NP News

နျူကလီးယားအသုံးမပြုရေးအခြေခံမူများကို ပြန်စဉ်းစားရန် ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၉

ရုရှားနှင့်တရုတ်တို့ထံမှ ကြီးထွားလာနေသောခြိမ်းခြောက်မှုများမြင့်လာနေသည့်အတွက် ဂျပန် နိုင်ငံသည် ဆယ်စုနှစ်များစွာကျင့်သုံးခဲ့သည့် နျူကလီးယားအသုံးမပြုရေးမူဝါဒကို ပြန်လည်သုံးသပ် သင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျိရိုကိုအိဇူမိကပြောကြားခဲ့သည်။ ကိုအိဇူမိက ဂျပန်နိုင်ငံအနေ ဖြင့် နှစ်ကုန်တွင် ၎င်း၏ အဓိကအမျိုးသားလုံခြုံရေးစာတမ်း(၃)စောင်ကို ပြင်ဆင်မွမ်းမံရန် ပြင်ဆင် နေချိန်၌ ထိုကိစ္စနှင့်ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများလိုအပ် ကြောင်းဆိုခဲ့သည်။

ဂျပန်နိုင်ငံ၏ နျူကလီးယားမဟုတ်သော မူဝါဒစည်းမျဉ်း(၃)ချက်ကို (၁၉၆၇)ခုနှစ်တွင် ဝန်ကြီး ချုပ် အိဆာတို၏ အစိုးရအဖွဲ့က ပထမဆုံး စတင်မိတ်ဆက်ခဲ့ပြီး (၁၉၇၁)ခုနှစ် လွှတ်တော်ဆုံးဖြတ်ချက် တွင် တရားဝင်အတည်ပြုခဲ့သည်။ အဆိုပါမူဝါဒသည် ဂျပန်၏ ငြိမ်းချမ်းရေးဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် တိုင်းပြည်အတွင်း တပ် ဆင်ခွင့် ပြုခြင်းတို့ကိုမပြုလုပ်ရန် ကတိပြုထားခြင်းဖြစ်သည်။
ထို့ပြင် ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇူမိက နျူကလီးယားခြိမ်းခြောက်မှုဆိုင်ရာအသိပညာကို လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့်မျှဝေသွားရန်နှင့် “ရင်ဆိုင်နေရသော အကန့်အသတ်အမျိုးမျိုးကြားမှ အမျိုး သားလုံခြုံရေးစာတမ်းများကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်သွားမည်”ဟု ကတိပြုခဲ့သည်။ ၎င်းသည် နျူကလီးယားလက်နက်များအပေါ် ဂျပန်၏ရပ်တည်ချက်နှင့်ပတ်သက်၍ သီးခြားပြောင်းလဲမှုတစ်ခုမျှ မပြောခဲ့သော်လည်း နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများဝယ်ယူရရှိရေးဘက်မှ အကြောင်းပြ ချက်ပေးခဲ့သည်။
ဝန်ကြီးကိုအိဇူမိသည် ဂျပန်၏ နျူကလီး ယားမဟုတ်သောမူဝါဒများကို ပြန်လည်သုံးသပ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ ဇူလိုင်လအတွင်း ကန့်သတ်ချက်များမထားဘဲ ငြင်းခုံဆွေးနွေးရန် ၎င်း၏ နှိုးဆော်မှုသည် ငြိမ်းချမ်းရေးလှုပ်ရှားသူများ၊ အမေရိကန်၏အဏုမြူဗုံးကြဲခံရမှုမှ လွတ်မြောက်ကျန်ရစ် သူများနှင့် တိုက်ခိုက်မှုဒဏ်ခံခဲ့ရသော အသိုက်အဝန်းများကိုကိုယ်စားပြုသည့်အဖွဲ့အစည်းများ အပါ အဝင် အရပ်ဘက်အဖွဲ့အစည်းများ၏ ပြင်းထန်သော တုံ့ပြန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ပြီးခဲ့သည့်လက ဖင် လန်ကာကွယ်ရေးဝန်ကြီး အန်းတီဟက်ကာနန်နှင့် တွေ့ဆုံပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီး သည် အဆိုပါကိစ္စကို ပိုမိုအတည်ပြုပြောကြားခဲ့သည်။ ဖင်လန်နိုင်ငံသည် နျူကလီးယားလက်နက် ပိတ် ပင်ခဲ့သော်လည်း လက်ရှိအချိန်တွင် နျူကလီးယားလက်နက်များကိုတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ သို လှောင်ခြင်းနှင့် ၎င်း၏ပိုင်နက်အတွင်း တပ်ဆင်ခြင်းတို့ကိုခွင့်ပြုထားပြီဖြစ်သည်။ ကိုအိဇူမိက အဆိုပါ ဆုံးဖြတ်ချက်ကိုချီးကျူးခဲ့ပြီး တိုကျိုအနေဖြင့်လည်း ဆင်တူသော အရေးယူဆောင်ရွက်မှုကို စစဉ်းစား ရန် တိုက်တွန်းခဲ့သည်။ “အကြိမ်ကြိမ်ထပ်ပြောခဲ့ပြီး ကျွန်တော့်စိတ်ထဲစွဲကျန်ခဲ့တဲ့ စကားစု တစ်ခုကတော့ ကျွန်တော်တို့ ရိုးအလွန်းလို့မရဘူး။ လက်တွေ့ဘဝအပေါ်အခြေ ခံပြီး မူဝါဒတွေကို တိုး မြှင့်ဆောင်ရွက်ရမယ်ဆိုတာပါပဲ။ ဒါဟာ ဂျပန်နိုင်ငံနဲ့လည်း အတိအကျသက်ဆိုင်ပါတယ်”ဟု တွေ့ဆုံပွဲ အပြီးတွင် ၎င်းက သတင်းထောက်များကိုပြောကြားခဲ့သည်။
ဖင်လန်၏ နျူကလီးယားလက်နက် ပိတ်ပင်မှုရုပ်သိမ်းသည့်ဆုံးဖြတ်ချက်ကို ရုရှားက ဝေဖန်ခဲ့ပြီး ဥရောပတွင် တင်းမာမှုများကို ပိုမိုမြင့်တက်စေရုံ သာရှိလိမ့်မည်ဟု ရုရှားကသတိပေးခဲ့သည်။
ရုရှားနှင့်တရုတ်နိုင်ငံတို့သည် ဂျပန်နိုင်ငံမှ နျူကလီးယားလက်နက်များထုတ်လုပ်မည်ကို စိုးရိမ် နေပြီး ဂျပန်၏ အရှိန်အဟုန်မြှင့်စစ်ရေး ပြန်လည်တည်ဆောက်မှုနှင့် နျူကလီးယားလက်နက်များရရှိ ရန်ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ရုရှားဆိုင်ရာ တရုတ်သံအမတ်ကြီး ဇန်းဟန်ဟွေ့ က သတိပေးခဲ့ဖူးသည်။

မူရင်းသတင်း — NP News