
တရုတ်ပြည် အငှားယာဉ်ဈေးကွက်အတွက် ရည်ရွယ်သည့် FAW-Volkswagen ဖက်စပ်ထုတ် Jetta M6 EV ဈေးကွက်သို့ စတင်ရောက်ရှိလာသည်။
မောင်းနိုင်မည့် range ပိုကောင်းလာကာ အာမခံသက်တမ်း ပိုမိုများပြားလာသော M6 ၏ တက္ကစီ variant ကို တရုတ်ပြည်ဈေးကွက်တွင် ယွမ် ၈၅၈၀၀ (ဒေါ်လာ ၁၂၉၀၀) ဖြင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။
ယခု trim နှင့် VW ၏ ဆီဒင်တို့ မတူချေ။ ယခု trim မှာ အငှားယာဉ်လုပ်ငန်း လုပ်ဆောင်သည့် ကုမ္ပဏီများကိုသာ ရောင်းချမည့် taxi trim ဖြစ်သည်။ လူတိုင်းဝယ်နိုင်သည့် standard M6 မှာ ယွမ် ၇၉၈၀၀ (ဒေါ်လာ ၁၁၉၀၀) မှ စသည်။
M6 ကို ပြီးခဲ့သော အောက်တိုဘာ ၂၂ ရက်က စတင်ရောင်းချပေးရာတွင် ၁၉ နာရီအတွင်း အစင်းရေ ၁၀၀၀၀ ကျော် အမှာစာ ရရှိခဲ့သည်။
► ဘက်ထရီနှင့် မောင်းနိုင်မည့် Range= ပုံမှန် အိမ်စီးမော်ဒယ်တို့တွင် 42.9 kWh ဘက်ထရီသုံးပြီး ၄၆၅ ကီလို မောင်းနိုင်သည်။ ယခု တက္ကစီ ဗားရှင်းတွင် ပိုမိုကြီးမားသော 51.9 kWh LFP ဘက်ထရီသုံးထားပြီး မောင်းနိုင်မည့် range မှာ ၅၅၅ ကီလို ဖြစ်လာသည်။
► မော်တာ= ယခင် base မော်ဒယ်ထက် ပိုမိုအားကောင်းသည့် 145 kW (194 hp) ရှေ့ယက် မော်တာ သုံးထားသည်။ အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် 0-100 km/h အမြန်နှုန်းကို ၆ ဒသမ ၈ စက္ကန့်အတွင်း ရရှိနိုင်စွမ်း ရှိသည်။
► အာမခံ= ယခုမော်ဒယ်၏ အကောင်းဆုံး အားသာချက် တစ်ခု ဖြစ်သည်။ပုံမှန်မော်ဒယ်များတွင် အာမခံ ၃ နှစ် (သို့မဟုတ်) ကီလို ၁၀၀,၀၀၀ သာ အာမခံပေးခဲ့သည်။ ယခုမော်ဒယ်အတွက်မူ ၆ နှစ်- ၈ နှစ်(သို့မဟုတ်) ကီလို ၆၀၀,၀၀၀ အထိ အာမခံ ပေးထားသည်။
► ပြင်ပဒီဇိုင်း= ယခုမော်ဒယ်တွင် ကုန်ကျစရိတ် အထူးလျှော့ချထားသည်။ ထိုင်ခုံများမှာ ပါဝါချိန်ညှိမှု၊ အနှိပ်၊ အပူပေးစနစ်ပါ ထိုင်ခုံများ မဟုတ်တော့ချေ။

((မဟာဗျူဟာမြောက် ရည်ရွယ်ချက်))
တက္ကစီဈေးကွက်တွင် ပထမမျိုးဆက် လျှပ်စစ်ကားများ သက်တမ်းကုန်ဆုံးလာကာ အစားထိုးရန် လိုအပ်နေချိန်ဖြစ်ရာ ထိုဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ပိုမို အားကောင်းသည့် ဘက်ထရီနှင့် ကာလရှည် အာမခံချက် မက်လုံးများဖြင့် ဈေးကွက်ထိုးဖောက်နိုင်ရန် မျှော်မှန်းထားသည်။
((ဈေးကွက်အနေအထား))
တရုတ်ပြည်၏ တက္ကစီဈေးကွက်တွင် BYD Qin PLUS EV နှင့် Aion S တို့မှာ နေရာရထားပြီးဖြစ်ရာ M6 အနေဖြင့် အဆိုပါပြိုင်ဘက်များနှင့် ပြင်းထန်စွာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Volkswagen’s Jetta M6 EV quietly launches “taxi” trim in China with 600,000 km warranty at 12,900 USD (carnewschina)