
စော(NP News)- နိုဝင်ဘာ ၉
မြန်မာ-တရုတ်-ကမ္ဘောဒီးယား သုံးနိုင်ငံ ပူးပေါင်းပြီး ခရီးသွားလာရေးလမ်းကြောင်းများ ရေးဆွဲနိုင်ရေး မြန်မာ-ကမ္ဘောဒီယားနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်အား ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး H.E. Mr. TY Nitor တို့ ကယမန်နေ့ (နိုဝင်ဘာ ၈)ရက်က မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်-ကမ္ဘောဒီးယား သုံးနိုင်ငံ ပူးပေါင်းပြီး ခရီးသွားလာရေးလမ်းကြောင်းများ ရေးဆွဲနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။