး အခမ်းအနားများတွင် အသုံးပြုခဲ့သည်။

(ဓာတ်ပုံ VINwiki)
အမှတ်ရဖွယ်အကောင်းဆုံး ပွဲတစ်ခုမှာ ၁၉၉၅ Goodwood Festival of Speed ဟူသော နာမည်ကျော် တောင်တက်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့မှုဖြစ်သည်။သည်။ McLaren F1 သည် 24 Hours of Le Mans တွင် သမိုင်းဝင်အောင်ပွဲခံပြီး တစ်ပတ်မျှအကြာတွင် တောင်တက်ပွဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ကားသည် ယခင်က အပြင်ကိုယ်ထည် မီးခိုးရောင်နှင့် အတွင်းပိုင်း နီညိုရောင်ဖြစ်သော်လည်း နောက်ပိုင်းတွင် ဂျေးလီနို (Jay Leno) စတိုင် အပြာစင်း အပါအဝင် မီးခိုး+ အပြာရောင် အတွဲအစပ် ဖြစ်လာသည်။

(ဓာတ်ပုံ VINwiki)
ဒန်းနစ်က ထိုကားကို ဂျပန်မှ ဝယ်ယူသူတစ်ဦးထံ ရောင်းချခဲ့သည်။

(ဓာတ်ပုံ VINwiki)
ဘိုလီယန်၏ ဖြစ်ရပ်တွင် မိခင်က သားနှင့် စေ့စပ်ကြောင်းလမ်းမည့် မိန်းကလေးတို့ကို သဘောမတူချေ။
ထို့ကြောင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပါက McLaren F1 လက်ဆောင်ပေးမည်ဟု ဆိုလာသည်။
သားဖြစ်သူက မိခင်၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းကာ ဂျပန်နိုင်ငံတွင် McLaren F1 ကို နှစ်ပေါင်းများစွာ စီးနင်းခဲ့သည်ဟု ဆိုသည်။
(ဓာတ်ပုံ VINwiki)
ဂျပန်တွင် နှစ်အတန်ကြာရှိနေခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်သို့ ပြန်လည်ရောက်ရှိလာသည်။
ယနေ့အချိန်ထိ ပိုင်ရှင်တစ်ဦးတည်းက ဆက်လက်ပိုင်ဆိုင်ထားခဲ့သည်။ လက်ရှိအချိန်ထိ မိုင်ပေါင်း ၃၀,၀၀၀ နီးပါး မောင်းနှင်ခဲ့ပြီးဖြစ်သည်။

(ဓာတ်ပုံ VINwiki)
F1 တစ်စီးအတွက် စေ့စပ်ကြောင်းလမ်းထားမှုကို ကျောခိုင်းခဲ့သည့် အဆိုပါ အဖြစ်အပျက်အပေါ် လူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပေးခဲ့ကြသည်။

(ဓာတ်ပုံ VINwiki)
တစ်ဦးက မှတ်ချက်ပြုသည်မှာ McLaren F1 က ကမ္ဘာပေါ်မှာ ၁၀၆ စင်းတည်းပဲရှိတယ်။ မိန်းကလေးတွေက ၄၀၄၈၃၀၇၀၄၄ ဦးတောင်ရှိတယ်။ ခေါင်းသုံးပေါ့။ ဟု အရွှန်းဖောက် မှတ်ချက်ပြုသည်။

(ဓာတ်ပုံ VINwiki)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man trades his fiancée for a McLaren F1 and has absolutely zero regrets after (supercarblondie)